တောင်ကြီးတွင် လူငယ် တစ်ဦး ပျောက်နေ - Kanbawza Tai News

Kanbawza Tai News

www.kbztainews.com

Breaking

Tuesday, May 26, 2026

တောင်ကြီးတွင် လူငယ် တစ်ဦး ပျောက်နေ


ရှမ်းပြည်နယ် မြို့တော်၊ တောင်ကြီး၌ ပြီးခဲ့သည့် မေလ ၂၄ ရက်က အသက် ၂၇ နှစ်အရွယ် လူငယ် အမျိုးသားတစ်ဦး မိသားစုနှင့် အဆက်အသွယ် မရဘဲ ပျောက်နေကြောင်း သိရသည်။

.

အဆိုပါ လူငယ်မှာ မင်္ဂလာဦးရပ်ကွက်၊ ဇောတိကလမ်းသွယ်တွင် နေထိုင်သူ ခွန်ဖြိုး ဖြစ်ပြီး နေအိမ်မှ အပြင်သို့ သွားရာက တဆင့် အဆက်အသွယ်လုပ်၍ မရတော့ဘဲ ပျောက်ဆုံးနေခဲ့ခြင်း ဖြစ်သည်။

.

မေလ ၂၄ ရက်နေ့၊ ညနေ ၄ နာရီလောက်မှာ အေးစေတီကျောင်းနားကို ကယ်ရီစီး သွားပြီး အဲဒီမှာ ဆင်းသွားတယ် ပြောတယ်။ ဖုန်း ၂ လုံး ပါသွားတာ။ တစ်လုံးက ခေါ်လို့ ရသေးတယ်။ တစ်လုံးကတော့ စက် ပိတ်နေတယ်။ ညနေ ၅ နာရီလောက်အထိ ဖုန်းခေါ်လို့ ရနေသေးပေမယ့် အဲဒီနောက်ပိုင်းကျတော့ မကိုင်တော့ဘူး။ ည ၁၁ နာရီလောက်လည်း ကျရော ဖုန်း ၂ လုံး စလုံး စက်ပိတ်သွားပြီး ခေါ်လို့ မရတော့ဘူး။ အဲဒီကတည်းက အဆက်အသွယ်ပြတ်နေတာ ဒီနေ့ထိပဲ” ဟု မိသားစုဝင် တစ်ဦးက ပြောသည်။

.

လက်ရှိတွင် မိသားစုဝင်များမှ လူမှုကွန်ရက်အား အသုံးပြု၍ အပြင် ၎င်းသွားလာတတ်သည့် နေရာများသို့ သွားရောက် ရှာဖွေနေဆဲ ဖြစ်ကာ ယနေ့ ညနေပိုင်းထိ မတွေ့ရှိပါက ရဲစခန်းတွင် လူပျောက် တိုင်ကြားသွားမည် ဖြစ်သည်ဟုလည်း ဆိုသည်။

.

#KBZTai #Shan #Taunggyi  #News


သတင်း ဖြည့်စွက်ချက်
.
ပျောက်နေသည့် လူငယ်အား ယခု မေလ ၂၆ ရက်၊ နေ့လယ်တွင် ပြန်လည် တွေ့ရှိပြီ ဖြစ်ကြောင်းနှင့် ကူညီ ရှာဖွေပေးမှုအား ကျေးဇူးတင်ကြောင်း မိသားစုဝင် တစ်ဦးက ပြောဆိုခဲ့သည်။
.
အယ်ဒီတာ

No comments:

Post a Comment

Pages