ဆီဆိုင်မြို့နယ်တွင် မိုးကြိုးစက်ကွင်း ထိမှန်ပြီး နွားကောင်ရေ ၅၀ ခန့် သေဆုံး - Kanbawza Tai News

Kanbawza Tai News

www.kbztainews.com

Breaking

Thursday, May 21, 2026

ဆီဆိုင်မြို့နယ်တွင် မိုးကြိုးစက်ကွင်း ထိမှန်ပြီး နွားကောင်ရေ ၅၀ ခန့် သေဆုံး

.

၂၀၂၆ ခုနှစ်၊ မေလ ၂၁ ရက်

.

ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်တွင် ယနေ့ မေလ ၂၁ ရက်၊ ညနေပိုင်းက မိုးကြိုးစက်ကွင်း ထိမှန်ပြီး နွားကောင်ရေ ၅၀ ခန့် သေဆုံးမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

.


.

ဆီဆိုင်မြို့နယ်၊ လွယ်ပွတ်အုပ်စု၊ ကောင်ဝါးတောင်ကျေးရွာနှင့် ၂ မိုင်ခန့် အကွာတွင် ယနေ့ မေလ ၂၁ ရက်၊ ညနေ ၂ နာရီခွဲခန့်က လွှတ်ကျောင်းထားသည့် နွားကောင်ရေ ၂၀၀ ဝန်းကျင်အနက် အကောင် ၅၀ ခန့် မိုးကြိုးစက်ကွင်း ထိမှန်သေဆုံးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

.

အဲဒီ သေတဲ့နွား အကောင် ၅၀ လောက်က တစ်ဦးတည်းပိုင်မဟုတ်ဘူး။ ရွာသားတွေပိုင်တာပါ။ လွှတ်ကျောင်းထားတဲ့အချိန် ဖြစ်တာပါ။ နွားကျောင်းတဲ့လူတော့ မိုးရွာတော့ တဲထဲသွားနားခိုနေလို့ အသက် ဘေးလွတ်ကင်းပါတယ်” ဟု ကောင်ဝါးတောင်ကျေးရွာနေ ဒေသခံတစ်ဦးက ပြောသည်။

.

တိုင်းဒေသကြီးနှင့် ပြည်နယ်အများစုတွင် မိုးတိမ်တောင်များ ဖြစ်ထွန်းနေပြီး ယင်းမိုးတိမ်တောင်များ ရွေ့လျားရာ နေရာတစ်လျှောက်တွင်  မိုးရွာသွန်းခြင်းနှင့်အတူ လေပြင်းတိုက်ခတ်ခြင်း၊ မိုးထစ်ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်းနှင့် မိုးသီးကြွေခြင်းစသည့် မိုးလေဝသဖြစ်စဉ်များ ဖြစ်ပေါ်နိုင်ပါသဖြင့် ကြိုတင်သတိပြုနိုင်ရန် မိုးလေဝသနှင့် ဇလဗေဒဦးစီးဌာနက သတိပေး ထုတ်ပြန်ထားသည်။

.

No comments:

Post a Comment

Pages