ထိုင်းနိုင်ငံ၊
ဘန်ကောက်မြို့ လုမ္ပဏီအားကစားရုံမှာ ဒီနေ့ မေလ ၂၂ ရက် ညပိုင်းက ကျင်းပတဲ့ ONE
Inner Circle ပွဲစဉ်မှာ ကယန်းကျားသစ်မယ်
မြန်မာဖိုက်တာ ဘရော်နီကာ က ဂျပန်ဖိုက်တာ ကာနာကို ဒိုင် အမှတ်နဲ့ အနိုင် ရသွားပါတယ်။
.
၃
ချီ ထိုး သတ်ခဲ့ရာမှာ ဒုတိယအချီမှာ ဘရော်နီကာက ထိုးချက်၊ ကန်ချက်တွေ ပို အားပြုသုံးကာ အသာစီး ယူနိုင်ခဲ့တယ်လို့
ဆိုပါတယ်။ ပွဲကြည့် ပရိသတ် တစ်ဦးကမူ “နိုင်ပွဲ ဆက်နေပြီး
စတမ့် ကိုတောင် အနိုင် ယူထားတဲ့ ကာနာ လို ဂျပန်ဖိုက်တာကို နိုင်လိုက်တာဟာ ခါးပတ်လုပွဲ ပိုမို နီးစပ်သွားစေပါတယ်။” လို့ ဆိုပါတယ်။
.
ကျားသစ်မယ်
နဲ့ ယှဉ်ပြိုင် ထိုးသတ်ခဲ့တဲ့ ဂျပန်ဖိုက်တာ ကာနာဟာ
အမျိုးသမီး ကစ်ဘောက်ဆင် ကစားသမားတွေထဲမှာ ထိပ်တန်းအဆင့် ရှိသူ အဖြစ် သတ်မှတ်ခံထားရသူ
ဖြစ်ပါတယ်။ ဘရော်နီကာ ဟာ အခုပွဲမှာ အနိုင် ရခဲ့ပြီဖြစ်လို့ ချန်ပီယံ ခါးပတ်လုခွင့်
ရဖို့ သေချာသလောက် ရှိနေပါပြီ။
.
Photo – One Championship Thailand
No comments:
Post a Comment