စစ်မှုထမ်းဆင့်ခေါ်ရာတွင် လူစားထိုးခြင်း၊ ငွေကြေးကောက်ခံခြင်း၊ ညအချိန်ဖမ်းဆီးခေါ်ဆောင်ခြင်း၊ အဓမ္မ ခြိမ်းခြောက် ခေါ်ဆောင်ခြင်းများကို ထိရောက်စွာ အရေးယူမည်ဟု ထုတ်ပြန် - Kanbawza Tai News

Kanbawza Tai News

www.kbztainews.com

Breaking

Advertisement

Advertisement
GAZE Amusement

Saturday, November 21, 2026

စစ်မှုထမ်းဆင့်ခေါ်ရာတွင် လူစားထိုးခြင်း၊ ငွေကြေးကောက်ခံခြင်း၊ ညအချိန်ဖမ်းဆီးခေါ်ဆောင်ခြင်း၊ အဓမ္မ ခြိမ်းခြောက် ခေါ်ဆောင်ခြင်းများကို ထိရောက်စွာ အရေးယူမည်ဟု ထုတ်ပြန်

.

၂၀၂၆ ခုနှစ်၊ နိုဝင်ဘာလ ၂၁ ရက်

.

ပြည်သူ့စစ်မှုထမ်း ဆင့်ခေါ်ရာတွင် လူစားထိုးခြင်း၊ ငွေကြေးကောက်ခံခြင်း၊ ညအချိန် ဖမ်းဆီးခေါ်ဆောင်ခြင်း၊ အတင်း အဓမ္မ ခြိမ်းခြောက်ခေါ်ဆောင်ခြင်း၊ တရားမဝင်ငွေကြေးကောက်ခံခြင်းများ လျော့နည်းပပျောက်စေရေး အတွက် ပြည်ထဲရေးဝန်ကြီးဌာနနှင့် ညှိနှိုင်း၍ ထိထိရောက်ရောက် ဖော်ထုတ် အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးဗဟိုအဖွဲ့က ထုတ်ပြန်ကြေညာထားသည်ဟု သိရသည်။

.

.

ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးလုပ်ငန်းစဉ်များအား ပြည်သူ့စစ်မှု အဆင့်ဆင့်သော ဆင့်ခေါ်ရေးအဖွဲ့များက ဥပဒေ၊ နည်းဥပဒေ သတ်မှတ်ချက်များအတိုင်း စနစ်တကျ ကြပ်မတ်ဆောင်ရွက်လျက်ရှိသော်လည်း အချို့သော ပြည်သူ့ စစ်မှုထမ်းဆောင်ရန် အလှည့်ကျသူများ အနေဖြင့် ပြည်သူ့စစ်မှုထမ်းဆောင်ရမည့် အမျိုးသားရေး တာဝန်ကို ရှောင်လွှဲ လိုသဖြင့် အခြားရပ်ရွာများသို့ ရှောင်တိမ်းခြင်း၊ ပြည်ပသို့ ထွက်ခွာခြင်း၊ အခကြေးငွေဖြင့် လူအစားထိုးခြင်းများ ပြုလုပ် လျက်ရှိပြီး ထိုသို့ ရှောင်တိမ်းသူများအား ပြည်သူ့စစ်မှုထမ်းဆင်းခေါ်ရေးအဖွဲ့များက စောင့်ကြည့်ခေါ်ဆောင်ခြင်းများ ပြုလုပ်နေကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

.

ထိုသို့ ဆင်ခေါ်ရာတွင် အချို့မြို့ရွာများ၌ မသမာသူများက တာဝန်ရှိသူများအဖြစ် အယောင်ဆောင်ပြီး အဓမ္မဖမ်းဆီး ငွေကြေးရယူကာ ပြည်သူ့စစ်မှုထမ်းအဖြစ် စာရင်းသွင်း ဝင်ရောက်စေခြင်း၊ အချို့ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများ အနေဖြင့် ၎င်းတို့၏ ရပ်ကွက်၊ ကျေးရွာများမှ ပြည်သူ့စစ်မှုထမ်းဆောင်ရန် သွားရောက်မည့်သူများကို ထောက်ပံ့ပေးရန် အကြောင်းပြ၍ လစဉ် ငွေကြေးကောက်ခံခြင်း၊ ရှောင်တိမ်းသူများအစား အခကြေးငွေပေး၍ လူစားထိုး ထမ်းဆောင် စေခြင်းများပြုလုပ်ရန် တရားမဝင်ငွေကြေး ကောက်ခံခြင်းများ ဖြစ်ပေါ်နေကြောင်း သိရသည်။

.

ယင်းကဲ့သို့ အဓမ္မဖမ်းဆီးဆင့်ခေါ်ခြင်း၊ တရားမဝင် ငွေကြေးကောက်ခံခြင်း များသည် တရားမဝင်လုပ်ဆောင် နေမှုများ ဖြစ်သဖြင့် ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးဗဟိုအဖွဲ့နှင့် ပြည်ထဲရေး ဝန်ကြီးဌာနတို့မှ အထူးအလေးထား စိစစ်ဖော်ထုတ် အရေးယူမှုများ ပြုလုပ်လျက်ရှိရာ ၂၀၂၆ ခုနှစ်၊ အောက်တိုဘာလ ၃၁ ရက်နေ့အထိ ငွေကြေးဆိုင်ရာ ၄၉ မှု၊ တရားခံ ၁၀၂ ဦးနှင့် အဓမ္မဆင့်ခေါ်မှုဆိုင်ရာ ၂၂ မှု၊ တရားခံ ၉၇ ဦး၊ စုစုပေါင်း ၇၁ မှု၊ တရားခံ ၁၉၉ ဦးတို့အား အရေးယူထားရှိပြီး ဖြစ်ကြောင်း သိရသည်။

.

ထို့အပြင် ပြည်သူ့ စစ်မှုထမ်း ဆင့်ခေါ်ရေး ဗဟိုအဖွဲ့သို့ တိုင်ကြားလာမှုကြောင့် အရေးယူရသည့် ငွေကြေး ဆိုင်ရာ ၁၈၂ မှုတွင် အရေးယူပြီးစီးမှု ၉၁ မှု၊ စိစစ်ဆဲ ၅၆ မှု၊ မမှန်မကန်တိုင်ကြားမှု ၃၅ မှုနှင့် အဓမ္မ ဆင့်ခေါ်မှုဆိုင်ရာ ၄၃ မှုတွင် အရေးယူပြီးစီးမှု ၁၇ မှု၊ စိစစ်ဆဲ ၁၄ မှု၊ မမှန်မကန်တိုင်ကြားမှု ၁၂ မှု ရှိခဲ့ပြီး ဥပဒေများနှင့်အညီ ထိရောက်စွာ အရေးယူထားပြီး ဖြစ်ကြောင်း သိရသည်။

.

ယင်းကဲ့သို့ ပြည်သူ့စစ်မှုထမ်း လူစာထိုးခြင်း၊ ငွေကြေးကောက်ခံခြင်း၊ ညအချိန်ဖမ်းဆီးခေါ်ဆောင်ခြင်း၊ အဓမ္မ ခြိမ်းခြောက် ခေါ်ဆောင်ခြင်း၊ တရားမဝင် ငွေကြေးကောက်ခံခြင်းများနှင့် ပတ်သက်၍ ပြည်သူများအနေဖြင့် သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် ထုတ်ပြန်ထားသည့် ဖုန်းနံပါတ်များအား သတင်းပေးပို့ တိုင်ကြားနိုင်ကြောင်း သိရသည်။

.

No comments:

Post a Comment

Pages