.
၂၀၂၆ ခုနှစ်၊ နိုဝင်ဘာလ ၂၇ ရက်
.
ရှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်နေ အသက်
၄၀ ဝန်းကျင်အရွယ် အမျိုးသား ၂ ဦး တောင်ကြီး တန်ဆောင်တိုင်ပွဲ သွားရောက်လည်ပတ်ရာမှ ပြန်လည်ရောက်ရှိလာခြင်းမရှိဘဲ
ပျောက်ဆုံး နေကြောင်း သိရသည်။
.
ညောင်ရွှေမြို့နယ်၊ အင်းလျားကျေးရွာအုပ်စု၊ လွယ်မောကျေးရွာနေ
ကိုတင်မောင်ထွေး နှင့် ကိုမောင်လေး တို့ နှစ်ဦးသည် နိုဝင်ဘာ ၂၂ ရက်၊ ညနေပိုင်းက တောင်ကြီးတန်ဆောင်တိုင်ပွဲသို့
သွားရောက်လည်ပတ်ခဲ့ပြီးနောက် အဆက်အသွယ်မရ ပျောက်ဆုံးနေခြင်းဖြစ်သည်ဟု သိရသည်။
.
“၂၂ ရက်၊ ညနေပိုင်း သွားပြီးကတည်းက ပျောက်သွားတာပါ။
၂၃ ရက်၊ မနက် ၄ နာရီကျော်လောက်တော့ ဖုန်းအဆက်အသွယ် ရတယ်။ မနက် ၇ နာရီလောက် ထပ်ခေါ်တော့
ဖုန်းက စက်ပိတ်သွားပြီ။ အဲဒီကတည်းက ရှာမတွေ့ တော့တာပါ။ ရဲစခန်းမှာ လူပျောက်တော့ သွားပြောထားပါတယ်။
အမှုတော့ မဖွင့်သေးဘူး” ဟု ပျောက်ဆုံးနေသူ၏ မိသားစုဝင် တစ်ဦးက ပြောသည်။
.
အဆိုပါ ပျောက်ဆုံးနေသူ ကိုတင်မောင်ထွေး နှင့် ကိုမောင်လေး
တို့ နှစ်ဦးအား တွေ့ရှိပါက ဖုန်းနံပါတ် ၀၉ ၇၇၅ ၂၁၃ ၄၂၁ သို့ ဆက်သွယ်အကြောင်းကြားပေးရန်
မိသားစုဝင်များက မေတ္တာရပ်ခံထားသည်။
.

No comments:
Post a Comment