.
၂၀၂၆ ခုနှစ်၊ နိုဝင်ဘာလ ၁၂ ရက်
.
လူမှုကွန်ရက်တွင် UWSA ၏ ပုံရိပ်ကို
ကျဆင်းစေသည့် လိင်အသားပေးဗွီဒီယို ဖြန့်ဝေသူများ၊ မူးယစ်ဆေးဝါးနှင့် တရားမဝင်ပစ္စည်းများ
သုံးစွဲ/ရောင်းဝယ်မှုကို ရိုက်ကူးတင်ဆက်သူများ၊ ဖြန့်ဝေသူများ၊ သတင်းအမှား ဖြန့်ဝေသူများ
ကို ဖမ်းဆီးအရေးယူသွားမည်ဖြစ်သည်ဟု “ဝ” တပ် UWSA က ထုတ်ပြန်ကြေညာထားသည်။
.
.လူမှုကွန်ရက်စာမျက်နှာ (TikTok၊ Facebook၊ We Chat) တွင် သတင်းအမှား
ဖြန့်ဝေသူများ၊ တရားမဝင် ဗွီဒီယို ရိုက်ကူးတင်ဆက်သူများကို အရေးယူသွားမည်ဖြစ်ကြောင်း
“ဝ” ပြည်နယ် တရားရေးဌာနက ထုတ်ပြန်ထားခြင်း ဖြစ်သည်ဟု “ဝ” ဒေသတွင်းသတင်းများတွင် ဖော်ပြထားသည်။
.
UWSA အမှတ်တံဆိပ်ပါ ဝတ်စုံဖြင့် လိင်အသားပေး ဖော်ပြထားသည့်
ရုပ်သံဗွီဒီယို တစ်ခု လူမှုကွန်ရက်တွင် ပြန့်နှံ့ လာခဲ့ပြီးနောက် ယင်းကဲ့သို့ ထုတ်ပြန်လာခြင်းဖြစ်ကြောင်း
သိရသည်။
.
“ဝ” ပြည်နယ် ဗဟိုကော်မတီ၏ ခွင့်ပြုချက်ဖြင့် အင်တာနက်ပေါ်တွင်
စည်းကမ်းဖောက်ဖျက်မှုများကို စစ်ဆေးမည့် တပ်ဖွဲ့အသစ်ကို ဖွဲ့စည်းလိုက်ကြောင်း UWSP
သတင်းတွင် ဖော်ပြထားသည်။
.
အဆိုပါအဖွဲ့မှ ပုဂ္ဂိုလ်ရေးတိုက်ခိုက်မှု၊ သတင်းအမှားနှင့်
ကောလာဟလသတင်းများ ဖြန့်ဝေမှု၊ မူးယစ်ဆေးဝါးနှင့် တရားမဝင်ပစ္စည်းများ အွန်လိုင်းပေါ်တင်
ရောင်းချမှုများကို တင်းကြပ်စွာ အရေးယူသွားမည်ဖြစ်ကြောင်း သိရသည်။
.
လက်ရှိတွင် စည်းကမ်းဖောက်ဖျက်သည့် ဗီဒီယိုဖိုင်
၁၀၀ ကျော်ကိုဖျက်ဆီးနိုင်ခဲ့ပြီး သက်ဆိုင်သူများကို သတိပေးတားမြစ်ခြင်း၊
ဒဏ်ငွေရိုက်ခြင်းနှင့် ဖမ်းဆီးခြင်းများ ပြုလုပ်လျက်ရှိကြောင်း သတင်းများတွင် ဖော်ပြထားသည်။
.
.jpg)
No comments:
Post a Comment