.
၂၀၂၆ ခုနှစ်၊ နိုဝင်ဘာလ ၂၈ ရက်
.
တရုတ်နိုင်ငံ တောင်ပိုင်း ဂွမ်ဒေါင်းပြည်နယ်က
အမျိုးသမီးတစ်ဦးဟာ ညလုံးပေါက် အွန်လိုင်း ဂိမ်းဆော့နေတဲ့ ခင်ပွန်းကို
အိပ်ရာဝင်စေဖို့ ဂိမ်းကစားသူတွေကို ဂိမ်းထဲမှာ ထပ်ခါထပ်ခါ -တ်ပေး
ဖို့ တောင်းဆိုခဲ့ပါတယ်။ ဂိမ်းကစားသူအများအပြားက သူ့ခင်ပွန်းကို လိုက်လံရှာဖွေပြီး
သတ်ခဲ့တာကြောင့် သူမရဲ့အစီအစဉ်လည်း အောင်မြင် ခဲ့ပါတယ်။
.
.ချန်လို့အမည်ရတဲ့ အမျိုးသမီးက နိုဝင်ဘာ ၁၄
ရက်မှာ ခင်ပွန်းဖြစ်သူ လီ ဂိမ်းဆော့နေတဲ့ ဗီဒီယိုကို တင်ခဲ့ပြီး ည ၁ နာရီ လောက်မှာ
သူ့ကို -တ်ပေး ဖို့ တခြားကစားသမားတွေကို တောင်းဆိုခဲ့တာပါ။ အဲဒီလိုလုပ်ရင်
ခင်ပွန်းက သူမနဲ့ အတူ အိပ်ရာဝင်လာမယ်လို့ ပြောပါတယ်။
.
လီဟာ အဲဒီမတိုင်ခင် သုံးညဆက်တိုက် မနက် ၃ နာရီ၊
၄ နာရီအထိ ဂိမ်းဆော့ခဲ့တာကြောင့် သူမအိပ်ရေးပျက်ခဲ့တယ် လို့ ချန်က ပြောပါတယ်။
.
အစပိုင်းမှာတော့ အွန်လိုင်းအသုံးပြုသူအများစုက
ချန်ရဲ့တောင်းဆိုချက်ကို ဟာသလုပ်တာလို့ ထင်ခဲ့ကြပါတယ်။ ဒါပေမဲ့ ဗီဒီယိုထဲမှာ လီက
“သူတို့ငါ့ကို ရှာတွေ့မှာ မဟုတ်ဘူး” လို့ ယုံကြည်ချက်အပြည့်နဲ့ ပြောခဲ့တာကြောင့်
ကစားသမားတွေက တကယ်ပဲ သူ့ကို လိုက်ရှာဖို့ ဆုံးဖြတ်ခဲ့ကြပါတယ်။
.
ချန်တင်တဲ့ဗီဒီယိုမှာ လီရဲ့ဂိမ်းအကောင့်အမည် “tiantiankaixin”၊ သူ့ရဲ့နေရာနဲ့ ဇာတ်ကောင်ကိုပါ တွေ့ရတာကြောင့် နောက်ရက်တွေမှာ
ကစားသမားအများအပြားက အဲဒီအကောင့်ကို လိုက်ရှာပြီး -တ်ခဲ့ကြပါတယ်။
.
တစ်ကြိမ်မှာတော့ သုံးနာရီအတွင်း လီဟာ
အကြိမ်ကြိမ် အသတ်ခံခဲ့ရပြီး သေဆုံးတဲ့နေရာကို ပြန်သွားကာ ဇာတ်ကောင်ကို
ပြန်အသက်သွင်းရတဲ့ “corpse run” ကိုလည်း အကြိမ်ကြိမ်
လုပ်ခဲ့ရပါတယ်။
.
ချန်ရဲ့တောင်းဆိုချက်တင်ပြီး ဒုတိယညမှာတော့ လီက
ည ၁၂ နာရီမတိုင်ခင် အိပ်ရာဝင်ခဲ့ပြီး တစ်နှစ်အတွင်း အစောဆုံး
အိပ်ရာဝင်တာဖြစ်တယ်လို့ ချန်က ပြောပါတယ်။
.
ဒါပေမဲ့ “tiantiankaixin” ဆိုတဲ့အမည်ကို
အသုံးပြုထားတဲ့ တခြားကစားသမားတွေပါ မှားယွင်းပြီး လိုက်လံတိုက်ခိုက် ခံခဲ့ရပါတယ်။
တချို့ကတော့ “tiantiankaixin” ဟာ ဂိမ်းထဲက
လျှို့ဝှက်ဇာတ်ကောင် ဒါမှမဟုတ် hidden boss တစ်ကောင်လို
ဖြစ်လာပြီလို့ ဟာသလုပ်ခဲ့ကြပါတယ်။
.
စတုတ္ထမြောက်နေ့မှာ လီက မမြင်ရတဲ့ invisible
mode ပါတဲ့ ဇာတ်ကောင်ကို ပြောင်းသုံးခဲ့ပေမဲ့ ကစားသမားတွေက
သူ့နေရာကို ဆက်လက်သတင်းပေးပြီး လိုက်လံရှာဖွေခဲ့ကြပါတယ်။ World of Warcraft
ရဲ့ တရုတ်နိုင်ငံအတွက် တရားဝင်အကောင့်ကတောင် “ခင်ပွန်းအတွက် ဇနီးက
ဆုကြေးထုတ်ထားတာ” ဆိုတဲ့အကြောင်း ဟာသဗီဒီယိုတစ်ခု တင်ခဲ့ပါတယ်။
.
လီဟာ အခုတော့ ညနက်တဲ့အထိ
အွန်လိုင်းဂိမ်းဆော့တာကို ရပ်လိုက်ပြီလို့ သိရပါတယ်။
.
ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က ၂၀၁၉ ခုနှစ်မှာ Gaming Disorder ကို
နိုင်ငံတကာရောဂါ အမျိုးအစားခွဲခြားမှု စနစ်ရဲ့ ၁၁ ကြိမ်မြောက် ပြင်ဆင်ချက်ထဲမှာ
တရားဝင်ထည့်သွင်းခဲ့ပါတယ်။ ဒါကြောင့် တရုတ်နိုင်ငံမှာလည်း ဂိမ်း စွဲလမ်းမှုနဲ့ပတ်သက်တဲ့
ပြည်သူ့ကျန်းမာရေးမူဝါဒနဲ့ ဆေးဘက်ဆိုင်ရာ လုပ်ထုံးလုပ်နည်းတွေ
ပြောင်းလဲလာခဲ့ပါတယ်။
.
ဒါပေမဲ့ လီရဲ့ဂိမ်းဆော့တဲ့အလေ့အထက Gaming
Disorder သတ်မှတ်ချက်နဲ့ ကိုက်ညီတဲ့အထိ ပြင်းထန်ပုံမရပါဘူး။
ဆရာဝန်တွေကတော့ ညနက်တဲ့အထိ အိပ်မပျော်တာဟာ အိပ်စက်မှုပြဿနာနဲ့ မှတ်ဉာဏ်ကျဆင်းတာတွေ
ဖြစ်စေ နိုင်သလို ပိုမိုပြင်းထန်လာရင် နှလုံးနဲ့ ဦးနှောက်သွေးကြောဆိုင်ရာ ရောဂါတွေ
ဖြစ်နိုင်တယ်လို့ သတိပေးထားပါတယ်။
.
Ref – South China Morning Post
.

No comments:
Post a Comment