.
၂၀၂၆ ခုနှစ်၊ နိုဝင်ဘာလ ၁၈ ရက်
.
တောင်ကြီးမြို့၊ အဝေရာမီးပုံးပျံကွင်းအတွင်း ရာသီဥတု
ပြန်လည်ကောင်းမွန်လာပြီဖြစ်သဖြင့် မီးပုံးပျံများ လွှတ်တင် နိုင်ပြီဖြစ်ကြောင်း ဒိုင်အဖွဲ့က
ကြေညာခဲ့သည်ဟု သိရသည်။
.
.ယနေ့ နိုဝင်ဘာ ၁၈ ရက်၊ နေ့လယ်ပိုင်းမှ စတင်၍ အဝေရာမီးပုံးပျံကွင်းအတွင်း
မိုးရွာသွန်းနေခြင်းဖြစ်ပြီး လက်ရှိ ည ၇ နာရီကျော်ခန့်တွင် ရာသီဥတု ပြန်လည်ကောင်းမွန်လာသဖြင့်
မီးပုံးပျံများ လွှတ်တင်ရန် ဒိုင်အဖွဲ့က အသိပေးကြေညာ ခြင်းဖြစ်ကြောင်း သိရသည်။
.
တောင်ကြီးတန်ဆောင်တိုင်ပွဲတော် ရိုးရာမီးပုံးပျံပြိုင်ပွဲ
တတိယနေ့ဖြစ်သော ယနေ့ နိုဝင်ဘာ ၁၈ ရက်၊ ညပိုင်းတွင် ညမီးကြီးနှင့် စိန်နားပန် မီးပုံးပျံ
၁၀ လုံး လွှတ်တင်ယှဉ်ပြိုင်သွားရန် ရှိနေကြောင်း သိရသည်။
.

No comments:
Post a Comment