.
၂၀၂၆ ခုနှစ်၊ နိုဝင်ဘာလ ၂၈ ရက်
.
အမေရိကန်လေတပ်ရဲ့ အဓိက Cloud One cloud
computing စနစ်ကို ဟက်ကာတွေ ဖောက်ထွင်း ဝင်ရောက်ခဲ့တယ် လို့
ပင်တဂွန်နဲ့ နီးစပ်သူတွေက Reuters ကို ပြောပါတယ်။
ဒီဖောက်ထွင်းမှုကြောင့် အမေရိကန်လေတပ်ရဲ့ အရေးကြီး တဲ့ စစ်ရေး၊ ဝန်ထမ်းရေးရာနဲ့
ထောက်ပံ့ပို့ဆောင်ရေးဆိုင်ရာ အချက် အလက်အများအပြား ထိခိုက်နိုင်တဲ့ အခြေအနေ
ရှိနေပါတယ်။
.
.Cloud One စနစ်ကို အဆင့်မြှင့်တင်နေချိန်အတွင်း
လွန်ခဲ့တဲ့ တစ်လလောက်က ဖောက်ထွင်းခံထား ရတာကို ရှာဖွေ တွေ့ရှိခဲ့တာဖြစ်ပြီး
အဲဒီနောက် စနစ်တစ်ခုလုံးမှာ လုပ်ငန်းဆောင်ရွက်မှုတွေ ထိခိုက်ခဲ့တယ်လို့
သတင်းရင်းမြစ် ၂ ဦးက ပြောပါတယ်။ ဒါပေမဲ့ ဟက်ကာတွေ ဘယ်သူတွေလဲ၊ ဘယ်လောက်အထိ
ဖောက်ထွင်းနိုင်ခဲ့လဲ၊ အချက်အလက်တွေ ခိုးယူခံခဲ့ရလားဆိုတာကိုတော့ Reuters က အတည်မပြုနိုင်သေးပါဘူး။
.
အမေရိကန်လေတပ်ကတော့ သီးခြားကွန်ရက်နဲ့
စနစ်တွေရဲ့ လုံခြုံရေးအခြေအနေ၊ အားနည်းချက်တွေ နဲ့ လုပ်ငန်း ဆောင်ရွက်မှုအခြေအနေတွေကို
မှတ်ချက်ပေးမှာမဟုတ်ဘူးလို့ Reuters ကို ပြောပါတယ်။ ဒါပေမဲ့
လေတပ်ရဲ့ အချက် အလက်တွေ၊ စနစ်တွေနဲ့ လုပ်ငန်းစွမ်းဆောင်ရည်တွေကို ကာကွယ်ဖို့
လိုအပ် တဲ့ လုံခြုံရေးအစီအမံတွေကို ဆက်လက် လုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။
.
Cloud One ကို ၂၀၁၇ ခုနှစ်မှာ စတင်ခဲ့တာဖြစ်ပြီး
အမေရိကန်လေတပ်ရဲ့ IT လိုအပ်ချက်တွေကို တစ်နေရာတည်း ကနေ
ဖြည့်ဆည်းပေးနိုင်ဖို့ ရည်ရွယ်ထားတာပါ။ Microsoft၊ Amazon၊ Oracle နဲ့ Alphabet တို့ရဲ့
cloud အရင်းအမြစ် တွေကို ပေါင်းစပ်အသုံးပြုပြီး
ဝန်ထမ်းအချက်အလက်၊ လစာ၊ ထောက်ပံ့ပို့ဆောင်ရေးနဲ့ ပြုပြင်ထိန်းသိမ်းရေးဆိုင်ရာ
စနစ်တွေ အပါအဝင် application အများ အပြားကို
လည်ပတ်ပေးနေပါတယ်။
.
အဲဒီထဲမှာ မြောက်အမေရိကတစ်ဝန်းက
လေကြောင်းရန်ကာကွယ်ရေး ရေဒါနဲ့ အခြားအချက် အလက်တွေကို စုစည်း ပေးတဲ့ Cloud-Based
Command and Control စနစ်နဲ့ ကမ္ဘာတစ်ဝန်း အမေရိကန်လေတပ်ရဲ့
နေရာပေါင်း ၂၀၀ ကျော်မှာရှိတဲ့ ဗုံးနဲ့ ဒုံးကျည်တွေကို ခြေရာခံတဲ့ Theater
Integrated Combat Munitions System လည်း ပါဝင် ပါတယ်။
.
Cloud One ဟာ အမေရိကန်စစ်တပ်ရဲ့ အကြီးမားဆုံး cloud
platform တွေထဲက တစ်ခုဖြစ်တယ်လို့ သတင်းရင်းမြစ် ၂ ဦးက ပြောပါတယ်။
သတင်းရင်းမြစ်တစ်ဦးကတော့ “ဒီနေရာမှာ ဖောက်ထွင်းခံ ရတာက အရေးကြီးတဲ့ကိစ္စပါ” လို့
ပြောပါတယ်။
.
ဖောက်ထွင်းမှုကြောင့် ဖြစ်ပေါ်လာတဲ့
ထိခိုက်မှုတွေကို စစ်ဆေးဖို့ အမေရိကန်စစ်တပ်ရဲ့ ဆိုက်ဘာတပ်ဖွဲ့ဖြစ်တဲ့ Cyber
Command ကို ခေါ်ယူထားတယ်လို့ သတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။
.
ဖောက်ထွင်းမှုကို ရှာဖွေတွေ့ရှိပြီးနောက် Cloud
One ကို အသုံးပြုပြီး နောက်ကွယ်ပိုင်း application တွေကို ရွှေ့ပြောင်းတဲ့ လုပ်ငန်းတွေကို ရပ်ထားရပါတယ်။ Cloud One ပေါ်မှာ လည်ပတ်နေပြီးသား application တွေကို လည်း update
လုပ်ခွင့် ပိတ်ထားတာကြောင့် လေတပ်ဝန်ထမ်းတွေဟာ ဆော့ဖ်ဝဲ လုံခြုံရေး
အားနည်းချက်အသစ်တွေ ထွက်ပေါ်လာချိန်မှာတောင် ပြင်ဆင်မှုတွေ လုပ်နိုင်ခြင်း
မရှိတော့ပါဘူး။ သုံးစွဲသူတချို့ရဲ့ administrator အခွင့်အရေး
တွေကိုလည်း ပြန်လည်ရုပ်သိမ်းထား တယ်လို့ သတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။
.
ဒီဖောက်ထွင်းမှု သတင်းထွက်ပေါ်လာချိန်ဟာ AI
အသုံးပြုတဲ့ ဆိုက်ဘာဖောက်ထွင်းမှုတွေအပေါ် စိုးရိမ်မှုတွေ
မြင့်တက်နေချိန်လည်း ဖြစ်ပါတယ်။ Cloud-based network တွေမှာတော့
AI စနစ်တွေက အားနည်းချက်တွေကို နေရာအကျယ်အဝန်းကြီးအတွင်း
လျင်မြန်စွာ ရှာဖွေနိုင်တာကြောင့် ဒီလိုတိုက်ခိုက်မှုတွေဟာ အထူးစိုးရိမ်စရာ ဖြစ်လာ
ပါတယ်။
.
အမေရိကန်အစိုးရဟာ မကြာသေးခင်က
ထုတ်ဖော်ပြောဆိုခဲ့တဲ့ ဆိုက်ဘာတိုက်ခိုက်မှု အနည်းဆုံး ၆ ခုရဲ့ နောက်ဆက် တွဲပြဿနာတွေကိုလည်း
ရင်ဆိုင်နေရပါတယ်။ အဲဒီထဲမှာ FBI ကို တိုက်ခိုက်မှု ၂ ခု၊
ပင်တဂွန်အချက်အလက် ဖောက် ထွင်းခံရမှု၊ အမိမြေလုံခြုံရေးဌာန ဝန်ထမ်းအချက်အလက်
ပေါက်ကြားမှု၊ ထောက်လှမ်းရေးအေဂျင်စီ အနည်းဆုံး ၂ ခုကို ထိခိုက်ခဲ့တဲ့
ဖောက်ထွင်းမှုနဲ့ ဘဏ္ဍာရေး ဝန်ကြီးဌာနကို တိုက်ခိုက်မှုတို့ ပါဝင်ပါတယ်။
.
Cloud One ဟာ အရင်ကတည်းက ဟက်ကာတွေရဲ့
ပစ်မှတ်ဖြစ်ခဲ့ပါတယ်။ ၂၀၂၃ ခုနှစ်မှာ အွန်လိုင်း မီဒီယာ Fed Scoop မှာ ဖော်ပြခဲ့တဲ့ ဆောင်းပါးတစ်ပုဒ်မှာ Cloud One တာဝန်ရှိသူတွေက
စနစ်ကို ဖောက်ထွင်းဝင်ရောက်ဖို့ ကြိုးပမ်းမှု အများအပြားကို တားဆီးနိုင်ခဲ့ပြီး
၁၀၀ ရာခိုင်နှုန်း အောင်မြင်မှုရှိ တယ်လို့ ပြောထားပါတယ်။ လုံခြုံရေး ပိုင်းမှာ
အမှားလုပ်ဖို့ နေရာမရှိဘူးလို့လည်း Cloud One တာဝန်ရှိသူတွေက
ရေးသားထားပါတယ်။
.
Ref – CNA
.

No comments:
Post a Comment