.
၂၀၂၆ ခုနှစ်၊ ဇွန်လ ၁၀ ရက်
.
ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့တွင်
ယနေ့ ဇွန်လ ၁၀ ရက်၊ နံနက်ပိုင်းက အမျိုးသမီးတစ်ဦး ကြိုးဆွဲချသေဆုံးမှု ဖြစ်ပွားခဲ့ကြောင်း
သိရသည်။
.
.ရွှေညောင်မြို့၊ လှိုင်ဘုံသာရပ်ကွက်၊ နယ်မြေ
(၃)၊ အေးသိင်္ဂီလမ်းနေ အသက် ၃၆ နှစ်အရွယ် သူနာပြု ဆရာမ တစ်ဦးအား ယနေ့ ဇွန်လ ၁၀ ရက်၊
နံနက် ၈ နာရီခန့်က ၎င်းနေထိုင်သည့် နေအိမ်အတွင်း၌ ကြိုးဆွဲချ သေဆုံးနေသည်ကို တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း
သိရသည်။
.
အေးသာယာတိုက်နယ်ဆေးရုံမှ အဆိုပါ သူနာပြုဆရာမသည် ဆေးရုံလုပ်ငန်းခွင်သို့
မလာရောက်သည်မှာ ၂ ရက်ကြာပြီဖြစ်သဖြင့် ဆေးရုံတာဝန်ရှိသူများက နေအိမ်သို့ သွားရောက်ကြည့်ရှုရာမှ
နေအိမ်ထုပ်တန်းတွင် ကြိုးဆွဲချသေဆုံး နေသည်ကို တွေ့ရှိခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။
.
အဆိုပါ သူနာပြုအမျိုးသမီး သေဆုံးမှုနှင့် ပတ်သက်၍
ဓမ္မတာအတိုင်းသေဆုံးခြင်းဟုတ်/မဟုတ် သိရှိနိုင်ရန် ရွှေညောင်နယ်မြေရဲစခန်းတွင် အမှုဖွင့်စစ်ဆေး
ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
.
ပြီးခဲ့သည့် ဇွန်လ ၆ ရက်ကလည်း ညောင်ရွှေမြို့နယ်၊
သာလေးကျေးရွာအုပ်စုတွင် အသက် ၁၇ နှစ်အရွယ် မိန်းကလေးငယ်တစ်ဦး ကြိုးဆွဲချသေဆုံးမှု ဖြစ်ပွားခဲ့သေးသည်။
.

No comments:
Post a Comment