၂၀၂၁-၂၀၂၂ ပညာသင်နှစ်မှစ၍ အကြောင်းအမျိုးမျိုးကြောင့် ကျောင်းပြင်ပသို့ ရောက်ရှိနေသော မူလတန်း နှင့် အလယ်တန်းအဆင့် ကျောင်းနေအရွယ် ကလေးငယ်များအား အသက်အရွယ်အရ သတ်မှတ် ထားသည့် အတန်းများသို့ ဝင်ရောက်ပညာသင်ယူနိုင်ရေးအတွက် အထူးအစီအစဉ် အနေဖြင့် Placement Test ဖြေဆိုခွင့် ပြုသွားမည်ဖြစ်ကြောင်း သိရသည်။
.အဆိုပါ Placement Test ဖြေဆိုခြင်းကို ဇွန်လ ၁၅ ရက်မှ ၂၀ ရက်အတွင်း ဆောင်ရွက်သွားမည်ဖြစ်ပြီး ဖြေဆိုရန် စည်းကမ်းချက်နှင့် ကိုက်ညီသော ကျောင်းသား/ကျောင်းသူများ အနေဖြင့် မြို့နယ်ပညာရေးမှူးရုံး များသို့ မေလ ၂၂ ရက်မှ ဇွန်လ ၅ ရက်အတွင်း လာရောက်လျှောက်ထားနိုင်ကြောင်း အခြေခံပညာဦးစီးဌာန က အသိပေး အကြောင်းကြားထားသည်။
.
ဖြေဆိုလိုသော ကျောင်းသား/သူသည် အခြေခံပညာကျောင်း သို့မဟုတ် ကိုယ်ပိုင်ကျောင်း သို့မဟုတ် ဘုန်းတော်ကြီးသင် ပညာရေးကျောင်းမျးတွင် ပညာသင်ယူခဲ့ဖူးသူ ဖြစ်ရမည်ဖြစ်ပြီး မိမိ နောက်ဆုံး တက်ရောက်ခဲ့သည့်ကျောင်းမှ နောက်ဆုံးအောင်မြင်ခဲ့သည့် အတန်းအတွက် ကျောင်းထောက်ခံချက် မူရင်း သို့မဟုတ် မိတ္တူကို ပူးတွဲတင်ပြရမည်ဖြစ်ကာ တင်ပြနိုင်ခြင်းမရှိပါက အရေးပေါ် အခြေအနေကြေညာ ထားသော မြို့နယ်အတွင်းရှိ ကျောင်းတွင် တက်ရောက်ခဲ့သည့် ကျောင်းသားဖြစ်ကြောင်း အထောက်အထား ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူး၏ ထောက်ခံချက် ပူးတွဲ တင်ပြရမည်ဖြစ်ကြောင်း သိရသည်။
.
ထို့အပြင် လျှောက်ထားသူသည် မိမိအသက်အရွယ်အရ တက်ရောက်သင်ယူရမည့်အတန်း၏ တစ်ဆင့်နိမ့် အတန်း Placement Test ကို ဖြေဆိုရမည်ကာ တစ်ဆင့်နိမ့်အတန်းကို တက်ရောက်လိုပါက ယင်းအတန်း၏ တစ်ဆင့်နိမ့် အတန်းကို ဖြေဆိုရမည်ဖြစ်ကြောင်း သိရသည်။
.
အကယ်၍ Placement ကို ကျရှုံးပါက ဖြေဆိုသည့်အတန်းကိုသာ တက်ရောက်ပညာသင်ယူရမည်ဖြစ်ပြီး ဖြေဆိုလိုသောအတန်းနှင့် မွေးသက္ကရာဇ်အရ အသက်ကိုက်ညီမှုရှိရမည်ဖြစ်ကြောင်း သိရသည်။
.
မွေးသက္ကရာဇ်အတွက် မွေးစာရင်း သို့မဟုတ် အသက်ထောက်ခံချက် (အိမ်ထောင်စုမူရင်း) တင်ပြရမည် ဖြစ်ပြီး တင်ပြနိုင်ခြင်းမရှိပါက ကျောင်းသား၏ နိုင်ငံသားစိစစ်ရေးကတ်ပြား သို့မဟုတ် သက်ဆိုင်ရာ မြို့နယ် ကျန်းမာရေးဌာန၏ အသက်ဖော်ပြထားသော ကျန်းမာကြောင်း ဆေးထောက်ခံချက် ပူးတွဲတင်ပြရမည် ဖြစ်ကြောင်း သိရသည်။
.
Placement Test ဖြေဆိုခွင့်လျှောက်လွှာများကို မြို့နယ်ပညာရေးမှူးရုံးများတွင် မေလ ၂၂ ရက်မှ စတင်၍ ပိတ်ရက်မရှိ အခမဲ့ ထုတ်ယူနိုင်ပြီး ဇွန်လ ၅ ရက် ရုံးချိန်အတွင် နောက်ဆုံးထား၍ မြို့နယ်ပညာရေးမှူးရုံးသို့ ပြန်လည်တင်သွင်း လျှောက်ထားရမည်ဖြစ်ကြောင်း သိရသည်။
.
လျှောက်ထားသူသည် အတန်းတက်ရောက်ခွင့်ရရှိပါက ၂၀၂၆-၂၀၂၇ ပညာသင်နှစ်တွင် အခြေခံပညာ ကျောင်းများ၌သာ တက်ရောက်ပညာသင်ယူရမည်ဖြစ်ကြောင်း အခြေခံပညာဦးစီးဌာနက ထုတ်ပြန်ထားသည်။
.
#KBZTai #Shan #Taunggyi #Education
.

No comments:
Post a Comment