ကိုရီးယားသရဲကား ရုပ်ရှင်သမိုင်းတစ်လျှောက် ရုံတင်ကြည့်ရှုနှုန်း အမြင့်ဆုံးဖြစ်ခဲ့တဲ့ Salmokji : Whispering Water - Kanbawza Tai News

Kanbawza Tai News

www.kbztainews.com

Breaking

Monday, May 18, 2026

ကိုရီးယားသရဲကား ရုပ်ရှင်သမိုင်းတစ်လျှောက် ရုံတင်ကြည့်ရှုနှုန်း အမြင့်ဆုံးဖြစ်ခဲ့တဲ့ Salmokji : Whispering Water


နာမည်ကျော်သရုပ်ဆောင်တွေ ဖြစ်တဲ့ ကင်ဟေယွန်းနဲ့ လီဂျောင်ဝန်း တို့ ပါဝင် သရုပ်ဆောင်ထားတဲ့ Salmokji : Whispering Water ကိုရီးယားသရဲကား ရုပ်ရှင်တွေထဲမှာ ရုံတင်ကြည့်ရှုနှုန်း အမြင့်ဆုံး ဇာတ်ကား ဖြစ်ခဲ့တယ်လို့ ကိုရီးယားရုပ်ရှင် အစည်းအရုံးက ကြေညာလိုက်ပါတယ်။

.
ဒီရုပ်ရှင်က လက်ရှိမှာ ကြည့်ရှုသူ ၃ ဒသမ ၁၅ သန်းကျော် ရှိခဲ့ပြီး ၂၀၀၃ ခုနှစ်ကတည်းက ၂၃ နှစ်ကြာ စံချိန်တင်ထားတဲ့ A Tale of Two Sisters ရုပ်ရှင်ကို ကျော်တက်သွားခဲ့တာပါ။ အဲဒီရုပ်ရှင်က ရုံတင် ပြသနေစဉ်အတွင်း စုစုပေါင်းကြည့်ရှုသူ ၃ ဒသမ ၁၄ သန်း ရှိခဲ့ပါတယ်။
.
ဒီဇာတ်ကားက လမ်းပေါ်မှာ ရိုက်ထားတဲ့ ဗီဒီယိုမြင်ကွင်း တစ်ခုမှာ မထင်မရှား လူပုံစံတစ်ခု ပေါ်လာပြီးတဲ့နောက် အဲဒီနေရာကို ပြန်လည်ရိုက်ကူးဖို့ စေလွှတ်ခံရတဲ့ ရိုက်ကူးရေးအဖွဲ့ တစ်ဖွဲ့ အကြောင်းပါ။ Salmokji လို့ ခေါ်တဲ့ ရေကန် တစ်ခုဆီ ရောက်သွားခဲ့တဲ့ ဒီအဖွဲ့က ရေအောက်ထဲမှာ ပုန်းကွယ်နေတဲ့ လျှို့ဝှက်ဆန်းကျယ်မှု တစ်ခုနဲ့ ရင်ဆိုင်ကြရတဲ့ အကြောင်းပါပဲ။
.
ဒီရုပ်ရှင်က လက်ရှိအချိန်အထိ ကိုရီးယားနိုင်ငံတွင်း ရုပ်ရှင်ရုံတွေမှာ ဆက်လက်ပြသနေဆဲ ဖြစ်တာကြောင့် ကြည့်ရှုနှုန်း ဘယ်လောက်အထိ မြင့်တက်လာမလဲ ဆိုတာလည်း စိတ်ဝင်စားဖို့ ကောင်းနေခဲ့ပါတယ်။

#KBZTai #Shan #Korea #Horror #Entertainment

No comments:

Post a Comment

Pages