.
၂၀၂၆ ခုနှစ်၊ မေလ ၁၅ ရက်
.
၂၀၂၆ ခုနှစ်၊ မေလရဲ့ လူကြိုက်အများဆုံး
ရုပ်သံဇာတ်လမ်းတွဲစာရင်းတွေ ထွက်ပေါ်လာခဲ့ရာမှာတော့ မင်းသား ဗြောင်ဝူဆော့နဲ့ IU
တို့ ပါဝင်သရုပ်ဆောင်ထားတဲ့ Perfect Crown က
ထိပ်ဆုံးကနေ ရပ်တည် နေပါတယ်။
.
.ဒီလူကြိုက်အများဆုံး စာရင်းကို ပရိသတ်တွေရဲ့
ကြိုက်နှစ်သက်မှု၊ မီဒီယာတွေရဲ့ဖော်ပြမှု၊ လူမှုအသိုင်းအဝိုင်း အတွင်း
အသိအမှတ်ပြုမှုနဲ့ ကြည့်ရှုနှုန်းတွေကို ပေါင်းစပ်ပြီး အမှတ်ပေးထားတာပါ။
.
ထိပ်တန်းလူချမ်းသာ မိသားစုရဲ့ သမီးတစ်ယောက် ဖြစ်နေပေမဲ့လည်း
သာမန်အရပ်သား တစ်ယောက်လိုပဲ ခံစားနေရပြီး၊ ဘဝကို အားမလိုအားမရဖြစ်နေတဲ့ IU၊ ဘုရင်ရဲ့ဒုတိယမြောက်သားတစ်ယောက် ဖြစ်ပေမဲ့ လည်း တကယ့်လက်တွေ့မှာတော့
ဘာအဆောင်အယောင်မှမရှိဘဲ ဘဝကိုဖြတ်သန်းနေရတဲ့ ဗြောင်ဝူဆော့ တို့ရဲ့
တွေ့ဆုံမှုတွေနဲ့ အကြောင်း ရိုက်ကူးထားတဲ့ Perfect Crown က
လူကြိုက်အများဆုံး ဇာတ်လမ်းတွဲ အဖြစ် ကျော်ကြားမှုရမှတ် ၁၃ သန်းကျော် ရရှိခဲ့ပြီး
နံပတ် ၁ နေရာကနေ ဦီးဆောင်နိုင်ခဲ့ပါတယ်။
.
ဒုတိယနေရာမှာတော့ မင်းသား ပတ်ကီဝန်းနဲ့ မင်းသမီး
ဂျင်ဆီယွန်း တို့ပါဝင်ထားတဲ့ မိသားစု နှစ်စုအကြားက ရန်ညှိုးတွေ၊ အမုန်းတွေကို
ဖော်ပြထားတဲ့ ဇာတ်လမ်းတွဲ Recipe for Love က ရပ်တည်နေတာပါ။
ငယ်စဉ် က အချစ်ဦးတွေဖြစ်ခဲ့ကြပေမဲ့ မိသားစု နှစ်စုကြားက အမုန်းတွေကြောင့်
ဝေးကွာခဲ့ရတဲ့ သူတို့နှစ်ယောက်က လုပ်ငန်းခွင်တစ်ခုထဲမှာ ပြန်လည်ဆုံတွေ့ခဲ့ကြပြီး
လမ်းလွဲနေတဲ့ ဆက်ဆံရေးတစ်ခုကို ပြန်တည်ဆောက်ဖို့ ကြိုးစားတဲ့အကြောင်း
ရိုက်ကူးထားတဲ့ ဇာတ်လမ်းလည်း ဖြစ်ပါတယ်။ ဒီဇာတ်လမ်းတွဲက ကျော်ကြားမှုရမှတ် ၄ ဒသမ ၅
သန်း ရရှိခဲ့ပြီး ဒုတိယနေရာမှာ ရပ်တည်နေတာပါ။
.
တတိယနေရာမှာတော့ ပရိသတ်တွေကြား ရေပန်းစားနေတဲ့
သည်းထိတ်ရင်ဖို မှုခင်းရုပ်ရှင် The Scarecrow က
ကျော်ကြားမှုရမှတ် ၄ ဒသမ ၄ သန်းနဲ့ လိုက်ပါနေတာပါ။ ကွင်းဆက်လူသတ်မှုဟောင်းတစ်ခုကို
ပြန်လည် ဖြေရှင်းဖို့ ဖြစ်လာတဲ့ စုံထောက်တစ်ယောက်အကြောင်းကို ရိုက်ကူးထားတဲ့
ဒီဇာတ်ကားက လတ်တလော ပရိသတ်ကြည့်ရှုမှု အမြင့်ဆုံး ဇာတ်ကားတွေထဲမှာ အပါအဝင်လည်း
ဖြစ်ပါတယ်။
.
စတုတ္တနေရာမှာတော့ မင်းသား ယွန်ဂျွန်ဟွန်းနဲ့
မင်းသမီး အန်ဟွန်ဂယွန်း တို့ ပါဝင်ထားတဲ့ Our Happy Days ဇာတ်လမ်းတွဲက
ဦးဆောင်နေပါတယ်။ လက်ရှိမှာ အပိုင်း ၃၀ ကျော်အထိ ထွက်ရှိထားပြီဖြစ်ပေမယ့် Melodrama
အမျိုးအစား ဇာတ်လမ်းမို့ အချစ်ဇာတ်လမ်းလေးတွေနဲ့ ရင်ခုန်ချင်သူတွေ အကြိုက်
ဖြစ်နေတာပါ။ မာနကြီးပြီး အေးစက်စက်နိုင်တဲ့ ဗိသုကာပညာရှင်တစ်ဦးနဲ့
အမြဲတမ်းအကောင်းမြင်တတ်တဲ့ Developer မလေး တို့ မထင်မှတ်ဘဲ
ဆုံစည်းမိကြတဲ့ ဇာတ်လမ်းဖြစ်ပြီး ပရိသတ်တွေရဲ့ ကြိုက်နှစ်သက်မှုကို ခံနေရတဲ့
ဇာတ်ကားလေးလည်း ဖြစ်ပါတယ်။ ဒီဇာတ်ကားက ကျော်ကြားမှုရမှတ် ၃ ဒသမ ၆သန်းကျော်နဲ့
စတုတ္တနေရာမှာ ရှိနေပါတယ်။
.

No comments:
Post a Comment