.
၂၀၂၆ ခုနှစ်၊ နိုဝင်ဘာလ ၁၁ ရက်
.
ရှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီးမြို့နယ်၊
ရွှေညောင်မြို့နှင့် ညောင်ရွှေမြို့နယ်ရှိ ရေဘေးသင့် ပြည်သူများအား ယနေ့ နိုဝင်ဘာလ
၁၁ ရက်၊ ညနေပိုင်းက ရှမ်းပြည်နယ်လွှတ်တော် ဥက္ကဋ္ဌ စိုင်းလုံကျော်နှင့်
ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်များ ပါဝင်သောအဖွဲ့က ထောက်ပံ့ပစ္စည်းများ
သွားရောက်ထောက်ပံ့ လှူဒါန်းပေးခဲ့ကြောင်း သိရသည်။
.
.ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌနှင့် အဖွဲ့က
ရွှေညောင်မြို့၊ ညောင်ရွှေမြို့နှင့် နန်းသီတာကျေးရွာရှိ ရေဘေးသင့် ပြည်သူများ အား
ခေါက်ဆွဲခြောက် ၁၈၀၀ ထုပ်၊ ကြက်ဥ ၁၅၀၀ လုံး၊ ရေသန့်ဘူး ၁၃၀၀၊ စုစုပေါင်း တန်ဖိုး
ငွေကျပ် ၃၄၈၀၀၀၀ ကျပ် အား သွားရောက်ထောက်ပံ့ လှူဒါန်းပေးခဲ့ခြင်းဖြစ်ကြောင်း
သိရသည်။
.
ရေဘေးသင့်ပြည်သူများအား ရွှေညောင်မြို့၊
လှိုင်ဘုံသာရပ်ကွက်ရှိ ကုန်းလှိုင်ဘုန်းတော်ကြီးကျောင်းတွင် ရေဘေး ကယ်ဆယ်ရေးစခန်း
ဖွင့်လှစ်လက်ခံထားပြီး ရှမ်းပြည်နယ်အစိုးရအဖွဲ့နှင့် သက်ဆိုင်ရာဌာနများ၊
တာဝန်ရှိသူများ၊ စေတနာ့ဝန်ထမ်း အဖွဲ့အစည်းအသီးသီးက ကျန်းမာရေးစောင့်ရှောက်မှုနှင့်
လိုအပ်သည့် ထောက်ပံ့မှုများ ဆောင်ရွက် ပေးလျက်ရှိကြောင်း သိရသည်။
.
ရှမ်းတောင်ဒေသအတွင်း ပြီးခဲ့သည့် ရက်ပိုင်းမှ
စတင်၍ မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် ရွှေညောင်မြို့၊ ကုန်းလှိုင် ရေကန်၊
နမ့်လတ်ချောင်း (တာယောချောင်း) ရေလျှံပြီး လူနေရပ်ကွက်များနှင့် စပါးခင်း အပါအဝင်
သီးနှံစိုက်ခင်းများ အတွင်းသို့ ရေဝင်ရောက်မှု ဖြစ်ပေါ်ခဲ့ခြင်းဖြစ်ကြောင်း
သိရသည်။
.

No comments:
Post a Comment