ကွန်ဂိုမှာ အီဘိုလာကြောင့် သေဆုံးတဲ့အလောင်းတွေကို သင်္ဂြုဟ်ခွင့်မပြုလို့ ဆေးရုံကိုမီးနဲ့ရှို့ - Kanbawza Tai News

Kanbawza Tai News

www.kbztainews.com

Breaking

Friday, May 22, 2026

ကွန်ဂိုမှာ အီဘိုလာကြောင့် သေဆုံးတဲ့အလောင်းတွေကို သင်္ဂြုဟ်ခွင့်မပြုလို့ ဆေးရုံကိုမီးနဲ့ရှို့

.

၂၀၂၆ ခုနှစ်၊ မေလ ၂၂ ရက်

.

ကွန်ဂိုမှာတော့ နိုင်ငံအရှေ့ပိုင်းမှာရှိတဲ့ အီဘိုလာရောဂါဖြစ်ပွားရာ အဓိက နေရာတစ်ခုက ဆေးရုံတွေကို ပြည်သူတွေက မီးရှို့ပစ်ခဲ့ကြပါတယ်။ အကြောင်းရင်းကတော့ အီဘိုလာကြောင့် သေဆုံးခဲ့ရတဲ့ မိသားစုနဲ့ မိတ်ဆွေအလောင်းတွေကို သင်္ဂြုဟ်ဖို့အတွက် ယူဆောင်ခွင့်မပြုတာကြောင့်ပါ။

.


.

သူတို့က ဆေးရုံကို ခဲတွေနဲ့ ပစ်ကြတယ်။ ဒါ့အပြင် လူနာတွေအတွက် သီးသန့်ခွဲထားတဲ့ ဆေးရုံဝန်းထဲက တဲတွေကိုပါ မီးရှို့ပစ်ခဲ့ကြတယ်” လို့ ဒေသခံနိုင်ငံရေးသမားတစ်ယောက်ဖြစ်တဲ့ မာလမ်ဘီက BBC ကို ပြောဆိုထားပါတယ်။

.

ဒီအခြေအနေကို တားဆီးဖို့အတွက် ရဲတပ်ဖွဲ့က သေနတ်ပစ်ဖောက်မှု ပြုလုပ်ခဲ့ရပြီး ဒဏ်ရာရရှိမှု တစ်စုံတစ်ရာတော့မရှိခဲ့ပါဘူး။ အီဘိုလာကြောင့် သေဆုံးသွားရသူတွေရဲ့အလောင်းဟာ ရောဂါကူးစက်နိုင်မှု အရမ်းမြင့်မားတာကြောင့် အာဏာပိုင်တွေက အလောင်းတွေကို ပြန်မပေးပဲ မီးသင်္ဂြုဟ်စက်ထဲ ထည့်ပစ်ကြတာပါ။

.

အီတူရီပြည်နယ်၊ ဘူနီယာမြို့အနီးမှာရှိတဲ့ ရဝမ်ပါရာဆေးရုံမှာ ဒီအဖြစ်အပျက် ဖြစ်ပွားခဲ့တာဖြစ်ပြီး ဒေါသ ထွက်နေတဲ့ လူအုပ်ကြီးက ဆေးရုံကို ခဲတွေနဲ့ ပစ်ပေါက်နေခဲ့တာပါ။ ဒီကိစ္စက လူငယ်တစ်ဦး သေဆုံးခဲ့ရာ ကနေ စတင်ခဲ့ပြီး သေဆုံးသွားတဲ့ လူငယ်က ဒေသတွင်းမှာ လူချစ်လူခင်များသူတစ်ယောက်ဖြစ်ပြီး သူ့ရဲ့ အလောင်းကို ပြန်ယူဖို့ ကြိုးစားရာကနေ အခြား သေဆုံးသူတွေရဲ့ မိသားစုတွေကပါ ပါဝင်လာကြတာ ဖြစ်ပါတယ်။

.

မျက်မြင်သက်သေတွေရဲ့ ပြောပြချက်တွေမှာတော့ သေဆုံးသွားတဲ့လူငယ်က ဒေသခံဘောလုံးသမား တစ်ယောက် ဖြစ်တဲ့အကြောင်းနဲ့ မိခင်ဖြစ်သူက သူ့သားဟာ အီဘိုလာကြောင့်မဟုတ်ဘဲ တိုက်ဖွိုက်ရောဂါ ကြောင့် သေသွားတာဖြစ်ကြောင်း ယုံကြည်နေတာပါ။

.

မာလမ်ဘီက ဒီလူအုပ်ကြီးဟာ အီဘိုလာကြောင့် လူတွေသေနေတယ်ဆိုတာကို မယုံကြည်ကြသူတွေလည်း ဖြစ်တယ်လို့ ဆိုပါတယ်။

.

တချို့တွေအတွက်ကတော့ အီဘိုလာ ဟာ ပြင်ပနိုင်ငံတွေက လူတွေ ဖန်တီးထားတဲ့အရာလို့ပဲ ထင်နေကြ တယ်။ တကယ်မရှိဘူးလို့ ယုံကြည်နေကြတယ်” လို့ မာလမ်ဘီက ဆိုပါတယ်။

.

မီးရှို့မှုကြောင့် ဆေးရုံအတွင်းက တဲ ၂ လုံးပျက်စီးသွားခဲ့ပြီး သင်္ဂြုဟ်ဖို့စီစဉ်ထားတဲ့ အလောင်းတစ်လောင်း လည်း မီးထဲပါသွားခဲ့ရပါတယ်။ လက်ရှိမှာတော့ ဆေးရုံကို စစ်တပ်အစောင့်အရှောက်နဲ့ ထားရှိနေရပြီး ကုသမှုတွေကို ဆက်လက်ပြုလုပ်နေကြဆဲပါ။

.

No comments:

Post a Comment

Pages