.
၂၀၂၆ ခုနှစ်၊ နိုဝင်ဘာလ ၂၁ ရက်
.
ဗီယက်နမ်နိုင်ငံမှာ မူးယစ်ဆေးဝါးမှောင်ခိုမှုနဲ့
အခြားပြစ်မှုအချို့အတွက် သေဒဏ်ပေးမှုကို နိုဝင်ဘာ ၂၀ ရက် သောကြာ နေ့မှာ
ဖျက်သိမ်းလိုက်ပြီး အခုနောက်ပိုင်း သေဒဏ်ပေးနိုင်တဲ့ ပြစ်မှု ၄ မျိုးပဲ
ကျန်တော့မှာဖြစ်တယ်လို့ ဗီယက်နမ် သတင်းတွေမှာ ဖော်ပြထားပါတယ်။
.
.
ကွန်မြူနစ်ဗီယက်နမ်နိုင်ငံမှာ ၂၀၁၃ ခုနှစ်က
ပစ်ခတ်ကွပ်မျက်မှုကို ရပ်ဆိုင်းပြီးနောက် သေဒဏ် ပေးရာမှာ အဆိပ်ထိုး ကွပ်မျက်တဲ့နည်းလမ်းကို
အသုံးပြုနေပါတယ်။ ဒါပေမယ့် နှစ်စဉ် ဘယ်နှစ်ဦးကို သေဒဏ်ပေးကွပ်မျက်နေတယ် ဆိုတာကိုတော့
အစိုးရက တရားဝင်ထုတ်ပြန်ခြင်း မရှိပါဘူး။
.
Amnesty International ရဲ့ ခန့်မှန်းချက်အရ ၂၀၂၃
ခုနှစ်အကုန်မှာ ဗီယက်နမ်နိုင်ငံအတွင်း သေဒဏ်ချ မှတ်ခံထားရသူ ၁,၂၀၀ ကျော် ရှိခဲ့ပါတယ်။ စက်တင်ဘာလအတွင်းမှာလည်း ပြင်သစ်နိုင်ငံကနေ
ဗီယက်နမ်နိုင်ငံကို မူးယစ်ဆေးဝါး မှောင်ခိုသယ်ဆောင်မှုနဲ့ လူ ၁၁ ဦးကို
သေဒဏ်ချမှတ်ခဲ့တယ်လို့ သတင်းတွေမှာ ဖော်ပြထားပါတယ်။
.
သောကြာနေ့မှာ အမျိုးသားလွှတ်တော်က
အတည်ပြုလိုက်တဲ့ ပြင်ဆင်ထားတဲ့ ရာဇဝတ်ဥပဒေအရ သေဒဏ်ပေးနိုင်တဲ့ ပြစ်မှုတွေက
နိုင်ငံတော်သစ္စာဖောက်မှု၊ လူသတ်မှု၊ အကြမ်းဖက်မှုနဲ့ မူးယစ်ဆေးဝါး
တရားမဝင်ထုတ်လုပ်မှုတို့ ဖြစ်ပါ တယ်။
.
မူးယစ်ဆေးဝါးမှောင်ခိုမှုအပြင်
လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှု၊ စစ်ရာဇဝတ်မှု၊ ပုန်ကန်မှုနဲ့ အရွယ် မရောက်သေးတဲ့
ကလေးကို မုဒိမ်းမှုတို့အတွက်လည်း သေဒဏ်ကို ဖျက်သိမ်းပြီး အမြင့်ဆုံးပြစ်ဒဏ်အဖြစ်
ထောင်ဒဏ်တစ်သက်ကို သတ်မှတ်လိုက်ပါတယ်။
.
ဒါဟာ ၁၉၈၅ ခုနှစ် ရာဇဝတ်ဥပဒေမှာ ပြစ်မှု ၄၄
မျိုးအထိ သေဒဏ်ပေးနိုင်ခဲ့ရာကနေ သေဒဏ်ပေးနိုင်တဲ့ ပြစ်မှုတွေကို တဖြည်းဖြည်း
လျှော့ချလာတဲ့ အစီအစဉ်ရဲ့ နောက်ဆုံးအဆင့်တစ်ခု ဖြစ်ပါတယ်။
.
အမျိုးသားလွှတ်တော်အမတ်တချို့က
မူးယစ်ဆေးဝါးမှောင်ခိုမှုအတွက် သေဒဏ်ကို ဖျက်သိမ်းဖို့အပေါ် အရင်က သဘောမတူမှုတွေ
ရှိခဲ့ပါတယ်။ ဒါပေမယ့် ပြည်သူ့လုံခြုံရေးဝန်ကြီး လွန်းတမ်ကွမ်က မူးယစ်ဆေးဝါး မှောင်ခိုသူ
တချို့ဟာ လှည့်ဖြားခံရတာ၊ လိမ်လည်ခံရတာ ဒါမှမဟုတ် အတင်းအကျပ် ခိုင်းစေခံရတာတွေ
ရှိကြောင်း အထောက် အထားတွေက ပြသနေတယ်လို့ ပြောပါတယ်။
.
သူတို့ကို ပြန်လည်ပြုပြင်ပေးနိုင်၊
ပညာပေးနိုင်ပြီး ကျူးလွန်ခဲ့တဲ့လုပ်ရပ်တွေအတွက် ပြန်လည်ပေး ဆပ်ပြင်ဆင်ခွင့်
ပေးနိုင်တာကြောင့် သေဒဏ်ချမှတ်ဖို့ မလိုအပ်ဘူးလို့ လွန်းတမ်ကွမ်က ပြောပါတယ်။
.
Ref – CNA
.

No comments:
Post a Comment