.
၂၀၂၆ ခုနှစ်၊ နိုဝင်ဘာလ ၂၀ ရက်
.
စက်သုံးဆီ တင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်း
လုပ်ငန်းကြီးကြပ်ရေးကော်မတီ (PPRD) ၏ ယနေ့ နိုဝင်ဘာလ ၂၀
ရက်တွင် ထုတ်ပြန်သည့် ရည်ညွှန်းလက်လီစာရင်းအရ စက်သုံးဆီအမျိုးအစားအားလုံး ၅၀၀
ကျပ်ဝန်းကျင်စီ ဈေးနှုန်း ကျဆင်းလာကြောင်း သိရသည်။
.
.အောက်တိန်း 92 နှင့် 95 ဈေးနှုန်းများမှာ
ယခင်ရက်သတ္တပတ်ထက်၂၆၀ ကျပ်မှ ၄၅၅ ကျပ်အထိဈေးနှုန်းကျဆင်း လာပြီး ဒီဇယ်ရိုးရိုး
တစ်လီတာလျှင် ၂၃၀ ကျပ်နှင့် ပရီမီယံဒီဇယ် တစ်လီတာ ၂၇၀ ကျပ် ဈေးနှုန်းကျဆင်းလာခြင်း
ဖြစ်ကြောင်း သိရသည်။
.
PPRD ၏ ယနေ့ နိုဝင်ဘာလ ၂၀ ရက် ထုတ်ပြန်ချက်အရ
တောင်ကြီးမြို့အတွက် စက်သုံးဆီ ရည်ညွှန်းဈေးများမှာ အောက်တိန်း 92 တစ်လီတာလျှင်
၃၉၇၀ ကျပ်၊ အောက်တိန်း 95 တစ်လီတာလျှင်၄၀၃၅ ကျပ်၊ ဒီဇယ်ရိုးရိုး တစ်လီတာလျှင် ၄၃၀၀
ကျပ်နှင့် ပရီမီယံဒီဇယ် တစ်လီတာလျှင်၅၁၉၅ ကျပ် ပေါက်ဈေးရှိနေကြောင်း သိရသည်။
.
တန်ဆောင်တိုင်ပွဲတော်ကာလတွင်
ရှမ်းပြည်နယ်တောင်ပိုင်းဒေသအတွက် ပုံမှန် စက်သုံးဆီ ခွဲတမ်းအပြင် အရန် စက်သုံးဆီ
ရရှိရေးကိုလည်း ကြိုတင်စီမံဆောင်ရွက်ထားကြောင်း ရှမ်းပြည်နယ် တောင်ပိုင်း
ရေနံထွက်ပစ္စည်း ကြီးကြပ်စစ်ဆေးရေးဦးစီးဌာန တာဝန်ရှိသူက ပြောဆိုထားသည်။
.
စက်သုံးဆီဈေးနှုန်းများမှာ အနည်းငယ်
ကျဆင်းလာသော်လည်း မှောင်ခိုဈေးကွက်မှာ ဆက်လက်ရှိနေဆဲဖြစ်ကာ
ပြင်ပမှောင်ခိုဈေးကွက်တွင် ဓာတ်ဆီ တစ်လီတာလျှင် ကျပ် တစ်သောင်းကျော်အထိ
ရောင်းချနေကြကြောင်း သိရသည်။
.

No comments:
Post a Comment