.
၂၀၂၆ ခုနှစ်၊ နိုဝင်ဘာလ ၁၅ ရက်
.
ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် စိုင်းထိန်စိုးနှင့်
ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တာဝန်ရှိသူများ သည် ယနေ့ နိုဝင်ဘာလ ၁၅ ရက်၊ နေ့လယ်ပိုင်းက
တောင်ကြီးမြို့၊ အဝေရာမီးပုံးပျံကွင်းအတွင်း တန်ဆောင်တိုင် ပွဲတော် ဖွင့်ပွဲအတွက် ကြိုတင်ပြင်ဆင်
ဆောင်ရွက်ထားမှု အခြေအနေများကို ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။
.
.ထိုသို့ စစ်ဆေးရာတွင် သက်ဆိုင်ရာ ကော်မတီများအလိုက်
တာဝန်ရှိသူများ၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူ များက တောင်ကြီးတန်ဆောင်တိုင်ပွဲတော်
ဖွင့်ပွဲအတွက် ကြိုတင်ပြင်ဆင် ဆောင်ရွက်ထားမှု အခြေအနေများကို ရှင်းလင်း တင်ပြရာ ပြည်နယ်ဝန်ကြီးချုပ်က
လိုအပ်သည်များကို လမ်းညွှန်မှာကြားပြီး ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေး ခဲ့ကြောင်း
သိရသည်။
.
၂၀၂၆ ခုနှစ်၊ တောင်ကြီးတန်ဆောင်တိုင်ပွဲတော် ဖွင့်ပွဲကို
နိုဝင်ဘာလ ၁၆ ရက်၊ ညနေပိုင်း၌ တောင်ကြီးမြို့, အဝေရာ မီးပုံးပျံကွင်းအတွင်း ပြုလုပ်သွားမည်ဖြစ်ပြီး
ဖွင့်ပွဲတွင် တိုင်းရင်းသားယဉ်ကျေးမှု အကအဖွဲ့များ၊ အခြေခံပညာကျောင်း များမှ ကျောင်းသား/သူများက
တန်ဆောင်တိုင်ဖွင့်ပွဲတေးသီချင်းဖြင့် ဖျော်ဖြေတင်ဆက် ကပြကာ မီးပုံးပျံအလုံးငယ် တစ်ထောင်ကျော်
လွှတ်တင်သွားမည်ဖြစ်ကြောင်း သိရသည်။
.
ထို့နောက် ညလွှတ် ညမီးကြီးနှင့် စိန်နားပန် မီးပုံးပျံပြိုင်ပွဲကို
ဆက်လက်ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
.
မီးပုံးပျံပြိုင်ပွဲကို နိုဝင်ဘာလ ၁၆ ရက်မှ ၂၄ ရက်အထိ
အဝေရာမီးပုံးပျံကွင်းအတွင်း ပြုလုပ်သွားမည်ဖြစ်ပြီး ဆုပေးပွဲ နှင့် ပွဲတော် ပိတ်ပွဲကို
နိုဝင်ဘာ ၂၅ ရက်၊ ညပိုင်း၌ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
.
နေ့လွှတ်အရုပ် မီးပုံးပျံများမှာ ပြိုင်ပွဲဝင်အဖွဲ့
အရေအတွက် များပြားသည့်အတွက် ပွဲတော်ဖွင့်ပွဲ မစတင်မီ နိုဝင်ဘာ ၁၃ ရက်ကတည်းက စတင်လွှတ်တင်ယှဉ်ပြိုင်နေခြင်းဖြစ်ကြောင်း
သိရသည်။
.
တောင်ကြီးတန်ဆောင်တိုင်ပွဲတော်အတွင်း ရိုးရာမီးပုံးပျံပြိုင်ပွဲအပြင်
မီးပဒေသာလှည့်လည်ပူဇော်ပြိုင်ပွဲ၊ မြို့လုံးကျွတ် ဘုံကထိန် လှည့်လည်ပူဇော်ပွဲ၊ မသိုးသင်္ကန်းရက်လုပ်ပူဇော်ပြိုင်ပွဲများကိုလည်း
နှစ်စဉ် ကျင်းပမြဲအတိုင်း ထည့်သွင်း ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
.
.jpg)
No comments:
Post a Comment