ချားလ်ဘုရင် သေသွားပြီလို့ မှားယွင်းကြေညာခဲ့တဲ့ ဗြိတိန်ရေဒီယို ပြန်လည်တောင်းပန်ခဲ့ရ - Kanbawza Tai News

Kanbawza Tai News

www.kbztainews.com

Breaking

Friday, May 22, 2026

ချားလ်ဘုရင် သေသွားပြီလို့ မှားယွင်းကြေညာခဲ့တဲ့ ဗြိတိန်ရေဒီယို ပြန်လည်တောင်းပန်ခဲ့ရ

.

၂၀၂၆ ခုနှစ်၊ မေလ ၂၂ ရက်

.

ဗြိတိန်ရဲ့ချားလ်ဘုရင် သေဆုံးသွားပြီဆိုတဲ့အကြောင်း မှားယွင်းထုတ်လွှင့်ခဲ့မိတာကြောင့် ဗြိတိန်ရေဒီယို တစ်ခုဖြစ်တဲ့ ရေဒီယိုကာရိုလိုင်းက ပြန်လည်တောင်းပန်ခဲ့ရပါတယ်။

.

.

ဗြိတိန်နိုင်ငံတွင်း ရေဒီယိုတွေမှာ ဘုရင်၊ ဘုရင်မ ကွယ်လွန်ချိန်မှာ ဖွင့်လှစ်နိုင်ဖို့ အဆင်သင့်ကြေညာချက်တွေ ထားရှိရပြီး ရေဒီယိုကာရိုလိုင်းက အဲဒီကြေညာချက်ကို ထုတ်လွှင့်မိသွားခဲ့တာပါ။

.

ရေဒီယိုဌာနရဲ့ မန်နေဂျာဖြစ်တဲ့ ပီတာမိုးရ် ကတော့ “ကျွန်တော်တို့ရဲ့ စတူဒီယိုမှာ ကွန်ပျူတာ ချို့ယွင်းမှု တစ်ခုကြောင့် ဘုရင်မင်းမြတ်ကွယ်လွန်သွားပြီ ဆိုတဲ့အကြောင်းကို မှားယွင်းကြေညာခဲ့မိပါတယ်။ အချိန် ခဏလေးအတွင်းမှာပဲ သတိထားမိခဲ့ပြီး ထုတ်လွှင့်မှုကို ရပ်တန့်ခဲ့ပေမဲ့ ဖြစ်ပေါ်ခဲ့ရတဲ့ စိတ်အနှောင့်အယှက် တွေအတွက် ဘုရင်မင်းမြတ်နဲ့ နားဆင်သူတွေအပေါ် ကျွန်တော်တို့ အလေးအနက် တောင်းပန်ပါတယ်” လို့ ဆိုပါတယ်။

.

၁၉၆၄ ခုနှစ်မှာ တည်ထောင်ခဲ့တဲ့ ရေဒီယိုကာရိုလိုင်းဟာ ဗြိတိန်ရဲ့သက်တမ်းရင့် ရေဒီယိုတွေထဲမှာ တစ်ခု အပါအဝင်ဖြစ်ပြီး ဘယ်လ်ဂျီယံ၊ နယ်သာလန် အပါအဝင် နိုင်ငံအနှံ့မှာ အသံလွှင့်နေတာပါ။

.

ရေဒီယို ကာရိုလိုင်းရဲ့ မှားယွင်းကြေညာမိတဲ့နေ့မှာ ချားလ်ဘုရင်နဲ့ ဘုရင်မ ကာမီလာ တို့က ဘဲလ်ဖတ်မြို့မှာ ရှိနေခဲ့ကြတာပါ။ အသက် ၇၇ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ဘုရင်ကြီးနဲ့ သူ့ရဲ့ကြင်ယာတော်ဟာ သွမ်ဆင် ဆိပ်ကမ်း မှာ ပြုလုပ်နေတဲ့ ယာဉ်ကျေးမှုအခမ်းအနားတစ်ခုကို တက်ရောက်နေခဲ့တာ ဖြစ်တဲ့အကြောင်း ဘက်ကင်ဟမ် နန်းတော်က ထုတ်ပြန်ထားပါတယ်။

.

No comments:

Post a Comment

Pages