ကိုလံဘီယာ စူပါမားကတ်တစ်ခုမှာ လူ ၂၀ ကျော်ကို လက်နက်ကိုင်အဖွဲ့က ဓားစာခံအဖြစ် ဖမ်းဆီးထား - Kanbawza Tai News

Kanbawza Tai News

www.kbztainews.com

Breaking

Advertisement

Advertisement
GAZE Amusement

Wednesday, November 25, 2026

ကိုလံဘီယာ စူပါမားကတ်တစ်ခုမှာ လူ ၂၀ ကျော်ကို လက်နက်ကိုင်အဖွဲ့က ဓားစာခံအဖြစ် ဖမ်းဆီးထား

.

၂၀၂၆ ခုနှစ်၊ နိုဝင်ဘာလ ၂၅ ရက်

.

ကိုလံဘီယာနိုင်ငံ ကာတာဟေးနားမြို့က စူပါမားကတ်တစ်ခုမှာ လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့က လူ ၂၀ ဦးထက်မနည်းကို ဓားစာခံအဖြစ် ဆက်လက်ဖမ်းဆီးထားပြီး ဓားစာခံ ၁၀ ဦးကိုတော့ ပြန်လွှတ်ပေးခဲ့ တယ်လို့ သမ္မတ အဘယ်လာဒို ဒီလာ အက်စ်ပရီယာနဲ့ ရဲတပ်ဖွဲ့က နိုဝင်ဘာ ၂၄ ရက်မှာ ပြောပါတယ်။

.

.

အဲဒီလက်နက်ကိုင်အဖွဲ့ဟာ ကုန်တိုက်တစ်ခုကနေ ငွေသားတွေ သယ်ဆောင်လာတဲ့ သံချပ်ကာ ငွေသယ်ယာဉ်ကို လုယက်ဖို့ ကြိုးစားခဲ့ပေမဲ့ ရဲတပ်ဖွဲ့က အလျင်အမြန် တုံ့ပြန်တားဆီးနိုင်ခဲ့တာကြောင့် အနီးနားက အက်ဆီတို စူပါမားကတ်ဆိုင်ခွဲထဲ ဝင်ရောက်ခိုအောင်းပြီး အဲဒီမှာရှိနေသူတွေကို ဓားစာခံအဖြစ် ဖမ်းဆီးခဲ့တာလို့ သမ္မတက ပြောပါတယ်။

.

ဖြစ်စဉ်ဖြစ်ပွားရာ ကာတာဟေးနားမြို့ လာကတ်စတယ်လာရပ်ကွက်က စူပါမားကတ်အပြင်ဘက်မှာ လက်နက်အပြည့် အစုံ ကိုင်ဆောင်ထားတဲ့ စစ်သားတွေနဲ့ ရဲတပ်ဖွဲ့ဝင် အများအပြားကို တွေ့ရပါတယ်။ ဓားစာခံတွေကို ဘေးကင်းစွာ ပြန်လည်လွတ်မြောက်လာနိုင်ဖို့ လူအင်အား၊ နည်းပညာနဲ့ အထူးကျွမ်းကျင်တဲ့ အဖွဲ့တွေ အားလုံးကို ဖြန့်ကြက်ထားပြီး သက်ဆိုင်ရာဌာနတွေ ပူးပေါင်းဆောင်ရွက် နေတယ်လို့ ရဲတပ်ဖွဲ့က လူမှုကွန်ရက်ကနေ ထုတ်ပြန်ထားပါတယ်။

.

ဓားစာခံဖမ်းဆီးထားသူတွေနဲ့ ဓားစာခံတွေရဲ့ အမည်၊ အချက်အလက်တွေကိုတော့ အာဏာပိုင်တွေက ချက်ချင်း ထုတ်ဖော်ပြောဆိုခြင်း မရှိသေးပါဘူး။ ဒါပေမဲ့ ဖမ်းဆီးခံထားရသူတွေကို ပြန်လည်လွ တ်မြောက်အောင် လုပ်ဆောင် ပေးမယ်လို့ သမ္မတ ဒီလာ အက်စ်ပရီယာက ကတိပြုပြောဆိုပါတယ်။

.

ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး သမ္မတက ပြောဆိုခဲ့ချိန်မှာတော့ ဗီယာဗီဆင်စီယိုမြို့မှာ ဖြစ်ပွားခဲ့တဲ့ ကားဗုံးပေါက်ကွဲမှုအပြီး အဲဒီမြို့ကို သွားရောက်ခဲ့တာ ဖြစ်ပါတယ်။ အဲဒီပေါက်ကွဲမှုကြောင့် လူ ၂၂ ဦး ဒဏ်ရာရခဲ့ပြီး အစိုးရကတော့ ၂၀၁၆ ခုနှစ် ငြိမ်းချမ်းရေးသဘောတူညီချက်ကို လက်မခံတဲ့ FARC သူပုန်ဟောင်းတွေရဲ့ အဖွဲ့ဝင်တွေကို အပြစ်တင်ထားပါတယ်။

.

ကိုလံဘီယာနိုင်ငံမှာ လက်ဝဲသူပုန်အဖွဲ့တွေ၊ အစိုးရတပ်တွေနဲ့ နောက်ပိုင်းမှာ ရာဇဝတ်ဂိုဏ်းတွေ ဖြစ်လာတဲ့ လက်ယာ စွန်း လက်နက်ကိုင်အဖွဲ့တွေကြား ပဋိပက္ခဟာ ကိုကင်းမူးယစ်ဆေးဝါး ကုန်သွယ်မှုနဲ့ ဆက်စပ်ပြီး နှစ်ပေါင်း ၆၀ ကျော် ကြာ ဖြစ်ပွားနေခဲ့တာပါ။

.

၂၀၁၆ ခုနှစ်မှာ အစိုးရနဲ့ အဓိကသူပုန်အဖွဲ့ဖြစ်တဲ့ FARC တို့ ငြိမ်းချမ်းရေးသဘောတူညီချက် ရရှိခဲ့ပေမဲ့ ရာဇဝတ်ဂိုဏ်း တွေက အင်အားကြီးမားနေဆဲဖြစ်သလို သူပုန်အဖွဲ့ငယ်တွေလည်း ဆက်လက်လှုပ်ရှားနေပါတယ်။

.

တစ်ဖက်မှာလည်း ဗီယာဗီဆင်စီယိုမြို့ရှိ အစိုးရရုံးတွေအနီးမှာ ဖြစ်ပွားခဲ့တဲ့ ကားဗုံးပေါက်ကွဲမှုကြောင့် အိမ်နဲ့ စီးပွားရေး လုပ်ငန်းတွေအပါအဝင် အဆောက်အအုံ ၅၀၀ ခန့် ထိခိုက်ပျက်စီးခဲ့တယ်လို့ မြို့တော်ဝန် အလက်ဇန္ဒားဘာကွဲရို ဆာနာ ဘရီယာက ပြောပါတယ်။ ဒဏ်ရာရသူအများစုဟာ မပြင်းထန်ပေမဲ့ တစ်ဦးကတော့ ခွဲစိတ်ကုသမှုခံယူပြီးနောက် အခြေ အနေ တည်ငြိမ်နေတယ်လို့ ဆိုပါတယ်။

.

အဲဒီပေါက်ကွဲမှုအတွက် ဘယ်အဖွဲ့ကမှ တာဝန်ယူကြောင်း ထုတ်ပြန်ထားတာ မရှိသေးပါဘူး။ သမ္မတ ဒီလာ အက်စ်ပရီယာကတော့ တိုက်ခိုက်မှုမှာ တာဝန်ရှိသူတွေကို အရေးယူသွားမှာဖြစ်ပြီး လူအသက်ဆုံးရှုံးမှုနဲ့ ပျက်စီးဆုံးရှုံးမှု တွေအတွက် အပြစ်ပေးခံရမယ်လို့ သတိပေးပြောဆိုထားပါတယ်။

.

Ref – Reuters

.

No comments:

Post a Comment

Pages