မေလအတွက် ထုတ်ပြန်ခဲ့တဲ့ တောင်ကိုရီးယားရဲ့ ဖျော်ဖြေရေးအနုပညာရှင် စာရင်းမှာတော့ Running Man ၊ How
do you Play ၊ Jae Seok’s B&B Rules ဖျော်ဖြေရေး
ရှိုးတွေကို တင်ဆက်နေတဲ့ ယူဂျယ်ဆော့ကပဲ ထိပ်ဆုံးမှာ ဆက်လက် ဦးဆောင်နေခဲ့ပါတယ်။
,
ဒီ ရပ်တည်မှုက ဧပြီ ၂၂ ကနေ မေလ ၂၂ အတွင်း စုဆောင်းထားတဲ့
အချက်အလက်တွေကို အသုံးပြုပြီး နာမည်ကြီး အနုပညာရှင် အယောက် ၅၀ ရဲ့ ပရိသတ် ကြိုက်နှစ်သက်မှု၊
မီဒီယာဖော် ပြမှုနဲ့ အစီအစဉ် ကြည့်ရှုမှုနှုန်းတွေကို အခြေခံပြီး သတ်မှတ်ထားတာ ဖြစ်ပါတယ်။
.
ပြီးခဲ့တဲ့ လတွေမှာ ဆက်တိုက် နံပတ် ၁ ဖြစ်တဲ့ ယူဂျယ်ဆော့ က
ဒီလမှာလည်း နံပတ် ၁ နေရာကို ဆက်လက် သိမ်းပိုက်ထားခဲ့ပြီး ကျော်ကြားမှု ရမှတ် ၆
သန်းကျော် ရရှိခဲ့တာပါ။ ပြီးခဲ့တဲ့လကနဲ့ နှိုင်းယှဉ်ရင် ကျော်ကြားမှု ရမှတ်က ၂ ဒသမ
၇၉ ရာခိုင်နှုန်’ တိုးတက်လာခဲ့တာကို
တွေ့ရတာပါ။ ယူဂျယ်ဆော့ရဲ့ အလှုအတန်း ပြုလုပ်မှုတွေ၊ စကားပြော အစီအစဉ်တွေမှာ ပရိသတ်
ကြိုက်နှစ်သက်မှုကို အပြည့်အဝ ယူထားနိုင်တာတွေက ထိပ်ဆုံးမှာ ဆက်လက် ရပ်တည်နေနိုင်တဲ့
အကြောင်းရင်းတွေပဲ ဖြစ်ကြပါတယ်။
.
ဒုတိယ နေရာမှာတော့ ယူဂျယ်ဆော့ရဲ့ How do you Play နဲ့ Running Man လုပ်ဖော်ကိုင်ဖက် ဟားဟား က
ရပ်တည်နေတာပါ။ သူ့ရဲ့ ပရိသတ် ကြိုက်နှစ်သက်မှုက ၃ သန်းကျော် ရှိခဲ့ပြီး
ယူဂျယ်ဆော့နဲ့ တစ်ဝက်လောက်တောင် ကွာဟနေခဲ့တာပါ။ ဒါပေမယ့် ပြီးခဲ့တဲ့ လကနဲ့
ယှဉ်လိုက်ရင်တော့ ၉ ဒသမ ၄၃ ရာခိုင်နှုန်းထိ ပရိသတ် ကြိုက်နှစ်သက်မှုနှုန်း မြင့်တက်လာတာကို တွေ့ရပါတယ်။
.
I Live Alone ဆိုတဲ့ အစီအစဉ်နဲ့အတူ ပရိသတ်အကြိုက် ဖြစ်နေတဲ့
ဂျွန်ဟွန်းမို ကတော့ မေလရဲ့ လူကြိုက် အများဆုံးစာရင်းမှာ တတိယ ရပ်တည်နေတာပါ။
သူ့ရဲ့ ပရိသတ်ကြိုက် နှစ်သက်မှုနှုန်းကလည်း ၂ ဒသမ ၈
သန်းကျော် ရှိနေတာမို့ ဟားဟားနဲ့ မတိမ်းမယိမ်းလို့ ပြောရမှာပါပဲ။
.
စတုတ္တ နေရာမှာတော့ Knowing Bros ၊ 2
Days 1 Night အစီအစဉ်တွေနဲ့ လူသိများနေဆဲ ဖြစ်တဲ့ ဟိုဂယောင်ဟွမ် က ၂
ဒသမ ၇ သန်းကျော်နဲ့ ရပ်တည်နေပြီး သူ့ရဲ့ နောက်မှာတော့ SNL
Korea ရဲ့ အရှင်သခင် ရှင်ဒေါင်ယွတ်က ပရိသတ်ကြိုက်နှစ်သက်မှု ၂ ဒသမ
၆ သန်းနဲ့ ရပ်တည်နေပါတယ်။
Source : Koreaboo
.
#KBZTai #Shan #Korea #Entertainment
.

No comments:
Post a Comment