ကျောက်မဲမြို့နယ်တွင် စိတ်ကြွဆေးပြား ၂ သောင်းကျော် ဖမ်းမိ - Kanbawza Tai News

Kanbawza Tai News

www.kbztainews.com

Breaking

Advertisement

Advertisement
GAZE Amusement

Sunday, November 15, 2026

ကျောက်မဲမြို့နယ်တွင် စိတ်ကြွဆေးပြား ၂ သောင်းကျော် ဖမ်းမိ

.

၂၀၂၆ ခုနှစ်၊ နိုဝင်ဘာလ ၁၅ ရက်

.

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့နယ်တွင် နိုဝင်ဘာလ ၁၃ ရက်၊ ညနေပိုင်းက စိတ်ကြွရူးသွပ်ဆေးပြား ၂ သောင်းကျော်ကို သယ်ဆောင်ရောင်းဝယ်သူများနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

.

.

မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် နိုဝင်ဘာလ ၁၃ ရက်၊ ညနေ ၄ နာရီခွဲခန့်က ကျောက်မဲမြို့နယ်၊ ဗူးခါးကျေးရွာအနီး၊ ကျောက်မဲ-သီပေါသွားကားလမ်းတွင် မော်တော်ယာဉ်များအား စစ်ဆေးရှာဖွေစဉ် စိုင်းစံလှ မောင်းနှင်လာသည့် မော်တော်ဆိုင်ကယ်အား ရပ်တန့်စစ်ဆေးရှာဖွေခဲ့ကြောင်း သိရသည်။

.

ထိုသို့ ရှာဖွေရာတွင် ၎င်းထံမှ စိတ်ကြွဆေးပြား ၂၂၀၀၀ ပြား၊ ဒေသကာလတန်ဖိုးငွေကျပ်သိန်း ၁၁၀ အား တွေ့ရှိ သိမ်းဆည်းရမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

.

ဆက်လက်ပြီး ကွင်းဆက်ဖော်ထုတ်ချက်အရ ယင်းနေ့ ညနေ ၅ နာရီခွဲခန့်တွင် ယင်းစိတ်ကြွရူးသွပ်ဆေးပြားများအား သယ်ဆောင်ရောင်းဝယ်ရာတွင် ပူးပေါင်းပါဝင်သူ မမိမိခိုင် (ခ) မခိုင် အား ၎င်းနေထိုင်သည့် ကျောက်မဲမြို့၊ အုတ်ကျင်း (၁) ရပ်ကွက်ရှိ နေအိမ်တွင် ထပ်မံဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

.

အဆိုပါ စိတ်ကြွရူးသွပ်ဆေးပြားများနှင့်အတူ ဖမ်းဆီးရမိသူ စိုင်းစံလှ နှင့် မမိမိခိုင် (ခ) မခိုင် တို့နှစ်ဦးအား ကျောက်မဲ မြို့မရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အမှုဖွင့်အရေးယူပြီး ကွင်းဆက်များ ဖော်ထုတ်စစ်ဆေးလျက်ရှိကြောင်း သိရသည်။

.

No comments:

Post a Comment

Pages