.
၂၀၂၆ ခုနှစ်၊ နိုဝင်ဘာလ ၁၅ ရက်
.
ဗြိတိန်နိုင်ငံရှိ RAF Lakenheath အမေရိကန်လေတပ်စခန်းမှာ သောကြာနေ့ညက ခွင့်ပြုချက်မရှိတဲ့ ဒရုန်းပျံသန်းမှု
သံသယရှိတာကြောင့် အမေရိကန်လေတပ် လုံခြုံရေးတပ်ဖွဲ့တွေက တုံ့ပြန်ခဲ့ပါတယ်။ လူ၊
လေယာဉ်နဲ့ အဆောက်အအုံ တွေ ထိခိုက်မှုမရှိခဲ့ဘဲ အခြေအနေကို ဖြေရှင်းနိုင်ခဲ့တယ်လို့
အမေရိကန် လေတပ်နဲ့ ဗြိတိန်ကာကွယ်ရေးဝန်ကြီး ဌာနတို့က ပြောပါတယ်။
.
.အမေရိကန်လေတပ်က ဗြိတိန်ဘက်က
သက်ဆိုင်ရာအဖွဲ့တွေနဲ့ ပူးပေါင်းပြီး အမေရိကန် စစ်ဘက်ဝန်ထမ်းတွေ၊ အရပ်သားတွေ၊
ကန်ထရိုက်တာတွေနဲ့ မိသားစုတွေရဲ့ လုံခြုံရေးအတွက် ဆောင်ရွက်နေတယ်လို့ ပြောပါတယ်။
.
အခုဖြစ်စဉ်ဟာ ဗြိတိန်ရှိ
အမေရိကန်စစ်အခြေစိုက်စခန်းတွေနဲ့ ပတ်သက်ပြီး လုံခြုံရေးစိုးရိမ်မှုတွေ
မြင့်တက်နေချိန်မှာ ဖြစ်ပွားခဲ့တာပါ။ ပြီးခဲ့တဲ့ စက်တင်ဘာ ၂၇ ရက်က RAF
Fairford စခန်းအနီးကို လူတစ်စုက ညအချိန်မှာ အဖြူရောင် ဗန်ကားတွေနဲ့
ရောက်ရှိလာပြီးနောက် အမေရိကန်က လုံခြုံရေးအကြောင်းပြချက်နဲ့ အီရန်ကို
တိုက်ခိုက်ရာမှာ အသုံးပြု ခဲ့တဲ့ ဗုံးကျဲလေယာဉ်တွေကို ဗြိတိန်ကနေ
ပြန်ရွှေ့ခဲ့ပါတယ်။
.
အဲဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး လူနှစ်ဦးကို
ပြီးခဲ့တဲ့လမှာ တရားစွဲဆိုခဲ့ပြီး တစ်ဦးဟာ ဗြိတိန်နိုင်ငံအတွင်း အီရန် ထောက်လှမ်းရေးကို
ကူညီဖို့ ကြိုးပမ်းခဲ့တယ်လို့ တရားစွဲဆိုသူတွေက စွပ်စွဲထားပါတယ်။
အမေရိကန်တရားရေးဌာန ကလည်း အီရန်ကျောထောက်နောက်ခံပြု လက်နက်ကိုင်အဖွဲ့ဝင်တစ်ဦးဟာ RAF
Fairford ကို တိုက်ခိုက်ဖို့ ကြံစည် ခဲ့တယ်လို့ ယခုသီတင်းပတ်အတွင်း
ပြောထားပါတယ်။
.
ဗြိတိန်ပြည်တွင်းထောက်လှမ်းရေးအကြီးအကဲကလည်း
အောက်တိုဘာလမှာ အီရန်ဟာ ဗြိတိန်ရှိ စစ်ဘက်ဆိုင်ရာ နေရာတွေလို ပိုမိုအရေးကြီးတဲ့
ပစ်မှတ်တွေကို တိုက်ခိုက်ဖို့ ကြိုးပမ်းမှုတွေ တိုးမြှင့်လာတယ်လို့ ပြောခဲ့ပါတယ်။
အီရန်ကတော့ RAF Fairford ဖြစ်စဉ်အပါအဝင် ဗြိတိန်အတွင်း
မသမာတဲ့လုပ်ရပ်တွေမှာ ပါဝင်ပတ်သက်တယ်ဆိုတဲ့ စွပ်စွဲချက်တွေကို ပယ်ချထားပါတယ်။
.
Ref – Reuters
.

No comments:
Post a Comment