.
၂၀၂၆ ခုနှစ်၊ နိုဝင်ဘာလ ၂၁ ရက်
.
ထိုင်းနိုင်ငံ ဘူရီရမ်ခရိုင်မှာ အသက် ၁၈
နှစ်အရွယ် ရှမ်းအမျိုးသမီးတစ်ဦးကို -တ်ခဲ့တယ်လို့ သံသယရှိတဲ့
အသက် ၄၇ နှစ်အရွယ် အမျိုးသားတစ်ဦးကို ရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်ပါတယ်။
အဆိုပါအမျိုးသားက ရှမ်းအမျိုးသမီးကို လိင်ပိုင်း ဆိုင်ရာ စော်ကားဖို့
ကြိုးစားရာမှာ ပြန်လည်ခုခံတဲ့ အတွက် ဒေါသထွက်ပြီး သတ်ခဲ့တယ်လို့ ဝန်ခံထားပါတယ်။
.
.“မစ္စအေ” လို့သာ ဖော်ပြထားတဲ့ အမျိုးသမီးရဲ့
ရုပ်အလောင်းကို နန်ရုန်ခရိုင်၊ နောင်သူဝါဖတ်ရွာ ဝင်ပေါက် အနီး အမှတ် ၂၄
အဝေးပြေးလမ်းမဘေးက မြက်ပင်ရှည်တွေကြားမှာ နိုဝင်ဘာ ၂၀ ရက် မနက် ၁ နာရီခန့်က
ဒေသခံတွေ တွေ့ရှိခဲ့ ပါတယ်။ အလောင်းတွေ့ရှိတဲ့နေရာဟာ ဟွာသာနွန်
ခရိုင်အုပ်ချုပ်ရေးအဖွဲ့ရုံးကနေ မီတာ ၅၀၀ ခန့်အကွာမှာ ဖြစ်ပါ တယ်။
.
အလောင်းကို CCTV မရှိဘဲ
လူအသွားအလာနည်းပြီး အလင်းရောင်မလုံလောက်တဲ့နေရာမှာ တွေ့ရှိခဲ့တာကြောင့် စုံစမ်း စစ်ဆေးရာမှာ
အခက်အခဲတွေရှိခဲ့ပါတယ်။ ဒေသတွင်းမှာလည်း ပျောက်ဆုံးသူအဖြစ် တိုင်ကြားထားတာ
မရှိခဲ့ပါဘူး။
.
Provincial Police Region 3၊
ဘူရီရမ်ခရိုင်ရဲတပ်ဖွဲ့နဲ့ နန်ရုန်ရဲစခန်းက စုံစမ်းစစ်ဆေးသူတွေဟာ သေဆုံးသူရဲ့
အစ်မနဲ့ အခြားသက်သေတွေကို စစ်ဆေးမေးမြန်းခဲ့ပြီး အဆိုပါ အသက် ၁၈ နှစ်အရွယ်
ရှမ်းအမျိုးသမီးဟာ ချင်းရိုင်ခရိုင်ကနေ ခရီးသွားဗီဇာနဲ့ ထိုင်းနိုင်ငံထဲ
ဝင်ရောက်လာသူဖြစ်ကြောင်း သိရှိခဲ့ပါတယ်။
.
သူမကို အိမ်အကူအလုပ်ရမယ်လို့ ပြောပြီး
ဘူရီရမ်ကို ခေါ်ဆောင်လာခဲ့တာဖြစ်နိုင်တယ်လို့ ရဲတပ်ဖွဲ့က ယူဆနေ ပါတယ်။ သူမက
သူ့ချစ်သူထံ နောက်ဆုံးမျှဝေခဲ့တဲ့ တည်နေရာဟာ နန်ရုန်ခရိုင်က ခေါက်ဆွဲဆိုင်တစ်ဆိုင်
ဖြစ်တာကို လည်း စုံစမ်းတွေ့ရှိခဲ့ပါတယ်။
.
အဲဒီနောက် ရဲတပ်ဖွဲ့က သူမဟာ
အမျိုးသားတစ်ဦးနဲ့အတူ ခရီးသွားခဲ့ပြီး အလောင်းတွေ့ရှိတဲ့ နေရာကနေ ကီလိုမီတာ ၄၀
ခန့်အကွာမှာရှိတဲ့ ငှားရမ်းထားတဲ့အခန်းတစ်ခန်းကို အဲဒီအမျိုးသားက
ခေါ်သွားခဲ့ကြောင်း စုံစမ်းဖော်ထုတ်နိုင်ခဲ့ ပါတယ်။
.
နန်ရုန်ခရိုင်တရားရုံးက မျိုးရိုးအမည်ကို
မဖော်ပြထားတဲ့ အသက် ၄၇ နှစ်အရွယ် သင်နဖတ်ဆိုသူကို ဖမ်းဝရမ်းထုတ် ပေးခဲ့ပြီး
နိုဝင်ဘာ ၂၁ ရက် မနက် ၁ နာရီခန့်မှာ နခွန်ပထုမ်ခရိုင်၊ မူအန်ခရိုင်အတွင်း
ဖမ်းဆီးခဲ့ပါတယ်။
.
ရဲတပ်ဖွဲ့က ဘန်ကောက်မှတ်ပုံတင်ထားတဲ့ အနက်ရောင်
ပစ်ကပ်ကားတစ်စီးကိုလည်း သိမ်းဆည်းခဲ့ပြီး အဆိုပါကားကို အမျိုးသမီးရဲ့
အလောင်းသယ်ဆောင်ပြီး စွန့်ပစ်ရာမှာ အသုံးပြုခဲ့တယ်လို့ ယူဆထားပါတယ်။
.
ရဲတပ်ဖွဲ့ရဲ့ ပြောကြားချက်အရ သံသယရှိသူဟာ
အစပိုင်းမှာ အမျိုးသမီးကို လိင်ပိုင်းဆိုင်ရာ စော်ကားဖို့ ကြိုးစားချိန်မှာ
ပြန်လည်ခုခံတာကြောင့် ဒေါသထွက်ပြီး သတ်ခဲ့တယ်လို့ ဝန်ခံခဲ့ပါတယ်။ သူက အမျိုးသမီး
ကို ကိုယ်ထိလက်ရောက် ရိုက်နှက်ပြီး လက်နဲ့ လည်ပင်းညှစ်သတ်ခဲ့တယ်လို့လည်း
စစ်ဆေးမေးမြန်းမှုမှာ ပြောထားပါတယ်။
.
အဲဒီနောက် အမျိုးသမီးရဲ့ ဦးခေါင်းနဲ့
ခြေထောက်ကို ပလတ်စတစ်အိတ်တွေနဲ့ ဖုံးအုပ်ပြီး ပစ်ကပ်ကားပေါ်တင်ကာ ၃၀ မှ ၄၀
ကီလိုမီတာခန့် မောင်းနှင်ပြီး လမ်းဘေးမှာ အလောင်းကို စွန့်ပစ်ခဲ့တယ်လို့
ရဲတပ်ဖွဲ့က ပြောပါတယ်။ ရာဇဝတ်မှု ကို ဖုံးကွယ်ဖို့အတွက် အလောင်းကို အဲဒီနေရာမှာ
စွန့်ပစ်ခဲ့တာလို့ ဆိုပါတယ်။
.
ရဲတပ်ဖွဲ့က သတ်ဖြတ်မှုရဲ့ အခြေအနေအပြည့်အစုံနဲ့
ရည်ရွယ်ချက်ကို သိရှိနိုင်ဖို့ သံသယရှိသူကို ဆက်လက်စစ်ဆေး သွားမယ်လို့ ပြောပါတယ်။
လက်ရှိမှာတော့ တမင်သတ်ဖြတ်မှုနဲ့ အလောင်းဖုံး ကွယ်စွန့်ပစ်မှုတို့နဲ့
စွဲချက်တင်ထား ပါတယ်။ ဒီအမှုမှာ အခြားသူတွေ ပါဝင်ပတ်သက်မှုရှိမရှိကိုလည်း
စုံစမ်းစစ်ဆေးနေပါတယ်။
.
Ref – Khaosod
.

No comments:
Post a Comment