ကမ္ဘောဇတိုင်းမီဒီယာ တည်ထောင်ရခြင်း၏ မူဝါဒနှင့် ရည်ရွယ်ချက်များ - Kanbawza Tai News

Kanbawza Tai News

www.kbztainews.com

Breaking

Thursday, September 25, 2025

ကမ္ဘောဇတိုင်းမီဒီယာ တည်ထောင်ရခြင်း၏ မူဝါဒနှင့် ရည်ရွယ်ချက်များ


၁။           ကမ္ဘောဇတိုင်းမီဒီယာ ကို ရှမ်းပြည်နယ်၌ အခြေစိုက်၍ သတင်းမီဒီယာလုပ်ငန်းများကို ဆောင် ရွက်သွားမည် ဖြစ်ပြီး မူဝါဒနှင့် ရည်ရွယ်ချက်များကို သတ်မှတ် ထားရှိပါသည်။

မူဝါဒများ

၂။            ကမ္ဘောဇတိုင်း မီဒီယာသည် သတင်းများတင်ဆက်ထုတ်လွှင့်ရာတွင် အမြဲတမ်း လိုက်နာဆောင်ရွက် ရန်အတွက် သတင်းဌာန၏ မူဝါဒကို အောက်ပါအတိုင်း သတ်မှတ်ပါသည် -

               (က)  ကမ္ဘောဇတိုင်းမီဒီယာသည် သတင်းမီဒီယာဥပဒေ၊ သတင်းမီဒီယာ ကျင့်ဝတ်အပြင် တည်ဆဲ ဥပဒေများနှင့် အညီ နိုင်ငံတော်အစိုးရ၊ ပြန်ကြားရေးဝန်ကြီးဌာန၊ ရှမ်းပြည်နယ် အစိုးရနှင့် မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီတို့က အခါအားလျော်စွာ ချမှတ်ထားသော အမိန့်နှင့် ညွှန်ကြားချက်များကို လိုက်နာ၍ ရေးသား ထုတ်လွှင့် တင်ဆက်သွားပါမည်။

               (ခ)    ဘက်လိုက်မှုကင်းစွာဖြင့် တိကျ မှန်ကန်၍ အဆိပ်အတောက်ကင်းသော သတင်းအချက် အလက်များကိုသာ သတင်းဖတ်ရှုသူ ပြည်သူလူထုထံ တင်ဆက်သွားမည် ဖြစ်ပြီး သတင်း ဌာန ရေရှည် ရပ်တည်နိုင်ရေးအတွက် ကြော်ငြာထည့်ဝင်မှုများမှ ရရှိသည့် ငွေကြေးမှ အပ အခြားသော အခွင့်အရေးများ၊ ငွေကြေးနှင့် တံစိုးလက်ဆောင်များကို ရယူခြင်း မပြုရန် သတ် မှတ်ထားရှိပါသည်။

               (ဂ)    သတင်းဌာနအတွင်း အကြောင်းအမျိုးမျိုးကြောင့် အငြင်းပွားဖွယ်ရာ ကိစ္စရပ်များ ရှိလာပါက ပြန်ကြားရေးဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီထံ တင်ပြ၍ အကြံဉာဏ် များ တောင်းခံသွားမည် ဖြစ်ပြီး ယင်းအကြံပြု ညွှန်ကြားချက်များအပေါ် မူတည်၍သာ အယ်ဒီတာအဖွဲ့က ဆုံးဖြတ် အတည်ပြုသွားပါမည်။

ရည်ရွယ်ချက်

၃။           ကမ္ဘောဇတိုင်း မီဒီယာသည် တည်ထောင်ရာတွင် သော်လည်းကောင်း၊ သတင်းများ ထုတ်လွှင့် တင် ဆက် ရာတွင် သော်လည်းကောင်း အောက်ပါအတိုင်း ရည်ရွယ် လုပ်ဆောင်သွားပါမည် -

               (က)  ရှမ်းပြည်နယ်ဒေသတွင်းရှိ ပြည်သူများ၏ သတင်း သိပိုင်ခွင့်ကို တတ်စွမ်းသမျှ ဖြည့်ဆည်း ‌ဆောင်ရွက်နိုင်ရန်။

               (ခ)    ရှမ်းပြည်နယ်ဒေသအတွင်း သတင်းမီဒီယာ အခန်းကဏ္ဍကို တစ်ဘက်တစ်လမ်းမှ မြှင့်တင် နိုင်ပြီး ပြည်သူလူထု၏ အားကိုး အားထားပြုရာ မီဒီယာအဖြစ် ဆောင်ရွက်နိုင်ရန်။

               (ဂ)    သတင်းတု၊ သတင်းမှားများနှင့် ပုံဖျက်ထားသော သတင်းများ၏ အန္တရာယ်ကို ပြည်သူများ သိရှိ ရှောင်ရှားနိုင်ပြီး တိကျမှန်ကန်သော သတင်းအချက်အလက်များကို ပိုမို သိရှိနိုင်စေရန်။

               (ဃ)  ရှမ်းပြည်နယ် ဒေသတွင်း သတင်းအကြောင်းအရာများ အပြင် စာဖတ်သူ ပြည်သူများ အကျိုး ရှိစေမည့် ပြည်တွင်းသတင်းနှင့် ပြည်ပသတင်းများ၊ ဆောင်းပါးများကိုလည်း တင်ဆက် သွားရန်။

၄။           အကြောင်းအမျိုးမျိုးကြောင့် သတင်းဌာန၏ မူဝါဒနှင့် ရည်ရွယ်ချက်များကို ပြင်ဆင် ဖြည့်စွက်ရန် လိုအပ်ပါက အယ်ဒီတာအဖွဲ့မှ စည်းဝေး ဆုံးဖြတ်၍ ပြန်ကြားရေးဝန်ကြီးဌာနသို့ တင်ပြ၍ အတည်ပြုချက် ရယူရမည် ဖြစ်ပါ သည်။


 

 

                                                                                                                          အယ်ဒီတာချုပ် 

No comments:

Post a Comment

Pages