.
၂၀၂၆ ခုနှစ်၊ နိုဝင်ဘာလ ၁၆ ရက်
.
ထိုင်းနိုင်ငံတောင်ပိုင်းက အပန်းဖြေကျွန်း
ဖူးကက်မှာ တနင်္လာနေ့ မနက်အစောပိုင်းက စီးပွားရေး လုပ်ငန်းတွေ ဖွင့်ထားတဲ့
ဆိုင်ခန်းတွဲတစ်ခု မီးလောင်ခဲ့ပြီး လူ ၁၁ ဦး သေဆုံးကာ ၁၆ ဦး ဒဏ်ရာရခဲ့တယ်လို့
ရဲတပ်ဖွဲ့က ရိုက်တာ သတင်းဌာနကို ပြောပါတယ်။
.
.အဲဒီမီးလောင်မှုဟာ ဆိုင်ကယ်နဲ့ ကား
ငှားရမ်းတဲ့လုပ်ငန်း ဖွင့်ထားတဲ့ အဆောက်အအုံတစ်ခုကနေ စတင်လောင်ကျွမ်း ခဲ့ပြီး
နောက်ပိုင်း အနီးအနားက အဆောက်အအုံတွေကိုပါ ကူးစက်သွားခဲ့ပါတယ်။
.
မီးစလောင်တာက တနင်္လာနေ့ မနက် ၃ နာရီ ၁၇
မိနစ်လောက်မှာဖြစ်ပြီး မီးသတ်သမားတွေက မီးကို ထိန်းချုပ်နိုင်ဖို့ ၂ နာရီလောက်
ကြာခဲ့ပါတယ်။
.
ဒဏ်ရာရသူ ၁၆ ဦးထဲမှာ ထိုင်းနိုင်ငံသား ၁၅ ဦးနဲ့
မြန်မာနိုင်ငံသား ၁ ဦး ပါဝင်ပြီး သေဆုံးသူနဲ့ ဒဏ်ရာရသူတွေထဲမှာ
ကမ္ဘာလှည့်ခရီးသည်တွေ မပါဝင်ဘူးလို့ ရဲတပ်ဖွဲ့က ပြောပါတယ်။
.
မီးလောင်ရတဲ့အကြောင်းရင်းကိုတော့အာဏာပိုင်တွေက
ဆက်လက်စုံစမ်းနေပါတယ်။
.
မီးလောင်မှုဖြစ်တဲ့ အဆောက်အအုံဟာ
ဖူးကက်ကျွန်းအနောက်ဘက်ကမ်းရိုးတန်းမှာရှိတဲ့ နာမည်ကျော် ပတ်တောင်ကမ်းခြေအနီး
မြို့ပေါ်ဧရိယာမှာ တည်ရှိပါတယ်။
.
ဒီမီးလောင်မှုဟာ ဘန်ကောက်မြို့မှာ ဘားတစ်ခု
မီးလောင်ခဲ့ပြီး လူ ၂၇ ဦးထက်မနည်း သေဆုံးခဲ့ပြီး လေးလအကြာမှာ
ဖြစ်ပွားခဲ့တာဖြစ်ပါတယ်။
.
Ref – Reuters
.

No comments:
Post a Comment