တောင်ကြီးမြို့၊ ကံကြီးရပ်ကွက်တွင် နေအိမ်ဖောက်ထွင်း ခိုးယူခံရ - Kanbawza Tai News

Kanbawza Tai News

www.kbztainews.com

Breaking

Advertisement

Advertisement
GAZE Amusement

Sunday, November 22, 2026

တောင်ကြီးမြို့၊ ကံကြီးရပ်ကွက်တွင် နေအိမ်ဖောက်ထွင်း ခိုးယူခံရ

.

၂၀၂၆ ခုနှစ်၊ နိုဝင်ဘာလ ၂၂ ရက်

.

ရှမ်းပြည်နယ်မြို့တော် တောင်ကြီးမြို့၊ ကံကြီးရပ်ကွက်ရှိ နေအိမ်တစ်လုံးတွင် နိုဝင်ဘာလ ၂၀ ရက်၊ ညပိုင်းက နေအိမ် ဖောက်ထွင်းခိုးယူခံရမှု ဖြစ်ပွားခဲ့ပြီး ငွေကျပ် သိန်း ၂၀၀ ခန့် ပါသွားခဲ့သည်ဟု သိရသည်။

.

.

“၂၀ ရက်နေ့ညက အဖောက်ခံရတာပါ။ ကလေးတွေ ပွဲသွားကြတာ မနက်မှ ပြန်လာတော့ အဖောက်ခံထားရပြီပေါ့။ သိန်း ၂၀၀ ဝန်းကျင် ပါသွားပါတယ်။ ပွဲတွင်းကာလဆိုတော့ တခြားသူတွေလည်း သတိထားကြဖို့ ပြောချင်ပါတယ်” ဟု နေအိမ်ဖောက်ထွင်း ခိုးယူခံရသူတစ်ဦးက ပြောသည်။

.

မြို့တော် တောင်ကြီးတွင် တန်ဆောင်တိုင်ပွဲတော် ကျင်းပနေချိန်ဖြစ်ရာ မြန်မာပြည်အနယ်နယ်အရပ်ရပ်မှ ဧည့်သည် များ ဝင်ရောက်လည်ပတ်လျက်ရှိပြီး ခိုးဆိုးလုနှိုက် ဒုစရိုက်သမားများလည်း ဝင်ရောက်လာမှု ရှိနေသည့်အတွက် လုံခြုံရေးကို ဂရုပြုရန် လိုအပ်ကြောင်း ဒေသခံများက ပြောဆိုကြသည်။

.

ယင်းကဲ့သို့ မြို့ပေါ်ရပ်ကွက်များရှိ နေအိမ်များတွင် ဖောက်ထွင်းခိုးယူမှုများ အပြင် ပွဲတော်ကျင်းပရာ အဝေရာကွင်း အတွင်း ခါးပိုက်နှိုက် လုယက်မှုများလည်း မကြာခဏ ဖြစ်ပွားနေလျက်ရှိကြောင်း သိရသည်။

.

No comments:

Post a Comment

Pages