ယီမင်နိုင်ငံ အေဒင်မြို့ရှိ သမ္မတနန်းတော်ဝင်းကို ဟူသီသူပုန်များ တိုက်ခိုက် - Kanbawza Tai News

Kanbawza Tai News

www.kbztainews.com

Breaking

Advertisement

Advertisement
GAZE Amusement

Friday, October 16, 2026

ယီမင်နိုင်ငံ အေဒင်မြို့ရှိ သမ္မတနန်းတော်ဝင်းကို ဟူသီသူပုန်များ တိုက်ခိုက်

.

၂၀၂၆ ခုနှစ်၊ အောက်တိုဘာလ ၁၆ ရက်

.

ယီမင်နိုင်ငံ တောင်ပိုင်း အေဒင်မြို့မှာရှိတဲ့ သမ္မတနန်းတော်ဝင်းကို ဟူသီလက်နက်ကိုင်အဖွဲ့က ကြာသပတေး နေ့မှာ ဒုံးကျည်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့် လုံခြုံရေးအစောင့် ၂ ဦး သေဆုံးခဲ့တယ်လို့ ယီမင် အစိုးရ တာဝန်ရှိသူ ၂ ဦးက ရိုက်တာသတင်းဌာနကို ပြောပါတယ်။

.

.

တိုက်ခိုက်မှုဖြစ်ပွားချိန်မှာ မအာရှစ်သမ္မတနန်းတော်ဝင်းအတွင်း ရှိနေတဲ့ ယီမင်ဝန်ကြီးချုပ်နဲ့ အစိုးရအဖွဲ့ဝင် တွေကတော့ ထိခိုက်မှုမရှိခဲ့ဘူးလို့ ပြန်ကြားရေးဝန်ကြီး မိုအမ်မာ အယ်လ်အီယာနီက ပြောပါတယ်။ ဟူသီ အဖွဲ့ဟာ နန်းတော်ဝင်းကို ဒုံးကျည် ၅ စင်း ပစ်ခတ်ခဲ့တာဖြစ်တယ်လို့လည်း သူက ဆိုပါတယ်။

.

ဟူသီအဖွဲ့ ထိန်းချုပ်ထားတဲ့ ဆာဘာသတင်းအေဂျင်စီကတော့ နန်းတော်ဝင်းအတွင်းမှာရှိတဲ့ ဆော်ဒီအရာရှိ တွေ ဦးစီးလုပ်ဆောင်နေတဲ့ စစ်ဆင်ရေးဌာနချုပ်နဲ့ လက်နက်သိုလှောင်ရုံတွေကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့တာ ဖြစ်တယ်လို့ စစ်ဘက်ဆိုင်ရာတာဝန်ရှိသူတစ်ဦးကို ကိုးကားပြီး ဖော်ပြပါတယ်။ ဒါပေမဲ့ အဲဒီပြောဆိုချက် တွေကို ရိုက်တာသတင်းဌာနက သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။

.

အီရန်နဲ့ မဟာမိတ်ဖြစ်တဲ့ ဟူသီအဖွဲ့ရဲ့ စစ်ဘက်ပြောရေးဆိုခွင့်ရှိသူ ယာဟ်ယာ ဆာရီကလည်း အေဒင်မြို့မှာ ရှိတဲ့ ဆော်ဒီစစ်ဆင်ရေးဌာနချုပ်ကို တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ ပြောပါတယ်။ ဆော်ဒီစစ်တပ်ရဲ့ အင်အား တည်ဆောက်မှုနဲ့ တပ်ဖွဲ့တွေ စုစည်းချထားမှုတွေကို ဘယ်နေရာမှာရှိရှိ ပစ်မှတ်ထားတိုက်ခိုက်သွားမယ် ဆိုတဲ့ အဖွဲ့ရဲ့ မူဝါဒအတိုင်း လုပ်ဆောင်ခဲ့တာဖြစ်တယ်လို့ သူက ဆိုပါတယ်။

.

တိုက်ခိုက်မှုမဖြစ်ပွားခင်မှာလည်း သမ္မတနန်းတော်အနီးတစ်ဝိုက်ကနေ ကျယ်လောင်တဲ့ ပေါက်ကွဲသံတွေ ကြားခဲ့ရတယ်လို့ မျက်မြင်သက်သေ ၃ ဦးက ရိုက်တာသတင်းဌာနကို ပြောထားပါတယ်။

.

Ref – Reuters

.

No comments:

Post a Comment

Pages