လားရှိုးတွင် အွန်လိုင်းလိမ်လည်‌လောင်းကစားပြုလုပ်သူ ၄ ဦးကို ဖမ်းမိ - Kanbawza Tai News

Kanbawza Tai News

www.kbztainews.com

Breaking

Advertisement

Advertisement
GAZE Amusement

Friday, October 16, 2026

လားရှိုးတွင် အွန်လိုင်းလိမ်လည်‌လောင်းကစားပြုလုပ်သူ ၄ ဦးကို ဖမ်းမိ

.

၂၀၂၆ ခုနှစ်၊ အောက်တိုဘာလ ၁၆ ရက်

.

ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့တွင် ယမန်နေ့ အောက်တိုဘာလ ၁၅ ရက်၊ ညပိုင်းက တရားမဝင် အွန်လိုင်းလောင်းကစား ပြုလုပ်သူ ၄ ဦးကို သက်သေခံ လုပ်ငန်းသုံးပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

.

.

လားရှိုးမြို့၊ လားရှိုးကြီးရပ်ကွက်၊ နယ်မြေ (၁၉)၊ ဆင်းရွှေလီလမ်းသွယ်ရှိ နေအိမ်တစ်လုံးတွင် အိမ်ငှား နေထိုင်သူများမှ အွန်လိုင်းလောင်းကစားလုပ်ငန်း လုပ်ကိုင်နေကြောင်း သတင်းအရ လားရှိုးခရိုင် ရဲတပ်ဖွဲ့ ပါဝင်သော ပူးပေါင်းအဖွဲ့က ယမန်နေ့ အောက်တိုဘာလ ၁၅ ရက်၊ ည ၈ နာရီခန့်တွင် သွားရောက် ရှာဖွေ ခဲ့ကြောင်း သိရသည်။

.

ထိုသို့ ရှာဖွေရာတွင် အမ်ပလိတ်၊ ညီတောင်း၊ အိုက်ဆာနှင့် ဆမ်ရုန်းတို့ ၄ ဦးအား တရားမဝင် အွန်လိုင်း လောင်းကစားပြုလုပ်ရာတွင် အသုံးပြုသည့် ဆိုလာပြား ၁ ချပ်နှင့် ဆက်စပ်ပစ္စည်းများ၊ WIFI စက် ၁ လုံး၊ လက်ကိုင်ဖုန်း ၆ လုံး၊ Laptop ၃ လုံးတို့နှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

.

“ဖမ်းဆီးရမိတာ ဟုတ်ပါတယ်။ အွန်လိုင်းလိမ်လည်မှု တိုက်ဖျက်ရေးဥပဒေနဲ့ အမှုဖွင့်ထားပါတယ်” ဟု လားရှိုး နယ်မြေရဲစခန်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

.

အဆိုပါ ဖမ်းဆီးရမိသူ အမ်ပလိတ်၊ ညီတောင်း၊ အိုက်ဆာနှင့် ဆမ်ရုန်းတို့ ၄ ဦးအား လားရှိုးနယ်မြေ ရဲစခန်းတွင် အွန်လိုင်းလိမ်လည်မှု တိုက်ဖျက်ရေးဆိုင်ရာဥပဒေ ပုဒ်မ ၅၂/၅၃/၅၅ ဖြင့် အမှုဖွင့်အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

.

No comments:

Post a Comment

Pages