.
၂၀၂၆ ခုနှစ်၊ နိုဝင်ဘာလ ၁၅ ရက်
.
မိတ္ထီလာ-တောင်ကြီး-ကျိုင်းတုံ-တာချီလိတ်ကားလမ်းပေါ်ရှိ
လွိုင်လင်တိုးလ်ဂိတ်အနီး ကားလမ်း ရေကျော်နေသည့် နေရာတွင် ယနေ့ နိုဝင်ဘာ ၁၅ ရက်၌ ရေပြန်လည်ကျဆင်းပြီး
ကုန်တင်ကားကြီးများ ဖြတ်သန်း သွားလာနိုင်ပြီ ဖြစ်ကြောင်း သိရသည်။
.
.ရှမ်းပြည်နယ်အတွင်း နိုဝင်ဘာ ၁၀ ရက်နေ့မှစ၍
မိုးများအဆက်မပြတ်ရွာသွန်းမှုကြောင့် လွိုင်လင်ခရိုင်အတွင်းရှိ
မိထ္ထီလာ-တောင်ကြီး-ကျိုင်းတုံ-တာချီလိတ်မိုင်တိုင်အမှတ် ၁၆၉/၅ နှင့် ၁၆၉/၆
ကြားရှိ တိုးဂိတ်အနီး(၂)မိုင်ကွေ့ လမ်းအနိမ့်ပိုင်းတွင် နိုဝင်ဘာ ၁၁ ရက်နေ့မှ ၁၄
ရက်နေ့အထိ ကားလမ်းပေါ်ရေကျော်လျက်ရှိရာမှ ယနေ့ နိုဝင်ဘာ ၁၅ ရက်၊ နေ့လယ်ပိုင်း၌ ရေပြန်လည်ကျဆင်းခဲ့ခြင်းဖြစ်ကြောင်း
သိရသည်။
.
အဆိုပါ ရေကျော်ပြီး ကားလမ်းပိတ်ဆို့နေသည့် နေရာသို့
နိုဝင်ဘာ ၁၂ ရက်၊ နေ့လယ်ပိုင်းက ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်
နှင့်ပြည်နယ်ဝန်ကြီးများ
သွားရောက်ကြည့်ရှုစစ်ဆေးပြီး ရေကြီးရေလျှံဖြစ်ပွားသည့် နေရာရှိ
ရေများကို မော်တာစက်များဖြင့် စုပ်ထုတ်ဆောင်ရွက်နိုင်ရေးနှင့် ခရီးသွားပြည်သူများ အဆင်ပြေ
ချောမွေ့စွာ အမြန်ဆုံး ဖြတ်သန်းသွားလာနိုင်ရေးအတွက် ဆောင်ရွက်ပေးရန် ပေါင်းစပ်ညှိနှိုင်း
ဆောင်ရွက်ပေးခဲ့ ကြောင်း သိရသည်။
.
ပြည်နယ်ဝန်ကြီးချုပ် လမ်းညွှန်ချက်နှင့်အညီ ဌာနဆိုင်ရာတာဝန်ရှိသူများ၊
မီးသတ်တပ်ဖွဲ့ဝင်များ၊ ဒေသတွင်း လုပ်ငန်းရှင် ကုမ္ပဏီများမှ ယာဉ်စက် ယန္တရားများ၊
ရေစုတ်စက်များဖြင့် ရေစုပ်ထုတ် ဆောင်ရွက်ခဲ့ရာ ယနေ့ နိုဝင်ဘာ ၁၅ ရက်နေ့
နေ့လယ်ပိုင်းတွင်
ကားလမ်းရေကျော်နေမှု ပြန်လည်ကျဆင်း လာပြီဖြစ်၍ ကုန်တင်ယာဥ်ကြီးများ
စတင်ဖြတ်သန်းသွားလာနိုင်ပြီ ဖြစ်ကာ လမ်းပေါ်ရေများတင်ကျန်ရှိမှု မရှိစေရေး
သက်ဆိုင်ရာတာဝန်ရှိသူများက ဆက်လက်ဆောင်ရွက် ပေးလျက်ရှိကြောင်း သိရသည်။
.

No comments:
Post a Comment