လက်ရှိ နာမည်ကြီးနေတဲ့ "The Legend Of Kitchen Soldier" ဆိုတာ ဘယ်လိုဇာတ်ကားမျိုးလဲ - Kanbawza Tai News

Kanbawza Tai News

www.kbztainews.com

Breaking

Tuesday, May 19, 2026

လက်ရှိ နာမည်ကြီးနေတဲ့ "The Legend Of Kitchen Soldier" ဆိုတာ ဘယ်လိုဇာတ်ကားမျိုးလဲ

.

၂၀၂၆ ခုနှစ်၊ မေလ ၁၉ ရက်

.

လက်ရှိမှာ အပိုင်း ၃ ပိုင်းသာ ထွက်လာသေးပေမယ့် ပရိသတ်တွေကြားမှာ နာမည်ကြီးနေတဲ့ "The Legend Of Kitchen Soldier" အကြောင်းကို ဒီနေ့ ပြောပြပေးသွားပါ့မယ်။ ဒီကားက The King’s Warden ရုပ်ရှင်နဲ့ အားလုံးကို မျက်ရည်မိုးရွာစေခဲ့တဲ့ ဒန်ဂျုံးဘုရင်လေး ပတ်ဂျီဟွန်းရဲ့ စစ်သားကာရိုက်တာနဲ့ Comabeck လာတဲ့ ဇာတ်ကားပါ။ နာမည်ကြီး အင်တာနက်ဝတ္တုတစ်ပုဒ်ကို အခြေခံရိုက်ကူးထားတာဖြစ်ပြီး ထူးခြားတဲ့ ဇာတ်လမ်း တင်ပြပုံကြောင့် ပရိသတ်တွေ စိတ်ဝင်စားနေကြတာပါ။

.

.

ဒီဇာတ်ကားရဲ့ ပုံစံက အားနည်းတဲ့ကောင်လေးတစ်ယောက်က သူတစ်ယောက်တည်း မြင်နိုင်တဲ့ ဟင်းချက်နည်း ညွှန်ကြားချက်တွေရ၊ အဆင့်တွေတက်ပြီး တဖြည်းဖြည်း ဆရာကြီး ဖြစ်လာတဲ့ ကားပါ။ Anime ပရိသတ်တွေကတော့ သိကြပါလိမ့်မယ်။ ဒါက နာမည်ကြီး Anime တစ်ခုဖြစ်တဲ့ Solo Leveling ရဲ့ ဇာတ်အိမ်ကို ကူးချ ထားသလိုကြီးပဲ ဆိုတာကိုပါ။ Solo Leveling ထဲမှာတော့ ကောင်လေးတစ်ယောက်က မမြင်ရတဲ့ ပါဝါတွေရလာရာကနေ လေ့ကျင့်ခန်းတွေလုပ်၊ အဆင့်တွေ တက်လာပြီး ဆရာကြီးဖြစ်သွားတာပါ။ "The Legend Of Kitchen Soldier" ကလည်း ဒီအတိုင်းပဲ ဖြစ်ပြီး အက်ရှင်ခန်းတွေနဲ့ ဟင်းချက်တဲ့အခန်းတွေပဲ ကွာသွားတယ်လို့ ပြောရမှာပါ။

.

ဂျီဟွန်းက တပ်ထဲမှာ ကိုယ်ရေကိုယ်သွေး ပြဿနာကြောင့် အထူးစောင့်ကြည့်ခံရတဲ့ တပ်သား တစ်ယောက်အဖြစ်ကနေ စားဖိုဆောင် တပ်သား ဖြစ်သွားခဲ့ပြီး စားဖိုဆောင်မှာ စစ်သားတွေအတွက် လက်စွမ်းပြ ချက်ပြုတ် နိုင်တာကြောင့် သူရဲကောင်းလို ဖြစ်သွားတဲ့ ဇာတ်ကားပါ။

.

ပုံမှန်လူ တစ်ယောက်လို စကားပြောနေရင်း သူ့မျက်စိရှေ့မှာ ဂိမ်းကာရိုက်တာ တစ်ခုလို လုပ်ဆောင်ချက်တွေ မြင်လာတာတွေ၊ ဟင်းတွေကို ဘယ်လိုချက်ရမယ်ဆိုတဲ့ ညွှန်ကြားချက်တွေကို သူတစ်ယောက်တည်း မြင်နေရတာတွေ စတဲ့ ယုတ္တိမရှိတာတွေကို ဘယ်လိုမှ သဘောမထားပဲ ကြည့်နိုင်မယ်ဆိုရင်တော့ ဒီဇာတ်ကားက အပျင်းပြေပြီး ကြည့်ရတာလည်း ပျော်စရာ ကောင်းပါတယ်။

.

တစ်နေ့တစ်နေ့ စိတ်ညစ်စရာတွေ၊ ဖိအားတွေနဲ့ ရုန်းကန်နေရတဲ့ ဘဝကြီးမှာ ယုတ္တိရှိ၊ မရှိ ဆိုတာထက် ပျော်စရာ ကောင်းတဲ့ ဇာတ်လမ်းလေး ကြည့်ပြီး ရယ်နေရတော့လည်း မဆိုးဘူးမို့လား။

.

No comments:

Post a Comment

Pages