ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မိုင်းခတ်မြို့နယ်တွင် ယမန်နေ့ မေလ ၂၀ ရက်က အွန်လိုင်းလိမ်လည်
လောင်းကစား မှုများ ကျူးလွန်ခဲ့သည့်
တရားမဝင် ပြည်ပနိုင်ငံသား ၅၁ ဦး၊ မြန်မာနိုင်ငံသား ၁၁ ဦး၊ စုစုပေါင်း ၆၂ ဦးကို ဖမ်းဆီးရမိခဲ့ပြီး အွန်လိုင်းလိမ်လည်
လောင်းကစားမှု ကျူးလွန်ရာတွင် အသုံးပြုသည့် အဆောက်အအုံများ၊ လုပ်ငန်းသုံးပစ္စည်းများအား သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
.
လုံခြုံရေး ပူးပေါင်းအဖွဲ့သည် ယမန်နေ့ မေလ ၂၀ ရက်၊ နံနက်ပိုင်းက မိုင်းခတ်မြို့နယ်၊ မိုင်းဟန်ကျေးရွာ အုပ်စု၊ ဖားငင်ကျေးရွာ၏ အနောက်တောင်ဘက်မီတာ ၁၀၈၀ ခန့်အကွာ၌ တရားမဝင် အွန်လိုင်း လိမ်လည် လောင်းကစားမှု ကျူးလွန်ရာတွင် အသုံးပြုခဲ့သည့် အဆောက်အုံများ၊ ကွန်ပျူတာ၊ မီးစက်နှင့် ဆက်စပ် ပစ္စည်းများကို သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
.
ထို့နောက် ပူးပေါင်းအဖွဲ့သည် ရှာဖွေမှုများ ဆက်လက်ဆောင်ရွက်ခဲ့ရာ ဖားငင်ကျေးရွာ၏ အနောက်တောင် ဘက် မီတာ ၂၂၀၀ ခန့်အကွာ၌ အွန်လိုင်းလိမ်လည်လောင်းကစားမှုကျူးလွန်သူ တရားမဝင် တရုတ်နိုင်ငံသား အမျိုးသား ၂၀ ဦးကို လည်းကောင်း၊ ဖားငင်ကျေးရွာ၏ အနောက်တောင်ဘက် မီတာ ၂၈၀၀ ခန့်အကွာ၌ တရားမဝင် တရုတ်နိုင်ငံသား ၁၄ ဦး၊ မြန်မာနိုင်ငံသား အမျိုးသား ၁ ဦးနှင့် ဖုန်းမျိုးစုံ ၁၂ လုံး တို့ကို လည်းကောင်း၊ ဖားငင်ကျေးရွာ၏ တောင်ဘက် မီတာ ၂၁၀၀ အကွာ၌ တရားမဝင် တရုတ်နိုင်ငံသား ၁၅ ဦး၊ ဗီယက်နမ် နိုင်ငံသား အမျိုးသမီး ၁ ဦး၊ မြန်မာနိုင်ငံသား အမျိုးသမီး ၃ ဦးနှင့် ဖုန်းမျိုးစုံ ၁၁ လုံးတို့ကို လည်းကောင်း၊ ဖားငင်ကျေးရွာ၏ တောင်ဘက်မီတာ ၁၉၀၀ ခန့်အကွာ၌ မြန်မာနိုင်ငံသား အမျိုးသား ၄ ဦး၊ အမျိုးသမီး ၃ ဦးနှင့် ဖုန်းမျိုးစုံ ၅ လုံးတို့ကို လည်းကောင်း၊ ဖားငင်ကျေးရွာ၏ အရှေ့တောင်ဘက် မီတာ ၂၅၀၀ ခန့်အကွာ၌ တရားမဝင်တရုတ်နိုင်ငံသား အမျိုးသား ၁ ဦးတို့ကို လည်းကောင်း အသီးသီး ဖမ်းဆီးရမိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
.
အဆိုပါ ဖမ်းဆီးရမိ သူများအား လိုအပ်သည့် စစ်ဆေးမှုများ ဆောင်ရွက်ပြီးစီးပါက တည်ဆဲဥပဒေများနှင့် အညီ ထိရောက်ပြင်းထန်စွာ အရေးယူဆောင်ရွက်သွားမည်ဖြစ်ပြီး သိမ်းဆည်းရမိသည့် လုပ်ငန်းသုံး ပစ္စည်းများအား လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်း ထုတ်ပြန်ထားသည်။
.
#KBZTai #MongKhet
.
Thursday, May 21, 2026
Home
မိုင်းခတ်
ရှမ်းရှေ့
မိုင်းခတ်မြို့နယ်တွင် အွန်လိုင်းလိမ်လည် လောင်းကစားမှု ကျူးလွန်သူ ၆၂ ဦး ဖမ်းမိ
မိုင်းခတ်မြို့နယ်တွင် အွန်လိုင်းလိမ်လည် လောင်းကစားမှု ကျူးလွန်သူ ၆၂ ဦး ဖမ်းမိ
Subscribe to:
Post Comments (Atom)

No comments:
Post a Comment