.
၂၀၂၆ ခုနှစ်၊ နိုဝင်ဘာလ ၁၅ ရက်
.
တောင်ကြီးမြို့၊ အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်းအနီးရှိ
လမ်းအပေါက် ဖြစ်ပေါ်နေသည့် ဘုရင့်နောင် လမ်းပေါ်တွင် ယာယီသစ်သားတံတား ပြန်လည်တည်ဆောက်လျက်
ရှိကြောင်း သိရသည်။
.
.
ဘုရင့်နောင်လမ်းပေါ်ရှိ ရေထုတ်မြောင်းသည် မိုးသည်းထန်စွာ
ရွာသွန်းမှုကြောင့် ကမ်းကပ်ခုံ ရေတိုက်စားကာ တံတားကျွံကျ ပျက်စီးပြီး လမ်းအပေါက် ဖြစ်ပေါ်ခဲ့ခြင်းဖြစ်ကြောင်း
သိရသည်။
.
ယင်းကဲ့သို့ တံတားကျွံကျ ပျက်စီးနေသည့်နေရာတွင် တန်ဆောင်တိုင်ပွဲတော်ကာလအတွင်း
ယာဉ်ကြောပိတ်ဆို့မှု မဖြစ်ပွားစေရေးအတွက် မြို့နယ်စည်ပင်သာယာရေးဌာနက ယာယီသစ်သားတံတားအား
အမြန်တည်ဆောက်နေခြင်း ဖြစ်ကြောင်း သိရသည်။
.
အဆိုပါ ယာယီ သစ်သားတံတားပေါ်သို့ ခွင့်ပြုတန်ချိန်
၃ တန်အထိ ဖြတ်သန်းသွားလာနိုင်မည်ဖြစ်ပြီး တန်ဆောင်တိုင် ပွဲတော်ကာလ ပြီးဆုံးပါက တံတားအသစ်
ပြန်လည်တည်ဆောက်သွားမည်ဖြစ်ကြောင်း သိရသည်။
.

No comments:
Post a Comment