ရွှေညောင်မြို့တွင် ဝမ်းပျက်ဝမ်းလျှော ဖြစ်ပွားသူ ၁၆ ဦး တွေ့ရှိ - Kanbawza Tai News

Kanbawza Tai News

www.kbztainews.com

Breaking

Sunday, May 24, 2026

ရွှေညောင်မြို့တွင် ဝမ်းပျက်ဝမ်းလျှော ဖြစ်ပွားသူ ၁၆ ဦး တွေ့ရှိ

.

၂၀၂၆ ခုနှစ်၊ မေလ ၂၄ ရက်

.

ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့ရှိ ကိုယ်ပိုင်အထက်တန်းကျောင်း ဆောက်လုပ် နေသည့် လုပ်ငန်းခွင်တစ်ခုတွင် ဝမ်းပျက်ဝမ်းလျှောရောဂါ ဖြစ်ပွားသူ ၁၆ ဦး တွေ့ရှိခဲ့ကြောင်း သိရသည်။

.

.

ရွှေညောင်မြို့၊ မကျီးပင်ရွာရှိ ဝမ်ဝမ်ကိုယ်ပိုင်အထက်တန်းကျောင်း ဆောက်လုပ်ရေး လုပ်ငန်းခွင်တွင် မေလ ၂၂ ရက်က အသက် ၁၈ နှစ်အရွယ် အမျုးသားတစ်ဦး ဝမ်းပျက်ဝမ်းလျှော ဖြစ်ပွားသဖြင့် ပြင်ပဆေးခန်းတွင် သွားရောက်ပြသခဲ့ပြီး ယင်းလူနာမှာ မေလ ၂၃ ရက်တွင် ပြန်လည်သက်သာလာခဲ့ကြောင်း သိရသည်။

.

ထို့နောက် ယနေ့ မေလ ၂၄ ရက်တွင် နောက်ထပ် ဝမ်းပျက်ဝမ်းလျှောရောဂါ ဖြစ်ပွားသူ ၁၆ ဦး ထပ်မံတွေ့ရှိ ကြောင်း သတင်းရရှိသဖြင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကွင်းဆင်းစစ်ဆေးခဲ့ပြီး ဝမ်းပျက်ဝမ်းလျှော ဖြစ်ပွားသူ ၁၆ ဦးနှင့် ကျန် ၁၀ ဦး၊ စုစုပေါင်း ၂၆ ဦးတို့အား လိုအပ်သည့် ဆေးဝါးများ တိုက်ကျွေး ပေးခဲ့ကြောင်း သိရသည်။

.

ဝမ်းပျက်ဝမ်းလျှောဖြစ်ပွားသူ ၁၆ ဦးတွင် ရောဂါအခြေအနေဆိုးရွားသူ မရှိဘဲ အစားအသောက်နှင့် သောက်သုံးရေ နမူနာများကို ဓာတ်ခွဲစမ်းသပ် စစ်ဆေးသွားမည်ဖြစ်ကြောင်း ပြည်နယ် ပြည်သူ့ကျန်းမာရေး ဦးစီးဌာန ထံက သိရသည်။

.

No comments:

Post a Comment

Pages