အွန်လိုင်းမှာ ဈေးပေါပေါနဲ့ရောင်းတဲ့ တစ်ရှူးတွေကြောင့် ကျန်းမာရေးအန္တရာယ် ဖြစ်နိုင်ဟု ထိုင်းဆရာဝန် သတိပေး - Kanbawza Tai News

Kanbawza Tai News

www.kbztainews.com

Breaking

Advertisement

Advertisement
GAZE Amusement

Wednesday, November 18, 2026

အွန်လိုင်းမှာ ဈေးပေါပေါနဲ့ရောင်းတဲ့ တစ်ရှူးတွေကြောင့် ကျန်းမာရေးအန္တရာယ် ဖြစ်နိုင်ဟု ထိုင်းဆရာဝန် သတိပေး

.

၂၀၂၆ ခုနှစ်၊ နိုဝင်ဘာလ ၁၈ ရက်

.

ထိုင်းနိုင်ငံမှာ အွန်လိုင်းကနေ ဈေးအရမ်းပေါပေါနဲ့ ရောင်းတဲ့ အရည်အသွေးနိမ့် တစ်ရှူးတွေကြောင့် ကျန်းမာရေး အန္တရာယ်တွေ ဖြစ်နိုင်တယ်လို့ ထိုင်းဆရာဝန်က သတိပေးလိုက်ပါတယ်။

.

.

နိုဝင်ဘာ ၁၆ ရက်မှာ ဒေါက်တာ သနက် အမွန်ပီတက်ကွန် က မောဘဏ်ကလင်းနစ် ဖေ့စ်ဘွတ်ခ် စာမျက်နှာမှာ “တစ်ရှူးအသုံးပြုခြင်းရဲ့ အန္တရာယ်များ” ဆိုတဲ့ ပညာပေးဗီဒီယိုတင်ပြီး ဈေးပေါတဲ့ တစ်ရှူးတွေ ဝယ်ယူရာမှာ သတိထားဖို့ ပြောပါတယ်။

.

ဒေါက်တာသနက်က ဈေးအရမ်းပေါတဲ့ တစ်ရှူးတွေမှာ အရည်အသွေးနိမ့်ပစ္စည်းတွေ အသုံးပြုထား နိုင်ပြီး အဓိက အားဖြင့် ကျန်းမာရေးအန္တရာယ် ၄ မျိုးရှိနိုင်တယ်လို့ ပြောပါတယ်။ အရောင်ဖြူအောင်သုံး တဲ့ ဓာတုပစ္စည်း တွေကြောင့် မျက်နှာ၊ ပါးစပ်နဲ့ အရေပြားမှာ ယားယံခြင်း၊ ဓာတ်မတည့်ခြင်း ဖြစ်နိုင်ပါတယ်။ သန့်ရှင်းမှုမလုံလောက်တဲ့ ပြန်လည် အသုံးပြုစက္ကူတွေကနေ ထုတ်လုပ်ထားရင် အညစ်အကြေးနဲ့ ပိုးမွှားတွေ ပါနိုင်တယ်လို့ဆိုပါတယ်။

.

ဒါ့အပြင် အရည်အသွေးနိမ့်တစ်ရှူးတွေက စက္ကူဖုန်နဲ့ အမျှင်တွေ အများအပြားထွက်နိုင်တာကြောင့် ရှူမိရင် အသက်ရှူ လမ်းကြောင်းကို ထိခိုက်စေနိုင်ပါတယ်။ ထုတ်လုပ်တဲ့အချိန် အပူပေးသန့်စင်မှု မလုံလောက်ရင်လည်း ဘက်တီးရီးယား တွေ ပါဝင်လာနိုင်တယ်လို့ ဆိုပါတယ်။

.

နောက်ထပ် စိုးရိမ်စရာတစ်ခုကတော့ ဒိုင်အောက်စင် (Dioxins) ဖြစ်ပြီး အရောင်ချွတ်တဲ့လုပ်ငန်းစဉ်ကို ကောင်းကောင်းမထိန်းချုပ်နိုင်ရင် ဒီအဆိပ်အတောက်တွေ ဖြစ်ပေါ်နိုင်ပါတယ်။ ဒိုင်အောက်စင်အချို့ကို ရေရှည် ထိတွေ့မိရင် ကင်ဆာဖြစ်နိုင်ခြေ မြင့်တက်နိုင်ပေမယ့် သတ်မှတ်ထားတဲ့ တစ်ရှူးထုတ်ကုန် တွေမှာ ဒိုင်အောက်စင် ပါဝင်နေတယ်ဆိုတဲ့ ဓာတ်ခွဲခန်းစစ်ဆေးချက်တော့ မရှိသေးပါဘူး။

.

ဒါကြောင့် တစ်ရှူးဝယ်တဲ့အခါ ဈေးပေါတာနဲ့ အရေအတွက်များတာကိုပဲ မကြည့်ဘဲ ထုတ်ကုန် အညွှန်းနဲ့ ထုပ်ပိုးမှုကို သေချာစစ်ဆေးပြီး အသိအမှတ်ပြု ဘေးကင်းလုံခြုံရေး လက်မှတ်ရှိတာတွေ၊ ၁၀၀ ရာခိုင်နှုန်း virgin pulp နဲ့ ထုတ်လုပ် ထားတယ်လို့ ဖော်ပြထားတဲ့ တစ်ရှူးတွေကို ရွေးချယ်ဖို့ ဒေါက်တာသနက်က အကြံပြုထားပါတယ်။

.

Ref – Khoasod

.

No comments:

Post a Comment

Pages