ဗြိတိန်နဲ့ အီးယူ အနာဂတ်ဆက်ဆံရေး ဆွေးနွေးဖို့ ပြင်ဆင် - Kanbawza Tai News

Kanbawza Tai News

www.kbztainews.com

Breaking

Advertisement

Advertisement
GAZE Amusement

Saturday, November 21, 2026

ဗြိတိန်နဲ့ အီးယူ အနာဂတ်ဆက်ဆံရေး ဆွေးနွေးဖို့ ပြင်ဆင်

.

၂၀၂၆ ခုနှစ်၊ နိုဝင်ဘာလ ၂၁ ရက်

.

ဗြိတိန်နဲ့ ဥရောပသမဂ္ဂ (EU) တို့က နိုဝင်ဘာ ၂၀ ရက် ထိပ်သီးဆွေးနွေးပွဲမှာ အစားအသောက် ကုန်သွယ်ရေး စစ်ဆေးမှုတွေ လျှော့ချရေး၊ လူငယ်တွေ အလုပ်နဲ့ ပညာသင်ကြားဖို့ အပြန်အလှန် သွားလာခွင့်နဲ့ ကာဗွန်ဈေးကွက် ချိတ်ဆက်ရေးတို့ကို သဘောတူခဲ့ပါတယ်။ ဒါပေမဲ့ တက္ကသိုလ် ကျောင်းလခ လျှော့ချရေးကိစ္စကိုတော့ ၆ လ ရွှေ့ဆိုင်း ခဲ့ပြီး နှစ်ဖက်ရဲ့ ရေရှည်ဆက်ဆံရေးကို ဘယ်လိုဆက်သွားမလဲဆိုတာ ဆက်လက်ဆွေးနွေးဖို့ လမ်းဖွင့်ထားပါတယ်။

.

.

ဗြိတိန်ဝန်ကြီးချုပ် အန်ဒီ ဘန်ဟမ်က ဒီသဘောတူညီချက်ဟာ နှစ်ဖက်စလုံးအတွက် အကျိုးရှိတဲ့ သဘောတူညီချက် ဖြစ်တယ်လို့ ပြောပါတယ်။ EU ကလည်း ဗြိတိန်နဲ့ အနာဂတ်ဆက်ဆံရေးအပေါ် ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးဖို့ အသင့် ရှိတယ်လို့ ဥရောပကော်မရှင်ဥက္ကဋ္ဌ အာဆူလာ ဗွန် ဒါ လိုင်ယန် က ပြောပါတယ်။

.

အဓိကသဘောတူညီချက်အရ တိရစ္ဆာန်၊ အပင်နဲ့ ဆက်စပ်ထုတ်ကုန်တွေ၊ ဥပမာ ဝက်အူချောင်းနဲ့ မျိုးစေ့တွေကို လက်ရှိလို လက်မှတ်နဲ့ စစ်ဆေးမှုတွေ အများကြီးမလိုဘဲ နှစ်ဖက်အကြား ကုန်သွယ်နိုင်တော့မှာဖြစ်ပြီး ဗြိတိန် စီးပွားရေးကို တစ်နှစ် ပေါင် ၅ ဒသမ ၁ ဘီလျံအထိ အကျိုးရှိနိုင်တယ်လို့ ဗြိတိန်က ခန့်မှန်းထားပါတယ်။

.

ဒါ့အပြင် ဗြိတိန်နဲ့ EU ရဲ့ ကာဗွန်ထုတ်လွှတ်မှု ရောင်းဝယ်ရေးစနစ်တွေကို ချိတ်ဆက်မှာဖြစ်ပြီး သံမဏိအပါအဝင် ကုန်ပစ္စည်းတွေကို တစ်ဖက်နဲ့တစ်ဖက် နယ်စပ်ကာဗွန်အခွန် ကောက်ခံမှုကနေ ကင်းလွတ်ခွင့်ရမှာ ဖြစ်ပါတယ်။ နှစ်ဖက်စလုံးက လူငယ်တွေကို တစ်နှစ်ကနေ ၃ နှစ်အထိ အလုပ်လုပ်ဖို့ ဒါမှမဟုတ် ပညာသင်ဖို့ ဝင်ရောက်ခွင့် ပေးသွားမှာ ဖြစ်ပါတယ်။

.

တက္ကသိုလ်ကျောင်းလခကိစ္စမှာတော့ EU နိုင်ငံတွေက သူတို့နိုင်ငံသားကျောင်းသားတွေကို ဗြိတိန်ကျောင်းသားတွေနဲ့ တူတဲ့ “home fees” ပေးခွင့်ရစေချင်ပေမဲ့ ဗြိတိန်ကတော့ အခကြေးငွေကို သိသိသာသာ လျှော့ပေးဖို့ပဲ လိုလားတာ ကြောင့် ၆ လအတွင်း ဖြေရှင်းဖို့ သဘောတူထားပါတယ်။ သဘောတူညီချက်တွေကို ၂၀၂၈ ခုနှစ်ကစပြီး အကောင် အထည်ဖော်မှာဖြစ်ပြီး လူငယ်သွားလာရေး အစီအစဉ်ကနေ ပထမဆုံး အကျိုးခံစားနိုင်မယ့်သူတွေက ၂၀၃၀ ခုနှစ်မှာ စတင်နိုင်မှာ ဖြစ်ပါတယ်။

.

ဒါ့အပြင် ဗြိတိန်က ကားနဲ့ သံမဏိလုပ်ငန်းတွေမှာ EU ရဲ့ “Made in Europe” စည်းမျဉ်းတွေကနေ အကျိုး ခံစားခွင့် ရရေး၊ လျှပ်စစ်ကားနဲ့ သံမဏိကဏ္ဍတွေမှာ ကုန်သွယ်ရေးကွင်းဆက်တွေ ပိုမိုခိုင်မာပြီး အမျိုးမျိုးကွဲပြားလာရေးတို့ကို လည်း ဆက်လက်ပူးပေါင်းဖို့ သဘောတူခဲ့ပါတယ်။

.

ဗြိတိန်ဝန်ကြီးချုပ်ဟောင်း ကီယာ စတာမာ ရာထူးကနေ နုတ်ထွက်ပြီးနောက် ရွှေ့ဆိုင်းခဲ့တဲ့ ဒီထိပ်သီး ဆွေးနွေးပွဲမှာ Brexit ကြောင့် ဖြစ်ပေါ်ခဲ့တဲ့ ဆုံးရှုံးမှုတချို့ကို ပြန်လည်ဖြေရှင်းဖို့ သဘောတူညီချက်တွေ ရရှိခဲ့တာဖြစ်ပါတယ်။ ဗြိတိန် ရဲ့ EU ဆန့်ကျင်ရေးပါတီ Reform UK ခေါင်းဆောင် နိုင်ဂျယ် ဖာရာ့ချ် ကတော့ ဒီသဘောတူညီချက်တွေဟာ EU ထဲ ပြန်ဝင်ဖို့ ဦးတည်တဲ့ ပထမခြေလှမ်းတွေဖြစ်တယ်လို့ ဝေဖန်ပြီး Brexit ကို ဆက်လက်ကာကွယ်သွားမယ်လို့ ပြောပါ တယ်။

.

Ref – Reuters

.

No comments:

Post a Comment

Pages