ရေနုတ်မြောင်း သေးများအတွင်း သွယ်တန်းထားသည့် ရေပိုက်များကြောင့် မြောင်း ပိတ်ဆို့မှု ဖြစ်နေ - Kanbawza Tai News

Kanbawza Tai News

www.kbztainews.com

Breaking

Monday, May 25, 2026

ရေနုတ်မြောင်း သေးများအတွင်း သွယ်တန်းထားသည့် ရေပိုက်များကြောင့် မြောင်း ပိတ်ဆို့မှု ဖြစ်နေ



တောင်ကြီးမြို့ပေါ် ရပ်ကွက်အချို့တွင် ရေစီးရေလာ ကောင်းမွန်စေရန် ပြုလုပ်ထားသည့် ရေနုတ်မြောင်းများ အတွင်း သွယ်တန်းထားသည့် ရေပိုက်လိုင်းများကြောင့် အချို့ နေရာများတွင် ရေမြောင်းပိတ်ဆို့မှုများ ဖြစ်ပေါ် နေကြောင်း သိရသည်။
.
နေအိမ်များသို့ ရေပိုက်လိုင်း ချိတ်ဆက်သွယ်တန်းရာတွင် လူနေအိမ်ရှေ့များရှိ ရေမြောင်းငယ်များအတွင်း ထည့်သွင်း သွယ်တန်းမှုများ ပြုလုပ်ကြသည့်အတွက် ရေမြောင်း ပိတ်ဆို့မှုများ ဖြစ်ကာ လမ်းပျက်စီးမှုများ လည်း ဖြစ်ပေါ်နေရကြောင်း သိရသည်။
.
အိမ်ရှေ့မှာ ရှိတဲ့ ရေမြောင်းလေးတွေက သာမန် ရေမြောင်း သေးသေးလေးတွေပါ။ မိုးကြီးရင်တောင် ရေစီး အားများလို့ ရေလျှံတဲ့ နေရာတွေ။ အဲဒီ မြောင်းလေးတွေထဲမှာ ရေပိုက်တွေ ထည့်ထားတော့ ရေမြောင်းတွေက ပိတ်ကုန်တာပေါ့ဟု တောင်ကြီးမြို့၊ ချမ်းသာရပ်ကွက်နေ ဒေသခံတစ်ဦးက ပြောသည်။
.



ယင်းကဲ့သို့ ရေပိုက်များ သွယ်တန်းရာတွင် ရေစီးမြောင်းငယ်များအတွင်း ရေပိုက် ချောင်းမှ ချောင်းခန့် အထိ ထည့်သွင်းထားသည့်အတွက် ရေပိုက်နှင့် အမှိုက်သရိုက်များ ငြိတွယ်ပြီး ရေမြောင်းပိတ်ဆို့မှု ဖြစ်ပေါ်နေရခြင်း ဖြစ်ကြောင်း သိရသည်။
.
နဂိုတည်းက ရပ်ကွက်တွင်း ရေမြောင်းစနစ်တွေက ကောင်းတာ မဟုတ်ဘူး။ ရပ်ကွက် လူကြီးတွေကလည်း အဲဒီလောက်အထိ သိပုံမရပါဘူး။ ရေစီးရေလာ မကောင်းရင် လမ်းတွေ ပျက်မှာပဲ။ ရေမြောင်း သေးသေးလေး ထဲ ပိုက်တွေ တန်းထားတော့ အကုန်ပိတ်ပြီး လမ်းတွေပျက်ဖို့ပဲရှိတယ်ဟု အခြား‌ဒေသခံ တစ်ဦးကလည်း ပြောဆိုခဲ့သည်။
.

မိုးရွာသွန်းချိန်တိုင်း စည်းကမ်းမဲ့ အမှိုက်စွန့်ပစ်မှုများကြောင့် တောင်ကြီးမြို့ပေါ်ရှိ ရေဆိုးထုတ်မြောင်းကြီး များတွင်လည်း ပိတ်ဆို့မှုများ ဖြစ်ကာ‌ လမ်းမပေါ်သို့ရေ ကြီးရေလျှံမှုများလည်းမကြာခဏဖြစ်ပွားတတ် ကြောင်း သိရသည်။
.
#KBZTai #Shan #Taunggyi

No comments:

Post a Comment

Pages