.
၂၀၂၆ ခုနှစ်၊ နိုဝင်ဘာလ ၂၂ ရက်
.
တောင်ကြီးတန်ဆောင်တိုင်ပွဲတော်
ရိုးရာမီးပုံးပျံပြိုင်ပွဲ သတ္တမနေ့ဖြစ်သော ယနေ့ နိုဝင်ဘာ ၂၂ ရက်၊ ညပိုင်းတွင်
ညမီးကြီးနှင့် စိန်နားပန်မီးပုံးပျံ စုစုပေါင်း ၁၆ လုံး လွှတ်တင်ယှဉ်ပြိုင်သွားမည်
ဖြစ်ကြောင်း သိရသည်။
.
.ယနေ့ ညပိုင်းတွင် ညမီးကြီး မီးပုံးပျံများ
ဖြစ်သော Shan
United၊ လွိုင်လင်မီး၊ ရတနာတောင်ရိုး၊ စက္က၊ ပွဲစားအို၊ လူချော၊
အိုဇုန်း၊ နဂါးပျံ၊ ပေတူး၊ KBZ Bank ၊ အားသစ် နှင့်
စိန်နားပန် မီးပုံးပျံများ ဖြစ်သော ABC Men Wear ၊ Shan
United ၊ Lucky ၊ မုံတဝတောင်ရိုး၊ KBZ
Bank အဖွဲ့များက အသီးသီး ယှဉ်ပြိုင်လွှတ်တင်သွားမည် ဖြစ်ကြောင်း
သိရသည်။
.
ယနေ့ လွှတ်တင်ကြမည့် ညမီးကြီး
မီးပုံးပျံများအနက် Shan United မီးမှာ ပြီးခဲ့သည့် ၂၀၂၅
ခုနှစ် တန်ဆောင်တိုင်တွင် ပထမဆု (ခေါင်အချင်း ၂၅ ပေ) ရရှိခဲ့သော မီးပုံးပျံ
ဖြစ်ကြောင်းလည်း သိရသည်။
.
တောင်ကြီးမြို့တော် တန်ဆောင်တိုင်ပွဲတော်
ရိုးရာမီးပုံးပျံပြိုင်ပွဲကို နိုဝင်ဘာ ၁၆ ရက်မှ ၂၄ ရက်အထိ တောင်ကြီးမြို့၊ အဝေရာ
မီးပုံးပျံကွင်းအတွင်း ကျင်းပပြုလုပ်နေခြင်းဖြစ်ပြီး ဆုပေးပွဲနှင့် ပိတ်ပွဲကို
နိုဝင်ဘာ ၂၅ ရက်၌ ပြုလုပ်သွားမည် ဖြစ်ကြောင်း သိရသည်။
.

No comments:
Post a Comment