.
၂၀၂၆ ခုနှစ်၊ နိုဝင်ဘာလ ၁၅ ရက်
.
ရှမ်းပြည်နယ်မြို့တော် တောင်ကြီးမြို့၊ ကံသာရပ်ကွက်တွင်
လျှပ်စစ်မီးပြတ်တောက်မှု ဆိုးရွားစွာဖြစ်ပေါ်နေပြီး ဒေသခံများ အခက်အခဲဖြစ်ပေါ်နေရသည်ဟု
သိရသည်။
.
.ကံသာရပ်ကွက်တွင် လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်းက
ထုတ်ပြန်ထားသည့် အလှည့်ကျမီးပေးစနစ်အပြင် ရပ်ကွက်အတွင်း ထပ်မံ၍ အလှည့်ကျစနစ် ပြုလုပ်ပြီး
ဓာတ်အားပေးနေသဖြင့် လျှပ်စစ်မီးရရှိချိန် နည်းပါးနေခြင်း ဖြစ်ကြောင်း သိရသည်။
.
“မီးက ပုံမှန်မလာဘူး။ အရမ်းပျက်တယ်။ ရပ်ကွက်ထဲမှာကို
အပေါ်ပိုင်း၊ အောက်ပိုင်း ခွဲခြားပြီး ပေးနေတယ်။ EPC က ဖြတ်တာ
တစ်ခါ၊ ရပ်ကွက်က ဖြတ်တာ တစ်ခါနဲ့ဆိုတော့ အဆင်မပြေဘူး။ အခုလို ပျက်နေတာ တစ်လလောက် ရှိပါပြီ။
တစ်ရက်ခြားလာတယ်။ တစ်နေကုန် ပျက်တဲ့ရက်တွေလည်း ရှိပါတယ်။ ကျောင်းသားတွေ ရှိတော့ ချက်ပြုတ်
ရတာလည်း အဆင်မပြေဘူး” ဟု တောင်ကြီးမြို့၊ ကံသာရပ်ကွက်နေ ဒေသခံတစ်ဦးက ပြောသည်။
.
အဆိုပါကိစ္စနှင့် ပတ်သက်၍ တောင်ကြီးခရိုင်လျှပ်စစ်အင်ဂျင်နီယာမှူးရုံးမှ
တာဝန်ရှိသူအား ဆက်သွယ်မေးမြန်း ရာတွင် ကံသာရပ်ကွက်ရှိ ထရန်စဖော်မာ ချို့ယွင်းနေသည့်အတွက်
ဓာတ်အားဖြန့်ဖြူးနိုင်မှု နည်းပါးနေခြင်းဖြစ်ပြီး ကုမ္ပဏီမှ ပြင်ဆင်ဆောင်ရွက်ပေးလျက်ရှိကာ
မကြာမီ ပုံမှန်အတိုင်း လျှပ်စစ်မီး ပြန်လည်ရရှိမည်ဖြစ်ကြောင်း ပြန်လည်ဖြေကြား ခဲ့သည်။
.
ယင်းကဲ့သို့ လျှပ်စစ်မီး ရရှိချိန် နည်းပါးနေသော်လည်း
မီတာခမှာ လစဉ် ၅ သောင်းကျော်မှ တစ်သိန်းကျော်အထိ ပေးဆောင်နေရကြောင်း ၎င်းက ဆက်လက်ပြောဆိုခဲ့သည်။
.
ကံသာရပ်ကွက်အပြင် တောင်ကြီးမြို့ပေါ် ရပ်ကွက်အချို့တွင်လည်း
ယင်းကဲ့သို့ လျှပ်စစ်မီးပြတ်တောက်ချိန် များပြား နေပြီး ဒေသခံများ အခက်အခဲဖြစ်ပေါ်နေရသည်ဟု
သိရသည်။
.

No comments:
Post a Comment