.
၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ ၁၉ ရက်
.
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က CNN၊ MS
NOW နဲ့ Politico သတင်းဌာန ၃ ခုကို အိမ်ဖြူတော်မှာ သတင်းယူခွင့်
ပိတ်ပင်မယ်လို့ သောကြာနေ့မှာ ပြောလိုက်ပါတယ်။ ဒီလုပ်ဆောင်ချက်ဟာ လွတ်လပ်တဲ့ သတင်းမီဒီယာတွေအပေါ် ထရမ့်ရဲ့ နောက်ဆုံးခြိမ်းခြောက်မှုတစ်ခု
ဖြစ်လာပြီး၊ အမေရိကန်ဖွဲ့စည်းပုံ အခြေခံဥပဒေရဲ့
လွတ်လပ်စွာပြောဆိုခွင့်နဲ့ လွတ်လပ်တဲ့သတင်းမီဒီယာဆိုင်ရာ အခွင့်အရေးတွေကို
ချိုးဖောက်ရာရောက်နိုင်တယ်လို့ လွတ်လပ်စွာပြောဆိုခွင့်ဆိုင်ရာ ကျွမ်းကျင် သူတွေက
ပြောပါတယ်။
.
.အဲဒီသတင်းဌာနတွေဟာ “သတင်းအတုတွေ ရေးသားနေကြတယ်” လို့
ထရမ့်က လူမှုကွန်ရက်မှာ စွပ်စွဲခဲ့ပြီး အမေရိကန်သမ္မတနဲ့ပတ်သက်ပြီး
စိတ်ကူးယဉ်သတင်းနဲ့ လိမ်လည်မှုတွေကို အမြဲတမ်း ရေးသားဖော်ပြနေခွင့်
မရှိသင့်ဘူးလို့ ပြောပါတယ်။ နောက်ထပ် “သတင်းအတု” မီဒီယာတွေကိုလည်း
ပိတ်ပင်သွားမယ်လို့ ပြောခဲ့ ပြီး ဘယ်သူတွေလဲလို့ မေးမြန်းရာမှာ New York
Times နဲ့ Washington Post တို့ကိုလည်း ထည့်ပြောခဲ့ ပါတယ်။
.
ထရမ့်ရဲ့ ပို့စ်တင်ပြီးနောက် သောကြာနေ့မွန်းလွဲပိုင်းမှာ
အဲဒီသတင်းဌာန ၃ ခုက သတင်းထောက်တွေ အိမ်ဖြူတော်မှာ ဆက်လက်အလုပ်လုပ်နေတာ တွေ့ရပါတယ်။
ဒါပေမယ့် အိမ်ဖြူတော်က စနေနေ့ကစပြီး အိမ်ဖြူတော်ဝင်းအတွင်း ဝင်ရောက်ခွင့်
ပိတ်ပင်မယ်လို့ အကြောင်းကြားထားတယ်လို့ Fox News က
အမည်မဖော်ပြလို့တဲ့ အိမ်ဖြူတော်အကြီးတန်းအရာရှိတစ်ဦးကို ကိုးကားပြီး ဖော်ပြပါတယ်။
.
ဒီပိတ်ပင်မှုရဲ့ အတိုင်းအတာကိုတော့
ချက်ချင်းရှင်းလင်းစွာ မသိရသေးဘဲ၊ ဘယ်အထိ ပိတ်ပင်မလဲဆိုတာ ပေါ်မူတည်ပြီး
ဥပဒေကြောင်းအရ စိန်ခေါ်မှုတွေ ရှိလာနိုင်ပါတယ်။ တရားရုံးတွေက သမ္မတတွေအနေနဲ့
အိမ်ဖြူတော်အတွင်း သီးခြားတွေ့ဆုံမှုတွေနဲ့ သတင်းထောက်အုပ်စုငယ်တွေမှာ
မီဒီယာဝင်ခွင့်ကို ရွေးချယ် သတ်မှတ်နိုင်တဲ့ အခွင့်အာဏာရှိတယ်လို့ ဆုံးဖြတ်ထားပေမဲ့
အထွေထွေသတင်းမီဒီယာတွေ အသုံးပြုခွင့်ရှိတဲ့ အိမ်ဖြူတော်သတင်းစာရှင်းလင်းပွဲတွေ
ပိတ်ပင်တာ ကတော့ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ပိုမိုပြင်းထန်တဲ့ စိန်ခေါ်မှုတွေ
ရင်ဆိုင်ရနိုင်ပါတယ်။
.
CNN ကတော့ အိမ်ဖြူတော်ကို သတင်းယူနေတဲ့ သူတို့ရဲ့
သတင်းထောက်တွေဘက်က ရပ်တည်သွား မယ်လို့ ထုတ်ပြန်ပါတယ်။
အမေရိကန်ဖွဲ့စည်းပုံအခြေခံဥပဒေအရ အစိုးရရဲ့ အနှောင့်အယှက်မရှိဘဲ သတင်းယူခွင့် ရှိတယ်လို့
CNN က ပြောပြီး၊ ထရမ့်က ခြိမ်းခြောက်ထားတဲ့ ပိတ်ပင်မှုကို အကောင်
အထည် ဖော်မယ်ဆိုရင် ဖွဲ့စည်းပုံအခြေခံဥပဒေအရ ကာကွယ်ပေးထားတဲ့ အခြေခံအခွင့်အရေးကို
တရားမဝင် တိုက်ခိုက်တာ ဖြစ်မယ်လို့ ပြောပါတယ်။
.
Politico ကလည်း ဒီအိမ်ဖြူတော်နဲ့ နောင်လာမယ့် အိမ်ဖြူတော်တွေကို
မျှမျှတတ ဆက်လက် သတင်းပေး သွားမယ်လို့ ပြောပြီး၊ ပထမပြင်ဆင်ချက်က ပေးထားတဲ့
သတင်းမီဒီယာအခွင့် အရေးတွေကို ကန့်သတ်ဖို့ ကြိုးပမ်းမှုမှန်သမျှကို
ပြင်းပြင်းထန်ထန် ကာကွယ်သွားမယ်လို့ ဆိုပါတယ်။ MS NOW ကတော့
မှတ်ချက်ပေးဖို့ ငြင်းဆိုခဲ့ပါတယ်။
.
ထရမ့်ဟာ နိုင်ငံရေးလောကထဲ ဝင်ရောက်လာပြီးနောက်ပိုင်း
သတင်းမီဒီယာတွေကို မကြာခဏ ဝေဖန်ခဲ့ပြီး၊ ဒုတိယသမ္မတသက်တမ်းအတွင်းမှာလည်း
သူမကြိုက်တဲ့ သတင်းနဲ့ ဟာသအစီ အစဉ်တွေကို ထုတ်လွှင့်မှု ရပ်ဆိုင်းဖို့
တောင်းဆိုတာတွေ ရှိခဲ့ပါတယ်။
.
ထရမ့် အခုတစ်ကြိမ် သတင်းမီဒီယာတွေကို ပိတ်ပင်မယ်လို့
ပြောလာတာဟာ နိုဝင်ဘာ ၃ ရက်မှာ ကျင်းပ မယ့် ကြားဖြတ်ရွေးကောက်ပွဲမတိုင်ခင်
ရက်သတ္တပတ်အနည်းငယ်အလိုမှာ ထွက်ပေါ်လာတာလည်း ဖြစ်ပါတယ်။
.
Ref – Reuters
.

No comments:
Post a Comment