ဗြောင်ဝူဆော့နဲ့ ပတ်သက်ပြီး ပရိသတ် အများစု မသိသေးတဲ့ အချက် ၇ ချက် - Kanbawza Tai News

Kanbawza Tai News

www.kbztainews.com

Breaking

Wednesday, May 20, 2026

ဗြောင်ဝူဆော့နဲ့ ပတ်သက်ပြီး ပရိသတ် အများစု မသိသေးတဲ့ အချက် ၇ ချက်


တောင်ကိုရီးယားရဲ့ နာမည်ကျော် သရုပ်ဆောင် တစ်ယောက်ဖြစ်တဲ့ ဗြောင်ဝူဆော့ ကိုတော့ အားလုံး သိကြမယ် ထင်ပါတယ်။ မိန်းကလေးတွေရဲ့ အသည်းစွဲ သရုပ်ဆောင်တွေထဲက တစ်ယောက် ဖြစ်တဲ့ ဝူဆော့ ဟာ ပရိသတ်တွေ မသိသေးတဲ့ လျို့ဝှက်ချက်တွေ အများကြီး ရှိသူပါ။ အဲဒီထဲက တချို့ကို ပြောပြရရင်တော့..။

.
၁။ “Lovely Runner” မတိုင်ခင် သူ ရေ မကူးတတ်ခဲ့ဘူး
“Lovely Runner” ထဲမှာ ရူဆွန်ဂျေး အဖြစ် သရုပ်ဆောင်ဖို့ ဝူဆော့ က ရေကူး သင်ခဲ့ရတာပါ။ သူက ဇာတ်ကောင်ရဲ့ ရေကူးသမား ဇာတ်ရုပ်ကို သဘာဝကျကျ သရုပ်ဆောင်ပြနိုင်ဖို့ ရိုက်ကူးရေး မတိုင်ခင် ၃ လလုံး ရေကူး လေ့ကျင့်ခဲ့ရပါတယ်။

.
၂။ သူ့ရဲ့ MBTI က INTJ ပါ
ဝူဆော့က အင်တာဗျူးတွေမှာ သူဟာ ပုံမှန်အားဖြင့် တစ်ယောက်တည်း နေတတ်သူ ဖြစ်တယ်လို့ ပြောဖူးခဲ့ပါတယ်။ ဒါ့အပြင် အရာရာကို စနစ်တကျ တွေးခေါ်တတ်သူ ဖြစ်ပြီး အသေးစိတ်ကို ဂရု စိုက်တတ်သူ ဖြစ်တာကြောင့် အင်တာဗျူးတွေမှာ မေးခွန်းတွေကို မဖြေခင် သေချာစဉ်းစားနေလေ့ ရှိပါတယ်။

.
၃။ သူ့ရဲ့နံပတ် ၁ အလုပ်ချင်ဆုံးက ကမ္ဘာပတ်ပြီး ခရီးသွားချင်တာ
Lovely Runner ဇာတ်ကားနဲ့ နာမည်ကြီး မလာခင်တုန်းက ဝူဆော့မှာ ခရီးသွားဖို့ အခွင့်အရေး သိပ်မရှိခဲ့ပါဘူး။ ဒါကြောင့် ကမ္ဘာအနှံ့ ပတ်ပြီး ခရီးတွေ သွားဖို့က သူ့ရဲ့ အကြီးမားဆုံး အိပ်မက်တွေထဲက တစ်ခု ဖြစ်လာခဲ့ပါတယ်။

.
၄။ စစ်မှုထမ်းပြီးမှ သရုပ်ဆောင် ဖြစ်ခဲ့တဲ့သူ
ကိုရီးယားသရုပ်ဆောင် တော်တော်များများက စစ်မှုထမ်းတာကို သရုပ်ဆောင် သက်တမ်း တော်တော် ကြာပြီးမှ လုပ်တတ်ကြပေမယ့် ဝူဆော့ကတော့ သရုပ်ဆောင်လောကထဲ မဝင်ခင်ကတည်းက စစ်မှုူ ထမ်းခဲ့ပြီးသား ဖြစ်ပါတယ်။ ပရိသတ်တွေအတွက်တော့ ဒါက သတင်းကောင်းပဲ ဖြစ်ပြီး သူ့ကို မြင်ကွင်းထဲက ပျောက်သွားမှာ စိုးရိမ်စရာ မရှိတော့ပါဘူး။

.
၅။ အကောင်းဆုံး မျက်နှာသစ် သရုပ်ဆောင်ဆု ရဖူးတယ်
ဝူဆော့က ၂၀၂၂ ခုနှစ် KBZ ဒရာမာ ဆုပေးပွဲမှာ အကောင်းဆုံး မျက်နှာသစ် သရုပ်ဆောင်ဆု ရခဲ့ဖူးပါတယ်။ Moonshine ဇာတ်ကားထဲမှာ Crown Prince အဖြစ် သရုပ်ဆောင်ခဲ့တာ ဖြစ်ပြီး အဲဒီ သရုပ်ဆောင်မှုကနေ ဆု ရခဲ့တာပါ။ ဒီဇာတ်ကားကနေ သူ့ကို စတင်ပြီး လူတွေ သတိထားမိလာကြတာ ဆိုရင်လည်း မမှားပါဘူး။

.
၆။ သူ့ရဲ့ ထူးဆန်းတဲ့ ဆိုရှယ်မီဒီယာ
ဝူဆော့က သူ့ရဲ့အင်တာဗျူး တစ်ခုမှာ သူ့ရဲ့ ဆိုရှယ်မီဒီယာမှာ AI နဲ့ဖန်တီးထားတဲ့ ကနေတဲ့ တိရိစ္ဆာန်တွေနဲ့ ဓားနဲ့ တိုက်ခိုက်တဲ့ ဗီဒီယ်ိုတွေပဲ အမြဲ တက်နေခဲ့တဲ့အကြောင်း ပြောပြခဲ့ဖူးပါတယ်။ ကိုရီးယား ဖျော်ဖြေရေးနဲ့ ပတ်သက်တာတွေကတော့ သူ့ဆီမှာ ပေါ်မလာတတ်တဲ့အကြောင်း ပြောခဲ့တာပါ။

.
၇။ သူက မျက်စိ မှုန်တဲ့သူ
သူနဲ့အတူ တွဲဖက်သရုပ်ဆောင်ခဲ့တဲ့ IU နဲ့ အင်တာဗျူး တစ်ခုမှာ ဝူဆော့က သူဟာ မျက်စိအမြင် အားနည်းပေမယ့် မျက်မှန် ဒါမှမဟုတ် မျက်ကပ်မှန် တပ်တာမျိုး မရှိတဲ့အကြောင်း ပြောခဲ့ပါတယ်။ ဝူဆော့ကတော့ လောကကြီးကို မှုန်ဝါးဝါးမြင်ရတာ အသားကျနေပြီ ဖြစ်တာကြောင့် သိပ်ပြီး ရှင်းရှင်းမြင်ရဖို့ မလိုဘူးလို့ ရှင်းပြခဲ့ပါတယ်။

.
#KBZTai #Shan #Korea #Entertainment

 

No comments:

Post a Comment

Pages