.
၂၀၂၆ ခုနှစ်၊ နိုဝင်ဘာလ ၁၆ ရက်
.
တောင်ကြီးတန်ဆောင်တိုင်ပွဲတော် ရိုးရာမီးပုံးပျံပြိုင်ပွဲ
ပထမနေ့ဖြစ်သော ယနေ့ နိုဝင်ဘာလ ၁၆ ရက်၊ ညပိုင်းတွင် ညမီးကြီးနှင့် စိန်နားပန်မီးပုံးပျံ
၁၆ လုံး လွှတ်တင်ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း သိရသည်။
.
.ယနေ့ ဖွင့်ပွဲ ပထမနေ့ ညပိုင်းတွင် ညမီးကြီးမီးပုံးပျံများဖြစ်သော
ရွှေပြည်ဟိန်းမီး၊ သူဌေးမီး၊ သုတမီး၊ ရွှေကျောင်းမီး၊ ယမ်းပိုးမီး၊ တော့အဲင်းမီး၊ တိမ်လတ်မီး၊
ပွဲကြိုက်မီးတို့အပြင် စိန်နားပန်မီးပုံးပျံများဖြစ်သော မီးအိမ်မီး၊ Lady
Grace Diamond Lan၊ KGM Co., Show Room၊ ရုပ်ပျိုတိုင်းရင်းဆေးနှင့်
U9 စိန်နားပန်မီးပုံးပျံ ၃ လုံး၊ စုစုပေါင်း ၁၅ လုံး လွှတ်တင်ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း
သိရသည်။
.
တန်ဆောင်တိုင်ပွဲတော် ဖွင့်ပွဲကို ယနေ့ နိုဝင်ဘာလ
၁၆ ရက်၊ ညနေပိုင်းတွင် တောင်ကြီးမြို့၊ စူဠာမုနိလောကချမ်းသာ စေတီတော်နှင့် အဝေရာမီးပုံးပျံကွင်းအတွင်း၌
၂ ပိုင်းခွဲ၍ ပြုလုပ်သွားမည်ဖြစ်ပြီး ဖွင့်ပွဲအထိမ်းအမှတ် တေးသီချင်းနှင့် တိုင်းရင်းသားရိုးရာ
အကအလှများဖြင့် ဖျော်ဖြေတင်ဆက်သွားမည်ဖြစ်ကြောင်း သိရသည်။
.
တောင်ကြီးတန်ဆောင်တိုင်ပွဲတော် ရိုးရာမီးပုံးပျံပြိုင်ပွဲကို
နိုဝင်ဘာလ ၁၆ ရက်မှ ၂၄ ရက်အထိ ပြုလုပ်သွားမည်ဖြစ်ပြီး ပိတ်ပွဲနှင့် ဆုပေးပွဲကို နိုဝင်ဘာ
၂၅ ရက်၊ ညနေပိုင်းတွင် အဝေရာမီးပုံးပျံကွင်းအတွင်း၌ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
.

No comments:
Post a Comment