ဗီယက်နမ်မှာ စားသောက်ဆိုင်တစ်ဆိုင် ပေါက်ကွဲပြီး အနည်းဆုံး လူ ၆ ဦး သေဆုံး - Kanbawza Tai News

Kanbawza Tai News

www.kbztainews.com

Breaking

Advertisement

Advertisement
GAZE Amusement

Wednesday, November 25, 2026

ဗီယက်နမ်မှာ စားသောက်ဆိုင်တစ်ဆိုင် ပေါက်ကွဲပြီး အနည်းဆုံး လူ ၆ ဦး သေဆုံး

.

၂၀၂၆ ခုနှစ်၊ နိုဝင်ဘာလ ၂၅ ရက်

.

ဗီယက်နမ်နိုင်ငံ မြို့တော်ဟနွိုင်းမြို့မှာ လူနေအိမ်တွေ ထူထပ်တဲ့ ဒေါင်ဒါခရိုင်က စားသောက်ဆိုင် တစ်ဆိုင်မှာ အင်္ဂါနေ့ မနက် ၈ နာရီခန့်က ပေါက်ကွဲမှုဖြစ်ပွားခဲ့တာကြောင့် အနည်းဆုံး လူ ၆ ဦး သေဆုံးပြီး ၁၀ ဦး ဒဏ်ရာရခဲ့တယ်လို့ ဒေသအာဏာပိုင်တွေက ပြောပါတယ်။

.

.

ပေါက်ကွဲမှုကြောင့် အနီးအနားက အဆောက်အအုံတွေနဲ့ နေအိမ်တွေ ထိခိုက်ပျက်စီးခဲ့သလို ပြတင်းပေါက်မှန်တွေ ကွဲထွက်ပြီး သံတံခါးတွေလည်း ပြုတ်ထွက်သွားခဲ့ပါတယ်။ ပေါက်ကွဲမှုဖြစ်ချိန်မှာ စားသောက်ဆိုင်အတွင်း လူအများ အပြား ရှိနေခဲ့တယ်လို့ ဒေသတွင်းမီဒီယာတွေက ဖော်ပြပါတယ်။

.

ဗီယက်နမ်ပြည်သူ့လုံခြုံရေးဝန်ကြီးဌာနကတော့ ပေါက်ကွဲမှုဟာ ချက်ပြုတ်ရာမှာ အသုံးပြုတဲ့ ဓာတ်ငွေ့နဲ့ ဆက်စပ် နိုင်တယ်လို့ ယူဆထားပါတယ်။ အပျက်အစီးတွေအောက်မှာ လူတွေ ပိတ်မိနေနိုင်သေးတာကြောင့် ကယ်ဆယ်ရေး အဖွဲ့တွေက နာရီပေါင်းများစွာ ရှာဖွေကယ်ဆယ်ရေး လုပ်ဆောင်ခဲ့ရပါတယ်။

.

အနီးအနားမှာ နေထိုင်သူတစ်ဦးက ပေါက်ကွဲသံဟာ အလွန်ကျယ်လောင်ခဲ့ပြီး အလင်းရောင်တစ်ချက် လက်သွားပြီး နောက် တံခါးတွေ၊ မှန်တွေနဲ့ ပတ်ဝန်းကျင်က ပစ္စည်းတွေ အားလုံး လွင့်စင်ထွက် သွားခဲ့တယ်လို့ ပြောပါတယ်။

.

ပေါက်ကွဲမှုဖြစ်ခဲ့တဲ့ စားသောက်ဆိုင်ဟာ တိုက်ခန်းအဆောက်အအုံတစ်ခုရဲ့ မြေညီထပ်မှာ တည်ရှိတာဖြစ်ပြီး အဆောက်အအုံလည်း ပြိုကျပျက်စီးလုနီးပါး ဖြစ်သွားခဲ့ပါတယ်။ လမ်းပေါ်မှာ အပျက်အစီးတွေ ပြန့်ကျဲနေပြီး ကားနဲ့ ဆိုင်ကယ်တချို့လည်း ပျက်စီးကာ တိမ်းမှောက်ခဲ့ပါတယ်။

.

မီးသတ်သမားတွေနဲ့ ကယ်ဆယ်ရေးဝန်ထမ်း ဒါဇင်နဲ့ချီပြီး အခင်းဖြစ်နေရာကိုရောက်ရှိခဲ့ပေမဲ့ ပေါက်ကွဲမှုဖြစ်ပြီး ၄ နာရီ ကျော်ကြာတဲ့အထိ အပျက်အစီးတွေကြားမှာ ရှာဖွေကယ်ဆယ်ရေး ဆက်လုပ်နေခဲ့ရပါတယ်။ အဆောက်အအုံတွေ မလုံခြုံတော့ဘူးလို့ သတ်မှတ်ထားတဲ့ အနီးအနား နေရာတွေက ပြည်သူတွေကိုလည်း ဘေးလွတ်ရာ ရွှေ့ပြောင်း ပေးထားတယ်လို့ ဗီယက်နမ်သတင်း မီဒီယာတွေက ဖော်ပြပါတယ်။

.

Ref – Aljazeera

.

No comments:

Post a Comment

Pages