.
၂၀၂၆ ခုနှစ်၊ မေလ ၂၂ ရက်
.
ထိုင်းနိုင်ငံ၊ ပတ္တရားမှာ ကြာသပတေးနေ့ညပိုင်းက
အထပ်မြင့်ဟိုတယ်တစ်လုံး မီးလောင်မှု ဖြစ်ပွားခဲ့ပြီး လူ ၄ ဦီး
ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။ ရဲတပ်ဖွဲ့ရဲ့ ကနဦး စစ်ဆေးမှုတွေမှာတော့ ဝါယာရှော့ခ်ကနေတစ်ဆင့်
မီးစတင် လောင်ကျွမ်းခဲ့တာလို့ သိရပါတယ်။
.
.မီးလောင်မှုက ဘန်လာမွန်ခရိုင်၊ ပတ္တရား ၃
လမ်းမှာရှိတဲ့ AJ Plus ဟိုတယ်မှာ ဖြစ်ပွားခဲ့တာြဖစ်ပြီး
ဟိုတယ်ခေါင်မိုးထပ်မှာ လောင်ကျွမ်းမှု စတင်ခဲ့တာပါ။ မီးလောင်ကျွမ်းမှု
ဖြစ်ပွားချိန်မှာ ဟိုတယ်မှာရှိတဲ့ အခန်း ၁၇၃ ခန်းအနက် အခန်း ၁၂၀ လောက်မှာ
တည်းခိုသူတွေရှိနေကြပြီး ဧည့်သည် ၂၄၀ လောက် တည်းခိုနေကြတာပါ။
.
ခေါင်မိုးပေါ်ကတစ်ဆင့် ပျံ့နှံ့လာတဲ့မီးခိုးတွေက
၇ ထပ်မှာ တည်းခိုနေသူတွေဆီ ရောက်လာခဲ့တာကြောင့် အရေးပေါ်ထွက်ပြေး
တိမ်းရှောင်ခဲ့ကြရပါတယ်။
.
ည ၁၀ နာရီ ၄၈ မိနစ်မှာ မီးငြိမ်းသတ်နိုင်ခဲ့ပြီး
အခန်းတွေထဲမှာ ပိတ်မိနေသူတွေမကျန်ခဲ့တဲ့အကြောင်း အတည်ပြုနိုင်ခဲ့တာပါ။
.
အာဏာပိုင်တွေရဲ့ပြောဆိုမှုအရ လူ ၄ ဦးကို
ထိခိုက်ဒဏ်ရာတွေအတွက် ဆေးကုသပေးခဲ့ရပြီး ထိုင်း အမျိုးသမီး ၂ ဦး၊
အင်ဒိုနီးရှားကလေးတစ်ဦီးက မီးခိုးရှူမိလို့ ထိခိုက်ခဲ့ရပြီး မီးတွေကြားကနေ
ထွက်ပြေးဖို့ ကြိုးစားတဲ့ ထိုင်းအမျိုးသားတစ်ဦးက
မီးလောင်ဒဏ်ရာအနည်းငယ်ရရှိသွားခဲ့တယ်လို့ သိရပါတယ်။
.
လက်ရှိမှာတော့ ဟိုတယ်ကို ယာယီပိတ်ထားရပြီး
စုံစမ်းမှုတွေကို ဆက်လက်ပြုလုပ်နေဆဲဖြစ်ပါတယ်။
.

No comments:
Post a Comment