ထိုင်း Gen Z တွေ ပညာရေးပြုပြင်ပြောင်းလဲရေး တောင်းဆို - Kanbawza Tai News

Kanbawza Tai News

www.kbztainews.com

Breaking

Advertisement

Advertisement
GAZE Amusement

Saturday, November 21, 2026

ထိုင်း Gen Z တွေ ပညာရေးပြုပြင်ပြောင်းလဲရေး တောင်းဆို

.

၂၀၂၆ ခုနှစ်၊ နိုဝင်ဘာလ ၂၁ ရက်

.

ထိုင်းနိုင်ငံ ဘန်ကောက်မြို့ ဒီမိုကရေစီအထိမ်းအမှတ်ကျောက်တိုင်အနီးမှာ သောကြာနေ့မွန်းလွဲပိုင်းက လူငယ်နဲ့ ကျောင်းသားတွေ စုဝေးဆန္ဒပြပြီး ပညာရေးပြုပြင်ပြောင်းလဲရေး၊ ကျောင်းသားအခွင့်အရေး ပိုမိုရရှိရေးနဲ့ ထိုင်းနိုင်ငံရဲ့ နိုင်ငံရေး၊ စီးပွားရေးစနစ်တွေ ပြောင်းလဲရေး တောင်းဆိုခဲ့ကြပါတယ်။

.

.

“We Are Students” ကျောင်းသားအဖွဲ့နဲ့ “Gen Z Mob” အဖွဲ့ဝင်တွေ ပူးပေါင်းပြုလုပ်တဲ့ ဆန္ဒပြပွဲကို မွန်းလွဲ ၃ နာရီ ခန့်မှာ စတင်ခဲ့ပြီး မွန်းလွဲပိုင်းတစ်လျှောက် ဆန္ဒပြသူတွေ ဆက်လက်ရောက်ရှိလာခဲ့ပါတယ်။

.

ဒီမိုကရေစီအထိမ်းအမှတ်ကျောက်တိုင်ကို မြေအောက်ရထားလမ်း ဖောက်လုပ်ရေးကြောင့် ခြံစည်းရိုးခတ်ထားတာ ကြောင့် ရတ်ချာဒမ်နန်လမ်းပေါ်က Satri Witthaya ကျောင်းအပြင်ဘက် McDonald’s အနီးမှာ စင်မြင့်တည်ဆောက် ပြီး ဆန္ဒပြခဲ့ကြပါတယ်။

.

ဆန္ဒပြသူတွေက အဓိကတောင်းဆိုချက် ၄ ချက် ထုတ်ပြန်ခဲ့ပြီး အရည်အသွေးကောင်းတဲ့ ပညာရေးကို တန်းတူရရှိရေး နဲ့ ပညာရေးမညီမျှမှု အဆုံးသတ်ရေး၊ ကျောင်းတွေမှာ ဒီမိုကရေစီနဲ့ ကျောင်းသားအခွင့် အရေးတွေ ပြန်လည်ရရှိရေး၊ လူငယ်တွေကို သူတို့ရဲ့အနာဂတ်နဲ့ပတ်သက်တဲ့ ဆုံးဖြတ်ချက်တွေမှာ ပိုမိုပါဝင်ခွင့်ပေးရေးတို့ ပါဝင်ပါတယ်။

.

စတုတ္ထတောင်းဆိုချက်မှာတော့ အရင်းရှင်စီးပွားရေးအတွက် အလုပ်သမားတွေ ထုတ်လုပ်ပေးဖို့သာ ရည်ရွယ်ထားတဲ့ ပညာရေးစနစ်ကို ကန့်ကွက်ပြီး ဝေဖန်စဉ်းစားနိုင်မှု၊ မေးခွန်းထုတ်နိုင်မှုနဲ့ လူမှုအပြောင်းအလဲကို ဖော်ဆောင်နိုင်မယ့် ပညာရေးဖြစ်ဖို့ တောင်းဆိုခဲ့ကြပါတယ်။

.

ဒါ့အပြင် အစိုးရက အခွန်ငွေတွေ သုံးစွဲပုံ၊ သဘာဝပတ်ဝန်းကျင်ပြဿနာတွေကို ကိုင်တွယ်ပုံ၊ လက်ဝါးကြီးအုပ် အရင်းရှင်စနစ်နဲ့ အစိုးရနဲ့ စီးပွားရေးလုပ်ငန်းကြီးတွေရဲ့ ဆက်ဆံရေးတွေကိုလည်း ဝေဖန်ခဲ့ကြပါတယ်။ အနည်းဆုံး လုပ်ခလစာနဲ့ ကုန်ကျစရိတ်မြင့်တက်လာမှုလို အလုပ်သမား ရေးရာကိစ္စတွေကိုလည်း တောင်းဆိုချက်တွေထဲမှာ ထည့်သွင်းခဲ့ပါတယ်။

.

နိုင်ငံရေးတက်ကြွလှုပ်ရှားတဲ့အဖွဲ့တစ်ဖွဲ့ဖြစ်တဲ့ Politika Run Club အဖွဲ့ဝင်တွေကလည်း Rommaninat Park ကနေ ဒီမိုကရေစီအထိမ်းအမှတ်ကျောက်တိုင်အထိ ပြေးလာပြီး ဆန္ဒပြပွဲမှာ ပူးပေါင်းခဲ့ကြ ပါတယ်။ ညနေပိုင်းမှာတော့ မျှော်မှန်းထားတာထက် ပူးပေါင်းပါဝင်သူများလာတာကြောင့် ဒီမိုကရေစီ အထိမ်းအမှတ်ကျောက်တိုင်အနီး ရတ်ချာ ဒမ်နန်လမ်းမှာ ယာဉ်ကြောပိတ်ဆို့ခဲ့ပြီးမော်တော်ယာဉ်တွေ ရှောင်ရှားသွားလာဖို့လည်း အသိပေးခဲ့ရပါတယ်။

.

Ref – Khaosod

.

No comments:

Post a Comment

Pages