.
၂၀၂၆ ခုနှစ်၊ နိုဝင်ဘာလ ၂၁ ရက်
.
ပီရူးနိုင်ငံအလယ်ပိုင်းမှာ နိုဝင်ဘာ ၂၀ ရက်က
အင်အား ၆ ဒသမ ၈ အဆင့် ငလျင်လှုပ်ခတ်ခဲ့ပြီး မြို့တော် လီမာမှာ လည်း တုန်ခါမှုကို
ခံစားခဲ့ရပါတယ်။ လက်ရှိအချိန်အထိ လူသေဆုံးမှု ဒါမှမဟုတ် အကြီးအကျယ် ပျက်စီးမှု
သတင်း တွေ မရသေးပါဘူး။
.
ပီရူးနိုင်ငံ ဘူမိရူပဗေဒအင်စတီကျုရဲ့ အဆိုအရ
ငလျင်ဟာ အန်ဒီစ်တောင်တန်းဒေသ ဂျူနင်ပြည်နယ်မှာ မြေအောက် အနက် ၁၂၉ ကီလိုမီတာကနေ
လှုပ်ခတ်ခဲ့တာဖြစ်ပါတယ်။ လီမာမြို့မှာတော့ နေအိမ်တွေ ကနေ လူတွေ ထွက်ခွာခဲ့ ကြပြီး
လွှတ်တော်အမတ်တွေ လွှတ်တော်အဆောက်အအုံကနေ ထွက်လာတာကို ရုပ်သံတွေမှာ တွေ့ရပါတယ်။
.
လီမာမြို့အရှေ့ဘက် ကီလိုမီတာ ၃၂၀ ခန့်အကွာ
ဂျူနင်ပြည်နယ်က ဒေသခံအုပ်ချုပ်ရေးအဖွဲ့ဝင် ဗီဆန်တေး ကစ်စပေးကတော့ ငလျင်ကြောင့်
ထိခိုက်ပျက်စီးမှု သတင်း မရရှိသေးဘူးလို့ ဒေသခံ RPP ရုပ်သံကို
ပြောပါတယ်။ ဒီဒေသမှာ အခုလို အင်အားပြင်းတဲ့ ငလျင်မျိုး ပထမဆုံး ခံစားရတာဖြစ်
တယ်လို့လည်း ဆိုပါတယ်။
.
ဂျူနင်ဒေသမှာ အလတ်စား
သတ္တုတွင်းလုပ်ငန်းတွေရှိပြီး ပီရူးနိုင်ငံရဲ့ အကြီးဆုံး ကြေးနီသတ္တုတွင်းတွေ ထဲက
တစ်ခု ဖြစ်တဲ့ Chinalco ပိုင် Toromocho သတ္တုတွင်းလည်း ရှိပါတယ်။ ပီရူးဟာ ကမ္ဘာ့တတိယ အကြီးဆုံး ကြေးနီထုတ်လုပ် တဲ့နိုင်ငံဖြစ်ပြီး
သတ္တုတူးဖော်ရေးက နိုင်ငံ့စီးပွားရေးအတွက် အဓိကကဏ္ဍတစ်ခု ဖြစ်ပါတယ်။
.
အမေရိကန် ဆူနာမီသတိပေးစနစ်ကတော့ ငလျင်ကြောင့်
ဆူနာမီအန္တရာယ် မရှိဘူးလို့ ထုတ်ပြန်ထားပါတယ်။ ပီရူး နိုင်ငံဟာ
မြေငလျင်လှုပ်ခတ်မှု မကြာခဏဖြစ်လေ့ရှိတဲ့ ပစိဖိတ် “မီးကွင်း” ဒေသမှာ
တည်ရှိတာဖြစ်ပါတယ်။
.
Ref – Reuters
.

No comments:
Post a Comment