.
၂၀၂၆ ခုနှစ်၊ ဇွန်လ ၁၁ ရက်
.
ကနေဒါအစိုးရ က နိုင်ငံတွင်းမှာ အသက် ၁၆
နှစ်အောက် ကလေးတွေအတွက် ဆိုရှယ်မီဒီယာသုံးခွင့် ပိတ်ပင် မယ့် ဥပဒေကြမ်းတစ်ရပ်ကို
ဇွန်လ ၁၀ ရက်မှာ တင်သွင်းလိုက်ပါတယ်။ ဒီ ဥပဒေအရ ၁၆ နှစ်မပြည့်သေး သူတွေအနေနဲ့
သတ်မှတ်ထားတဲ့ ဝက်ဆိုက်တွေကိုသာ အသုံးပြုရမှာဖြစ်ပြီး အစိုးရရဲ့ တားမြစ်ထားတဲ့
ဆိုရှယ်မီဒီယာတွေကို သုံးခွင့်ရမှာ မဟုတ်ပါဘူး။
.
.“Digital Safely Act” လို့
ခေါ်တဲ့ ဒီဥပဒေကြမ်းက ကလေးငယ်တွေအပေါ် ဆိုရှယ်မီဒီယာတွေရဲ့ ထိခိုက် နိုင်မှုကို
တားဆီးသွားဖို့ ရည်ရွယ်ထားပြီး တင်းကြပ်စွာထိန်းချုပ်ဖို့ စီစဉ်ထားတာပါ။
.
“အွန်လိုင်းအန္တရာယ်တွေက
ဘယ်လောက်ပြင်းထန်တဲ့အကျိုးဆက်တွေ ဖြစ်လာနိုင်တယ်ဆိုတာ ကျွန်တော်တို့
မြင်ခဲ့ရပြီးပါပြီ။ ကလေးတွေရဲ့လုံခြုံရေးကိုလည်း ထည့်စဉ်းစားရပါတော့မယ်” လို့
ကနေဒါ ယဉ်ကျေးမှုဝန်ကြီးဖြစ်တဲ့ မာ့ခ်မီလာ က ပြောဆိုထားပါတယ်။
.
ဥပဒေကို လိုက်နာဖို့ပျက်ကွက်ပြီး ကလေးတွေကို
အသုံးပြုခွင့်ပေးတဲ့ ကုမ္ပဏီတွေအနေနဲ့ ကမ္ဘာလုံးဆိုင်ရာ ဝင်ငွေရဲ့ ၃ ရာခိုင်နှုန်း
(သို့မဟုတ်) ကနေဒါဒေါ်လာ ၁၀ သန်းအထိ ဒဏ်ကြေးပေးရမယ်လို့လည်း
ဥပဒေကြမ်းမှာပါရှိပါတယ်။
.
“လူမှုကွန်ယက်ပလက်ဖောင်းတွေက ကလေးတွေကို
ကျန်းမာတဲ့၊ သာယာတဲ့ ဘဝမျိုးထက် စိုးရိမ်ပူပန်မှု၊ အထီးကျန်မှု၊ စိတ်ကျရောဂါနဲ့
အခြားစိတ်ကျန်းမာရေး ပြသနာတွေရဲ့ အရင်းအမြစ်တစ်ခု ဖြစ်လာနေ ပါတယ်” လို့ မီလာက
ဆက်ပြောပါတယ်။
.
ကမ္ဘာပေါ်မှာ ၁၆ နှစ်အောက် ကလေးငယ်တွေကို
ဆိုရှယ်မီဒီယာသုံးခွင့် ပထမဆုံး ပိတ်ပင်တဲ့နိုင်ငံက ဩစတြေးလျဖြစ်ပြီး ၂၀၂၅ ခုနှစ်
ဒီဇင်ဘာကနေ ဥပဒေစတင်ပြဌာန်းခဲ့တာပါ။ ဥပဒေအသက်ဝင်ပြီး တစ်လအကြာမှာပဲ
လူမှုကွန်ယက်ကုမ္ပဏီတွေက ၁၆ နှစ်အောက် ကလေးတွေ အသုံးပြုနေတဲ့ အကောင့်ပေါင်း ၅
သန်းကျော်ကို ပိတ်သိမ်းခဲ့ရတာဖြစ်ပါတယ်။
.
လက်ရှိမှာတော့ ပြင်သစ်၊ ဒိန်းမတ်နဲ့
ပိုလန်တို့ကလည်း လူငယ်တွေရဲ့ လူမှုကွန်ယက်အသုံးပြုမှုဆိုင်ရာ စည်းကမ်းတွေကို
ပိုမိုတင်းကြပ်ဖို့ စီစဉ်နေကြပြီး ဂရိနိုင်ငံကလည်း ၂၀၂၇၊ ဇန်နဝါရီက စပြီး ၁၅
နှစ်အောက် လူငယ်တွေကို ဆိုရှယ်မီဒီယာအသုံးပြုခွင့် ပိတ်ပင်မယ်လို့ ကြေညာထားပါတယ်။
.
Source – CNN
.

No comments:
Post a Comment