.
၂၀၂၆ ခုနှစ်၊ နိုဝင်ဘာလ ၂၁ ရက်
.
ရှမ်းပြည်နယ်မြို့တော် တောင်ကြီးမြို့ရှိ မြန်မာကုန်သွယ်မှုမြှင့်တင်ရေးရုံး
ခန်းမတွင် ယနေ့ နိုဝင်ဘာလ ၂၁ ရက်၊ နံနက်ပိုင်းက “တန်ဆောင်တိုင်နှင့်တူနွှဲပျော် ထောပတ်သီးပွဲတော်”
ခေါင်းစဉ်ဖြင့် ထောပတ်သီးနှင့် ဒေသထွက်ကုန် ပြပွဲ ဖွင့်ပွဲပြုလုပ်ခဲ့ကြောင်း သိရသည်။
.
တန်ဆောင်တိုင်ပွဲတော်ကာလနှင့်အတူ ဒေသထွက်
ထောပတ်သီးများနှင့် အခြားဒေသထွက်ကုန်ပစ္စည်းများကို ပြည်သူများ
ပိုမိုသိရှိလေ့လာနိုင်စေရန်၊ ဒေသထွက်ကုန်များ၏ အရည်အသွေးနှင့်
ဈေးကွက်အခွင့်အလမ်းများကို မြှင့်တင်နိုင်စေရန် ရည်ရွယ်၍ ထောပတ်သီးပွဲတော်ကို ကျင်းပပြုလုပ်ရခြင်းဖြစ်ကြောင်း
သိရသည်။
.
ထောပတ်သီးပွဲတော် ဖွင့်ပွဲအခမ်းအနားသို့
ရှမ်းပြည်နယ်ဝန်ကြီးချုပ် စိုင်းထိန်စိုး၊ ပြည်နယ် လွှတ်တော် ဥက္ကဋ္ဌ၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝန်ကြီးများ၊
နှင့် တာဝန်ရှိသူများ တက်ရောက်ဖွင့်လှစ်ပေးခဲ့ပြီး ပွဲတော်အတွင်း ဖွင့်လှစ်ရောင်းချ
နေသည့် ထောပတ်သီးနှင့် ဒေသထွက်ကုန် အရောင်းပြခန်းများအား လှည့်လည်ကြည့်ရှု အားပေးခဲ့ကြောင်း
သိရသည်။
.
မြန်မာ့ထောပတ်သီးများကို ပြည်တွင်း၌သာ အရောင်းအဝယ်ဖြစ်နေပြီး
ပြည်ပသို့ ပြန်လည်တင်ပို့နိုင်ရန် ဆောင်ရွက် နေလျက်ရှိကြောင်း
မြန်မာနိုင်ငံထောပတ်သီး တင်ပို့ရောင်းချသူများအသင်း ထံက သိရသည်။
.
ယခုစျေးကွက်တွင် ရောက်ရှိနေသည့်ထောပတ်သီးမှာ
ပြည်တွင်းစားသုံးသည့် အသီးအမျိုးအစားဖြစ်ပြီး ပြည်ပသို့ တင်ပို့မည့် Hass အမျိုးအစားမှာ အသီးရင့်ရန်နှင့် အရည်အသွေးကောင်းရန် လိုနေသေးသည့်အတွက် ပြည်ပသို့
တင်ပို့ နိုင်ခြင်းမရှိသေးကြောင်း သိရသည်။
.

No comments:
Post a Comment