.
၂၀၂၆ ခုနှစ်၊ နိုဝင်ဘာလ ၂၇ ရက်
.
ရှမ်းပြည်နယ်တောင်ပိုင်း၊
ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့၊ တုံခမ်းရပ်ကွက်နေ အသက် ၁၈ နှစ်အရွယ်
မိန်းကလေးငယ်တစ်ဦး နိုဝင်ဘာလ ၂၃ ရက်၊ ညပိုင်းက တောင်ကြီးတန်ဆောင်တိုင်ပွဲသို့ သွားရောက်လည်ပတ်ရာမှ
နေအိမ်သို့ ပြန်လည်ရောက်ရှိလာခြင်း မရှိဘဲ ပျောက်ဆုံးနေကြောင်း သိရသည်။
.
.
မိန်းကလေးငယ်သည် မမိုးပြည့် ဆိုသူဖြစ်ပြီး နိုဝင်ဘာ
၂၃ ရက်၊ နေ့လယ်ပိုင်းက ဟိုပုံးမြို့မှ မီးပုံးပျံအဖွဲ့ဖြင့် တောင်ကြီး တန်ဆောင်တိုင်
မီးပုံးပျံပြိုင်ပွဲသို့ လိုက်ပါသွားပြီးနောက် အဆက်အသွယ် မရဘဲ ပျောက်ဆုံးနေခြင်း ဖြစ်ကြောင်း
သိရသည်။
.
မိသားစုဝင်များအနေဖြင့် ၎င်း သွားလာတတ်သည့် နေရာများသို့
လိုက်လံစုံစမ်းရှာဖွေခဲ့သော်လည်း ယနေ့ နိုဝင်ဘာ ၂၇ ရက်၊ ညနေပိုင်းအထိ ပြန်လည်တွေ့ရှိခြင်း
မရှိသေးကြောင်း သိရသည်။
.
“တန်ဆောင်တိုင် အဖိတ်နေ့မှာ ဟိုပုံးကနေ
မီးပုံးပျံကားနဲ့ လိုက်သွားပြီးကတည်းက ပြန်မတွေ့တော့တာပါ။ မိသားစု တွေ အားလုံးလည်း
အရမ်းစိတ်ပူနေကြပါတယ်” ဟု မမိုးပြည့်၏ အဒေါ်ဖြစ်သူက ပြောသည်။
.
အဆိုပါ မိန်းကလေးငယ်အား တွေ့ရှိပါက ဖုန်းနံပါတ် ၀၉
၄၂၈ ၁၂၇ ၇၅၇ နှင့် ၀၉ ၄၀၈ ၃၁၂ ၂၃၈ သို့ ဆက်သွယ် အကြောင်းကြားပေးရန် မိသားစုဝင်များက
မေတ္တာရပ်ခံထားသည်။
.

No comments:
Post a Comment