.
၂၀၂၆ ခုနှစ်၊ နိုဝင်ဘာလ ၂၃ ရက်
.
ဘယ်လ်ဂျီယံနိုင်ငံမှာ အစိုးရရဲ့
အသုံးစရိတ်လျှော့ချရေးအစီအစဉ်တွေကို ဆန့်ကျင်တဲ့ အမျိုးသား အဆင့် သပိတ်မှာ
လေကြောင်းထိန်းချုပ်ရေးဝန်ထမ်းတွေ ပါဝင်မယ့်အတွက် တနင်္လာနေ့မှာ လေယာဉ်ခရီးစဉ်
အများစု ဖျက်သိမ်း ရမယ်လို့ သိရပါတယ်။
.
.ဘယ်လ်ဂျီယံနိုင်ငံရဲ့ လေကြောင်းထိန်းချုပ်ရေးကို
တာဝန်ယူထားတဲ့ ကုမ္ပဏီ Skeyes က တနင်္လာနေ့ မနက် ၇ နာရီကနေ ည
၉ နာရီအထိ နိုင်ငံတစ်ဝန်း လေဆိပ်တွေနဲ့ လေပိုင်နက်အတွင်း ပုံမှန် လေကြောင်း
ထိန်းချုပ်ရေး ဝန်ဆောင်မှုတွေ ပေးနိုင်မှာမဟုတ်ဘူးလို့ ပြောပါတယ်။
.
အဲဒီအချိန်အတွင်း ဝန်ထမ်းအင်အား
မလုံလောက်တာကြောင့် ပုံမှန်လေကြောင်းခရီးစဉ်တွေကို ဘေးကင်းစွာ
ထိန်းချုပ်ပေးနိုင်မှာ မဟုတ်တဲ့အတွက် ဝန်ဆောင်မှုတွေကို ယာယီရပ်နားရတာလို့ Skeyes
က ထုတ်ပြန်ထားပါတယ်။
.
အရေးပေါ်အခြေအနေတွေနဲ့ လေကြောင်းဘေးကင်းရေးအတွက်
မဖြစ်မနေလိုအပ်တဲ့ ခရီးစဉ်တွေ ကိုတော့ ဆက်လက်လုပ်ဆောင်ခွင့်ပြုမယ်လို့ သိရပါတယ်။
.
ဥရောပရဲ့ အဓိက စရိတ်သက်သာလေကြောင်းလိုင်း Ryanair
ရဲ့ အဓိကအချက်အချာတစ်ခုဖြစ်တဲ့ Brussels-Charleroi လေဆိပ်ကတော့ သပိတ်ကြောင့် နိုင်ငံတစ်ဝန်းက လေဆိပ်အားလုံး တစ်ရက်လုံး
ပိတ်သွားမယ့် အခြေအနေဖြစ်ပြီး ခရီးသည်ထောင်ပေါင်းများစွာ ထိခိုက်မယ်လို့
ပြောပါတယ်။ လေကြောင်းထိန်းချုပ်မှုမရှိရင် လေယာဉ်တွေ ဆင်းသက်တာ၊ ပျံတက်တာ
လုပ်လို့မရဘူးလို့လည်း လေဆိပ်ဘက်က ပြောပါတယ်။
.
Brussels လေဆိပ်ကလည်း ထွက်ခွာမယ့်နဲ့
ဆိုက်ရောက်မယ့် လေယာဉ်ခရီးစဉ် အများစုကို ဖျက်သိမ်းရမယ်လို့ ပြောပါတယ်။
.
ဘယ်လ်ဂျီယံ အလုပ်သမားသမဂ္ဂတွေက အစိုးရရဲ့
အသုံးစရိတ်လျှော့ချရေးနဲ့ ပြုပြင်ပြောင်းလဲရေး အစီအစဉ်တွေကို ဆန့်ကျင်တဲ့အနေနဲ့
တနင်္လာနေ့မှာ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ဆန္ဒပြသပိတ် ပြုလုပ်ဖို့
တောင်းဆိုထားပါတယ်။
.
ဘယ်လ်ဂျီယံနိုင်ငံမှာ လေကြောင်းလိုင်း ၂၅
ခုခန့်ကို ကိုယ်စားပြုတဲ့ Board of Airline Representatives က
ဒီသပိတ်ဟာ ၁၁ လအတွင်း ဘယ်လ်ဂျီယံလေပိုင်နက်ကို ထိခိုက်စေတဲ့ ၁၁ ကြိမ်မြောက်
သပိတ်ဖြစ်လာမယ်လို့ ပြောပါတယ်။
.
အလုပ်သမားသမဂ္ဂတွေဟာ တနင်္လာနေ့မှာ
ဘရပ်ဆဲလ်မြို့မှာ လူအများအပြားပါဝင်တဲ့ ဆန္ဒပြပွဲကြီး လည်း ပြုလုပ်ဖို့
စီစဉ်ထားပါတယ်။ အများပြည်သူသုံး သယ်ယူပို့ဆောင်ရေးလုပ်ငန်း တွေမှာလည်း အကြီးအကျယ်
အနှောင့်အယှက်ဖြစ်နိုင်ပြီး ကျောင်းတွေ၊ အစိုးရရုံးတွေနဲ့ အမှိုက်သိမ်းဝန်ဆောင်မှု
တွေပါ ထိခိုက်နိုင်တယ်လို့ သိရပါတယ်။
.
ဘယ်လ်ဂျီယံဝန်ကြီးချုပ် Bart De Wever က နိုင်ငံရဲ့ ဘတ်ဂျက်လိုငွေ မြင့်မားနေတာကို လျှော့ချဖို့ လာမယ့်နှစ် အနည်းငယ်အတွင်း
ယူရို ၁၀ ဘီလီယံ (ဒေါ်လာ ၁၁ ဘီလီယံ) ချွေတာနိုင်မယ့် ဘတ်ဂျက်အစီအစဉ်ကို အစိုးရ မဟာမိတ်ပါတီတွေနဲ့
အချိန်ကြာမြင့်စွာ ဆွေးနွေးနေပါတယ်။
.
နိုဝင်ဘာလအစောပိုင်းမှာလည်း မဟာမိတ်ပါတီတွေကြား
သဘောတူညီမှု မရတာကြောင့် De Wever က ဝန်ကြီးချုပ် ရာထူးကနေ
နုတ်ထွက်မယ်လို့ ကမ်းလှမ်းခဲ့ပေမယ့် ဘယ်လ်ဂျီယံဘုရင် Philippe က နုတ်ထွက်ခွင့်ကို ပယ်ချပြီး အဖြေရှာဖို့ ဝန်ကြီးချုပ်ကို
အချိန်ထပ်ပေးခဲ့ပါတယ်။
.
Ref – Aljazeera
.

No comments:
Post a Comment